မြန်မာ အစိုးရ က Time မဂ္ဂဇင်း ကို ကန့် ကွက် ရှုံ့  ချ ပြီး ၉၆၉ ကို အကာအကွယ်ပေး

FNG  ၊      ၊မြန်မာအစိုးရ က အမေရိကန် နိုင်ငံ ထုတ်  Time မဂ္ဂဇင်း ၏ မျက်နှာဖုံး နှင့် မျက် နှာ ဖုံး ဆောင်း ပါး
တွင် ဆရာ တော် မစိုးရိမ် တိုက်သစ် ဆရာတော်  ဦးဝီရသူ နှင့် ပတ်သက်ပြီး
ရေးသား ဖော်ပြ ချက် ဖြစ်သည့် “THE FACE OF BUDDHIST TERROR”
အား ကန့် ကွက် ရှုံ့ ချ လိုက် ပြီး ၊ ၉၆၉ အမှတ် တံဆိပ် သည်  ဗုဒ္ဓသာသနာကို ကိုယ်
စား ပြု သည့် ငြိမ်းချမ်း ရေး သင်္ကေတ ဟု ထုတ် ဖော် ပြော ကြား လိုက်
သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး၊ ဗုဒ္ဓတရားတော်၏
ဂုဏ်တော်(၆)ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် (၉)ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့
ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး
ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင်မည့်
နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက
အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

Time မဂ္ဂဇင်း က ဖော် ပြ ထား မှု နှင့် ပတ်သက် ပြီး လည်း နှစ်ပေါင်းထောင်ချီ၍ တည်
တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်
အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား
အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

မြန်မာ နို်င်ငံရေး အတိုက်အခံ အချို့  ၊ ထင်ရှား သူများ၊ ရဟန်း သံ ဃာ တော်များ အ ပါ အ၀င်
ပွင့်လင်း လွတ် လပ် အမြင် ရှိသူ များ က ၉၆၉ လှုပ်ရှား မှု ကို ဝေဖန် နေ ချိန် တွင် မြန်မာအစိုး
ရ က ၉၆၉ အမှတ် တံဆိပ် နှင့် ပတ်သက် ပြီး ကာကွယ် ပြော ဆို လိုက် ခြင်း ဖြစ်သည်။

မြန်မာ အစိုးရ ၏ သတင်း ထုတ် ပြန် မှု နှင့် ပတ်သက် ပြီး ဝေဖန် မှု များ ရှိ နေကာ ၊ ရန်ကုန်
မြို့  မှ သတင်း အယ်ဒီတာ တစ်ဦး က မြန်မာ အစိုးရ က အတိုက် အခံ တွေ ကို ထည့် တွက်
မယ့် ပုံ မပေါ် တာ ထင် ရှား တယ်။ ဒေါ် စု တို့  က သမ္မတ ကြီး ကို ယုံ တယ် ဘာညာ ပြော
ကြတယ်။ ၈၈ က လည်း လက်တွဲ ဆောင် ရွက် မယ် တို့  ပြောတယ်။ ဒါပေမယ့် မြန်မာ အစိုး
ရ က ဘယ်သူ မှ ဂရုမစိုက်ဘူး ဆို တာ ကို ၉၆၉  ကို ကာကွယ် ပြော ဆို မှု မှာ အထင် အရှား
ပြ လိုက် တာ ဖြစ်တယ်။

တစ်ဖက် မှာ လည်း ၉၆၉ နဲ့  ပတ်သက် သူ တွေ က အတိုက် အခံ တွေ ကို ဝေဖန် တာ ရှိ တဲ့
အတွက် ၉၆၉ ကို အား ဖြည့် ပေး လိုက် တဲ့ သဘောပဲ လို့  သူ က ပြောသည်။ 

၉၆၉ ဟာတစ်ချိန် မှာ လက် ရှိ အာဏာရ ကြံ့ ခိုင် ဖွံ့  ဖြိုးရေး ပါတီ ရဲ့  ကျောထောက် နောက်ခံ
နဲ့  ၀ံသာနု အခြေ ခံ ပါတီ လို  မျိုး ဖွဲ့  ဖို့  ရှိတယ် လို့  လဲ သတင်း များ  ထွက် ပေါ် လျှက် ရှိသည်။

ပြည်ပ ထင်ရှား တဲ့ တက်ကြွ လှုပ်ရှား သူ ကိုမိုးသီးဇွန် က တော့ ” မြန်မာ အစိုးရ အဖွဲ့  တွင်း မှာ
ဘာသာရေး အစွန်းရောက် တွေ ကြီးစိုးထားတယ် ” ဟု သုံးသပ်သည်။

လေ့လာသူ များ က မြန်မာ အစိုးရ ကိုယ် တိုင် ၉၆၉ လှုပ်ရှား မှု များ ကို ပံ့ပိုး လျှက်
ရှိ နိုင် သည် ဟုာပြောသည်။

အမေရိကန် ပြည်ထောင်စု သို့  ရောက်ရှိ နေသည့် ပြည်ထောင်စု လွှတ်

တော် ဥက္ကဌ သူရ ဦးရွှေမန်း က မူ ၉၆၉ များ ကို နှိမ် နှင်း မည် ၊ ဖမ်း
ဆီး မည် ဟု ၀ါရှင်တန် တွင် ပြောကြား ခဲ့သည်။

Advertisements

2 responses to “မြန်မာ အစိုးရ က Time မဂ္ဂဇင်း ကို ကန့် ကွက် ရှုံ့  ချ ပြီး ၉၆၉ ကို အကာအကွယ်ပေး

  1. မြန်မာနိုင်ငံသည် ဗုဒ်ဓ ဘာသာနိုင်ငံ ၉၆၉ ဘာသာရေးအမှတ်အသားကိုအရေးမထားလို ၇၈၆ အရေးပေးရမှာလား ကလမကြီးသားတွေရဲ့

  2. “Buddhism never was terrorism because it has always hold Love(Myit Tar),Kindness(Ga Yu Nar),Sympathy enrich (Mu Di Tar) & Careless (U Pack Khar) on the hated and Four Nobble truths(Hdote Kha Thi Sar,Tha Mu Da Ya Thit Sar,Mat Ga Thit Sar & Ni Yaw Da Thit Sar) are Buddhism’s universal truth(Pa Ra Mat Hta) and so,we shall faith for the real sons(Monks) of Buddha that they never are terrors”.

Comments are closed.