စနိုဒင် ကို ရုရှား က လည်း ခိုလှုံ ခွင့် ပေး မယ်

FNG အမေရိကန် အစိုးရ ရဲ့ စုံစမ်း ထောက်လှမ်းမှု မှတ်တမ်း တွေ ကို ဖော် ထုတ် ဖွင့် ချ ခဲ့ တဲ့
စီအိုင်အေ က နည်းပညာ လုံခြုံရေး ကွန်ပျုတာ ပညာရှင် အက်ဒွပ် စနိုဒင် ဟာ တနင်္ဂနွေ
နေ့  က ဟောင်ကောင် Chek Lap Kok လေဆိပ် က နေ ထွက် ခွာ ခဲ့ ပြီး ရုရှား နိုင်ငံ မော်စကို
ရှားမီးတိုင်ယက်ဗို လေဆိပ်  ကို ဆိုက်ရောက် ခဲ့ ပါတယ်။

သူ့  ကို အီကွေဒေါ နိုင်ငံ သံရုံး နံပါတ် ပြား ကပ် ထား ပြီး ၊ အီကွေ ဒေါ အလံ လွှင့် ထား တဲ့
ကား က လာ ကြို ခဲ့ ပြီး နောက် လူ မြင် ကွင်း က နေ ပျောက်ခြင်း မလှ ပျောက် ခဲ့ တယ်
လို့  လေဆိပ် မှာ အသင့် သတင်း ယူ နေတဲ့ သတင်း ထောက် တစ်ဦး က ဂါးဒီးယန်း သတင်း
စာ ကို ပြော ပါတယ်။

စနိုဒင်  တရုတ် နိုင် နဲ့  နိုင်ငံ တကာ လေကြောင်း ပိုင် နက် က နေ ထွက် ခွာ ပြီး တဲ့ နောက်
မှာ “ဟောင်ကောင် ကျွန်း မှာ မရှိ တော့ ဘူး လို့  ဟောင် ကောင် အာဏာ ပိုင် တွေ က
South China Morning ကိုပြောပါတယ်” ။

အမေရိကန် က အမြန် ဆုံး လွှဲ ပေး ဖို့  တောင်း ဆို နေတဲ့ ကြား က ဟောင်ကောင် အာဏာပိုင်
တွေ က အသက် ၃၀ အရွယ် အက်ဒွပ် စနိုဒင် မရှိ တော့ ဘူး ပြော တာ ဖြစ် ပါတယ်။

တနင်္ဂနွေ မနက် ၁၁ နာရီ ထိုး ဖို့  မိနစ် အနည်း ငယ် အလို လောက်
မှာ ဟောင်ကောင် လေဆိပ် က နေ အဲ ရို ဖလုပ် လေကြောင်း လိုင်း နဲ့ 
ရုရှား ကို ထွက် သွား တာ ပါ လို့  ဆို ပါတယ်။

သူ လိုက် ပါ လာ တဲ့ လေယာဉ် ဟာ တနင်္ဂနွေ နေ့  ညနေ ငါး နာရီ ကျော်
လောက် မှာ ရုရှား နိုင် ငံ ရှားမီး တိုင်ယက်ဗို လေဆိပ် ကို ရောက် မှာ ဖြစ် ပါတယ်။

ရုရှား ဟာ စနိုဒင် ရဲ့  နောက်ဆုံး ခရီးစဉ် မဟုတ် ပဲ သူဟာ အိုက်လန်း
သို့  မဟုတ် အီကွေ ဒေါ ကို ခရီး ဆက် မယ် လို့  သတင်း တွေ မှာ
ဖော်ပြထား ပါတယ်။

အမေရိကန် နိုင်ငံ ခြားရေးဌာန က ပေးစာ ပြန်စာ တွေ ကို ဖွင့် ချ တဲ့
ဝီကီလိခ် တည်ထောင် သူ ဂျူလီယန် အဆန် က တော့ စနိုဒင် ကို အီ
ကွေဒေါ နိုင်ငံ မှာ ခိုလှုံ ခွင့် ရရှိ အောင် ကူညီ ခဲ့ ပြီး အီကွေဒေါ နိုင်ငံ
ခြား ရေးဝန်ကြီး က လည်း ခိုလှုံ ခွင့် ပြု ခဲ့ ပါတယ်။

ရုရှား နိုင်ငံ ခြား ရေး ၀န်ကြီး ဆာဂျီ လာဗရောဗ် က စနိုဒင် သာ ခိုလှုံ
ခွင့် တောင်းမယ် ဆို ရင် ရုရှား နိုင်ငံ က လည်း ပေး မှာ ဖြစ် တယ် လို့ 
ဆို ပါတယ်။

အမေရိကန် နိုင်ငံ က စ နို ဒင် ရဲ့  နိုင်ငံ ကူး  လက် မှတ် ကို ပြန် လည် ရုတ်
သိမ်း လိုက် ပြီ လို့  သတင်း ထုတ် ပြန် ပါတယ်။

ရီပတ်ဘလီကန် ပါတီ က နေ သမ္မတ လောင်း အဖြစ် ၀င်ရောက် အရွေး
ခံ ခဲ့ တဲ့ လွှတ်တော် အမတ် ဒေါက်တာ ရွန် ပေါလ် ရဲ့  သား ဖြစ်သူ ကင်တပ်
ကီ လွှတ်တော် အမတ် ရန်ပေါလ် က  ” အမေရိကန် အမျိုးသား လုံ ခြုံရေး
အေဂျင်စီ (NSA) ၊  ထောက်လှမ်း ရေး အရှိ ချုပ် ဂျိမ်း(စ) ကလက် ပါ နဲ့ 
စနိုဒင် တို့  ကို သမိုင်း က အဆုံး အဖြတ် ပေး သွား မှာ ဖြစ် တယ် လို့  CNN
သတင်း ဌာန ကို ပြောပါတယ်။

Rand Paul က အမေရိကန် အစိုးရ ဟာ ပြည်သူ တစ်ဦး ချင်းစီ ရဲ့  လုံခြုံ မှု
ကို ချိုးဖောက် နေတဲ့ အတွက် တရား စွဲ ဆို မှု ပြု မှာ လို့  လဲ ပြောပါတယ်။

စနိုင်ဒင် ဟာ အမေရိကန် နဲ့  ဗြိတိသျှ တို့  က ပြည်သူ တို့  ရဲ့  တယ်လီဖုန်း
ခေါ် ဆို မှု မှတ်တမ်း တွေ ၊ ခေါ် ဆို မှု တွေ ကို စောင့် ကြည့် ခဲ့ တာ နဲ့  ပတ်
သက် ပြီး ဖော် ထုတ် ဖွင့် ချ ခဲ့ ပါတယ်။

အီကွေဒေါ နိုင်ငံ မှာ ခိုလှုံ မှု မပြု ခင် ရုရှား နိုင်ငံ မှာ ည အနည်း ငယ် နေမှာ
ဖြစ် ပြီး ကျုးဘား က တစ် ဆင့် အီကွေဒေါ  ကို ရုရှား လေကြောင်း လိုင်း နဲ့ 
ပဲ သွား မယ် လို့  သတင်း တွေ ထွက် ပေါ် နေ ပါတယ်။

Edward Snowden

Advertisements

One response to “စနိုဒင် ကို ရုရှား က လည်း ခိုလှုံ ခွင့် ပေး မယ်

  1. Pingback: MyanmarLatestNews » စနိုဒင် ကို ရုရှား က လည်း ခိုလှုံ ခွင့် ပေး မယ်·

Comments are closed.