အီတလီ ၀န်ကြီး ချုပ် ဟောင်း ဘလူစကို နီ ကို ထောင်ဒဏ် ၇ နှစ် ချမှတ်
အီတလီ ၀န်ကြီး ချုပ် ဆာဗီယာဘလူ စကို နီ ကို  ဒီ နေ့ မီလန် တရား ရုံး က နေ ထောင်ဒဏ်
၇ နှစ် နဲ့  တစ်သက်တာ နိုင်ငံ ရေး လုပ် ခွင့် ကို တား ဖြစ် ပိတ် ပင် လိုက် ပါ တယ်။ အသက်
၇၆ နှစ် အရွယ် ရှိ တဲ့ ဘာလူ စကို နီ ဟာ မီလန် မြို့  က ဘွန်ဂါ ဘွန်ဂါ ဆို တဲ့ Sex Parties
တွေ မှာ အသက် မပြည့် သေးတဲ့ အမျိုး သမီး ကို ငွေ ကြေး ပေး ပြီး လိင် ဆက် ဆံ မှု အာဏာ
ကို အလွဲ သုံးစား လုပ် မှု တွေ နဲ့  ထင် ရှား တဲ့ အပြစ် ရှိ ကြောင်း အမျိုးသမီး သုံးဦး ပါ
တရား သူ ကြီး တွေ က အ မိန့်  ချ လိုက် တာ ဖြစ် ပါတယ်။
ဒီအမှု နဲ့  ပတ် သက် ပြီး တရား ရုံး က နေ ထွက် လာ တဲ့ ဘာလူ စကို နီရဲ့  ရှေ့ နေ က  အီတလီ
ဘာသာ စကား နဲ့ သူ အလျှော့ ပေး non mollare mai လို့  သတင်း ထောက် တွေ ကို ပြောပါတယ်။
ရှိ တယ်။ တခြား မြို့  က တရား ရုံး တစ်ခု ကို ပြောင်း စစ် မယ် လို့  ပြောပါတယ်။ အီတလီ နိုင်ငံ
ရဲ့  ဥပဒေ အရ တော့ ဒီအမှု ဟာ အယူခံခွင့် ရှိ ပါတယ်။
မော်ရိုကို ဖွား က ချေသည် Ruby Rubacuori နဲ့  လိင်ဆံ မှု ကို တရား ရုံး က အမိန့်  ချမှတ် မှု မပြု
ခင် မှာ တရား ရုံး က ဘွန်ဂါဂါ ပါတီ ကို တက်ခဲ့ တဲ့ အမျိုးသမီး ၃၀ ကျော် ကို လည်း စစ်ဆေး မေး
မြန်း ခဲ့ ပါတယ်။
တိုင်းပြည် ရဲ့  ဘဏ္ဍာရေး လိုငွေပြမှု ၊ အလုပ်လက်မဲ့ များပြား မှု တွေကြောင့် ထင်ရှား တဲ့ နိုင်
ငံရေး သမား တွေ ၊ သူ့  ရဲ့  မဟာမိတ် တွေ နဲ့  ပြည်သူ တွေ က သူ့  ကို နှုတ်ထွက် ပေး ဖို့  တောင်
ဆို မှု တွေ ကြောင့် ဆာဗီယာဘလူ စကို နီ ဟာ ၂၀၁၁ ခုနှစ် မှာ  အီတလီ ၀န်ကြီးချုပ် ရာထူး က နှုတ်
ထွက် လိုက် ရ  ပါတယ်။
အသက် ၇၆ နှစ် အရွယ် ရှိ ပြီ ဖြစ်တဲ့ ဘလူစကို နီ ဟာ အီတလီ နိုင်ငံ ရဲ့  အချမ်းသာ ဆုံး သူ တစ်
ယောက် လဲ ဖြစ်ပြီး နိုင်ငံ ရဲ့  မီဒီယာ နဲ့  စီးပွားရေး လုပ် ငန်း အများ စု ကို ပိုင် ဆိုင်ပါတယ်။
အီတလီ နိုင်ငံ ရဲ့  ဥပဒေ တွေ အရ အသက် ၇၀ ကျော် အရွယ် ပြစ်ဒဏ် ချ ခံ ရ သူ တွေ ကို ညှာ
တာ မှု ပေး တဲ့ အတွက် ချက် ခြင်း ကြီး တော့ ထောင်ဒဏ် ကျခံ ရ ဖွယ် မရှိ သေး ပါ ဘူး။
Berlusconi
Advertisements
One response to “အီတလီ ၀န်ကြီး ချုပ် ဟောင်း ဘလူစကို နီ ကို ထောင်ဒဏ် ၇ နှစ် ချမှတ်
  1. Pingback: MyanmarLatestNews » အီတလီ ၀န်ကြီး ချုပ် ဟောင်း ဘလူစကို နီ ကို ထောင်ဒဏ် ၇ နှစ် ချမှတ်·
Comments are closed.