မော်စီ ဆန့် ကျင် ရေး ဆန္ဒ ပြ ပွဲ အမေရိကန် တစ်ဦး အပါ အ၀င် ၇ ဦး သေဆုံး

သမ္မတ အဖြစ် တာဝန်ထမ်းဆောင် မှု တစ်နှစ် တာ ပြည့် မြောက် တဲ့ ကာ လ မှာ  အီဂျစ်
သမ္မတ မိုဟာမက် မော်စီ ကို နိုင်ငံ တ၀ှမ်း မှာ ဆန့် ကျင် ဆန္ဒ ပြ နေ ကြ ပါတယ်။ ယခင်
အာဏာရှင် သမ္မတ မူဘာရက် ကို ဖြုတ် ချ ဖို့  စုရုံး ခဲ့ တဲ့ မြို့  တော် ကိုင်ရို က တီဟီရ် ရင်
ပြင် မှာ ဆို ရင် ထောင် သောင်း ချီ တဲ့ လူ အုပ် ကြီး ပြည့် နှက် နေ ပြီး သူ တို့  က မော်စီ
နှုတ် ထွက် ပေး ဖို့  တစ်ညီ တစ် ညာ တည်း အော် ဟစ် ကာ ဆန္ဒ ပြ တောင်း ဆို နေ တယ်
လို့  ကိုင်ရို မြို့  က FNG သတင်း ထောက် က သတင်း ပေး ပို့  ပါတယ်။

Update : မြန်မာ စံ တော် ချိန် နံနက် ၁၂း၁၀

ဇူလိုင်လ ၁ ရက် တနင်္လာ နေ့  ညနေ မှာ အီဂျစ် စစ် တပ် က ထုတ်  ပြန် တဲ့ ကြေငြာချက်မှယ
သမ္မတ မိုဟာမက် မော်စီ နဲ့ 
အတိုက်အခံ နှစ် ဖွဲ့  စလုံး ၄၈ နာရီ အတွင်း  ဆွေး နွေး ဖို့ 
ကြေငြာချက် ထုတ် ပြန် လိုက်
ပါတယ်။ သမ္မတ မော်စီ က နိုင်ငံ မှာ လက် ရှိ ဖြစ် ပေါ် နေ
တဲ့ အကျပ်း အတည်း ကို ၄၈
နာရီ အတွင်း ဖြေရှင်း မှု မ လုပ် ဘူး ဆို ရင် စစ်တပ် အနေ နဲ့ 
တိုင်း ပြည် တည် ငြိမ် မှု ရ
အောင် ဆောင်ကျဉ်း မယ် လို့  ကြေ ငြာ ချက် မှာ ဖော် ပြထား ပါတယ်။

Update : မြန်မာ စံ တော် ချိန် ညနေ ၃ : ၄၅

အင်္ဂါ နေ့  နောက် ဆုံး ထား ပြီး သမ္မတ မိုဟာမက် မော်စီ နှုတ် ထွက် မပေး ဘူး ဆိုရင် ဆန္ဒ
ပြ မှု ကို ဦးဆောင်တဲ့  Rebel Campaign က နိုင်ငံ အနှံ့  မှ အထွေထွေ သပိတ် ဆင်နွှဲ
မယ် လို့  အဖွဲ့  ရဲ့  Facebook စာမျက် နှာ မှာ ဖော် ပြထား ပါတယ်။

ဆန္ဒ ပြ နေ တဲ့ လူ အုပ် ကြီး ထဲ မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၄ ရက် နေ့  က မော်စီ သမ္မတ အဖြစ်
ရွေးချယ် ခံ ရ စဉ် က အောင် ပွဲ ခံ ခဲ့ တယ့် လူ တွေ လဲ ပါတယ်။ ” မော်စီ အနိုင် ရ တဲ့ နေ့  က
ကျွန်တော် တို့  ဒီနေရာ မှာ ပဲ ဆန္ဒ ပြ ခဲ့ ကြ တာ ပဲ လေ။ မော်စီ က သူ ပေး ခဲ့ တဲ့ ကတိ တွေ
မတည် ဘူး ၊ သူ့  အာဏာ တိုး ပွား အောင် ပဲ လုပ် တယ် ၊ ဘာ အပြောင်း အလဲ မှ မလုပ် နိုင်
ဘူး ၊ ဒါ ကြောင့် ကျွန်တော် တို့  ဒီ နေရာ ကို တစ်ကျော့ ပြန် ရောက် လာ တာ ပဲ လို့  ကိုင်ရို
မြို့  ဆင် ခြေ ဖုံး က နေ လာပြီး ဆန္ဒ ပြ တဲ့ ဂါမဲလ် ဟူစိန် က FNG  ကို ပြောပါတယ်။

ဆန္ဒပြ နေတာ နဲ့  တစ်ဆက် တည်းမှာ ပဲ  Rebellion လို့  အမည်ရ တဲ့ ဆန္ဒ ပြ ဖို့  ဆော် သြ
သူ တွေ က လက် မှတ် ပေါင်း ၂၂ သန်း ကောက် ခံ ပြီး မော်စီ ကို ဖြုတ် ချ နိုင် ဖို့  လည်း စည်း
ရုံး လှုံ့  ဆော် ကြ ပါတယ်။

ဆင်း ရဲ မှု တွေ တိုး ပွား လာ တယ် ၊ ငွေ ကြေး ဖောင်း ပွ မှု တွေ က ကြောက် ခမန်းလိလိ ပဲ
မူဘာရက် ထဲ ဆိုး တဲ့ အခြေ အနေ ပေါ့  လို့  ဆန္ဒ ပြ သူ တစ်ဦး  က အယ်(လ) ဂျာဇီးယား
သတင်း ဌာ န ကို ပြောပါ တယ်။

နိုင်ငံ တ၀ှမ်း မှာ ဖြစ် ပွား နေတဲ့ ဆန္ဒ ပြ မှု တွေ အတွင်း မှာ အလက်ဇန္ဒြီး ယား မြို့  မှာ ဆို ရင်
မော်စီ ရဲ့  ပါတီ ကို ကျောထောက် နောက် ခံ ပေး ထား တဲ့ မွတ် ဆလင် ဘရားသား ဟုဒ် ရုံး
ချုပ် ကို မီးလောင် ဗုံး တွေ နဲ့  ပစ်ခတ် မှု တွေ ပါ ဖြစ် ပေါ် ခဲ့ ပါတယ်။

သောကြာ နေ့ က ဖြစ် ပွား ခဲ့ တဲ့ မော်စီ ဆန့်  ကျင် သူ တွေ နဲ့  ထောက်ခံ သူ တွေ ဖြစ် ပွား
တဲ့ ပဋိပက္ခ အတွင်း မှာ အသက် ၂၁ အရွယ် အမေရိကန် ကျောင်းသား အင်ဒရူး ပေါ်ချတာ
သေဆုံး ခဲ့ ပါတယ်။

ဆန္ဒ ပြ မှု တွေ ကို ဓာတ် ပုံ ရိုက် ကူး နေ စဉ် အတွင်း မှာ သေဆုံး ခဲ့ တာ ဖြစ် ပါတယ်။ သူ က
အီဂျစ် မှာ စေတနာ့ ၀န်ထမ်း ဆရာ အဖြစ် တာ ၀န် ထမ်း ဆောင် နေ သူ ဖြစ် ပါတယ်။

ကိုင်ရို က သမ္မတ နန်းတော် နဲ့  ဟယ်လီယို ပိုလစ် ရပ် ကွက် အတွင်း ဆန္ဒ ပြ မှု တွေ မှာ
လူ ၄ ဦး သေဆုံး ခဲ့ ပြီး အလက်ဇန္ဒြီးယား မှာ သေဆုံး သူ အပါ အ၀င် ဆို ၇ ဦး ရှိ သွား ပြီ
လို့  ကိုင် ရို က FNG သတင်း ထောက် က သတင်း ပေး ပို့ ပါတယ်။

မော်စီ က ဆန္ဒ ပြ သူတွေ ဟာ အမှား ကို ကျုးလွန် နေကြ တယ် လို့  ရုပ်သံ မိန့် ခွန်း မှာ ပြော
ခဲ့ ပြီး သူ တို့  တွေ ရဲ့  အမှား ကို ပြန် ပြင် ဆင် ဖို့  ကြိုးစား နေတယ် လို့  ဆို ပါတယ်။

မော်စီ ဟာ မူဘာရက် ခောတ် လွန် အီဂျစ် နိုင်ငံ မှာ ပြည်သူ က ရွေးကောက် တဲ့ သမ္မတ အဖြစ်
ပထမ ဦး ဆုံး ကြေငြာ ခံ ရသူ ဖြစ်ပါတယ်။

မိုဟာမက် မော်စီ ကတော့ မူဘာရက် အစိုးရ လက် ထက်
မှာ အာဏာ ဖီဆန် မှု နဲ့  မကြာခဏ ဖမ်းဆီး ထိမ်းသိမ်း ခံ ရ  ပြီး ၂၀၁၁ ခုနှစ် အီဂျစ် နိုင်ငံ မှာ လူ ထု
အုံကြွ မှု တွေ ဖြစ် ပွား နေစဉ် အတွင်း မှာ အကျဉ်းထောင် တွင်း ဖမ်းဆီး ထိမ်းသိမ်း ခံ ခဲ့ ရ ပြီး ဆန္ဒ
ပြသူ တွေ က ထောင် ဖောက် ပြီး နိုင်ငံ ရေး အကျဉ်း သား တွေ ကယ် ဆယ် တဲ့ အခါ  မော်စီ ဟာ
အချုပ် ခန်း ထဲ က ထွက် ပြေး ဖို့  ငြင်းဆန် ပြီး တရား စီရင် ရေး စနစ် ကို စိမ် ခေါ် ခဲ့ ပါတယ်။

လွန် ခဲ့ တဲ့ တစ် နှစ်ခန့်  က တော့ မော်စီဟာ သူ့  ကို ထောက်ခံ သူ တွေ ကို တီဟီရ် ရင်ပြင် မှာ
ပဲ မိန့် ခွန်း ပြောခဲ့ ပါတယ်။

ဆန္ဒ ပြသူ တွေ က မော်စီ ပြုတ် ကျ သည် ထိ ဆန္ဒ ပြ မယ် လို့  ဆို ပါတယ်။

2013-635082353969534519-953

Egypt, Mohamed Morsi, Protests

Advertisements

One response to “မော်စီ ဆန့် ကျင် ရေး ဆန္ဒ ပြ ပွဲ အမေရိကန် တစ်ဦး အပါ အ၀င် ၇ ဦး သေဆုံး

  1. Pingback: MyanmarLatestNews » မော်စီ ဆန့် ကျင် ရေး ဆန္ဒ ပြ ပွဲ အမေရိကန် တစ်ဦး အပါ အ၀င် ၇ ဦး သေဆုံး·

Comments are closed.