အီဂျစ် သမ္မတ သစ် ကျမ်း သစ္စာ ကျိန်ဆို ၊ မော်စီ ကို နေ အိမ် အကျယ် ချုပ် ချ

ဇူလိုင်လ ၃ ရက်နေ့  တွင် အီဂျစ် စစ်တပ် မှ အာဏာသိမ်း က သမ္မတ မိုဟာမက် မော်စီ ကို
ရာထူး မှာ ဖယ်ရှာ ပြီး အခြေခံ ဥပဒေ တရားရုံး ချုပ် တရားသူ ကြီး Adly Mansor ကို
ကြား ဖြတ် သမ္မတ အဖြစ် ခန့်  အပ်  ကြောင်း အီဂျစ် စစ်ဦးစီးချုပ် ခါလစ် အယ်(လ)
ဆီဆီ တိုင်း ပြည် ကို မိန့် ခွန်း ပြောရာ တွင် ထည့် သွင်း ပြောကြားသည်။

ဆီဆီ က မိုဟာမက် မော်စီ သည် ဆန္ဒပြ သူ များ နှင့် တွေ့ ဆုံ ဆွေးနွေး ညှို နှိုင်း ရန် ပျက် ကွက်
ခဲ့သည် ဟု  ဆိုသည်။

မော်စီ က သူသာ လျှင် တရားဝင် သမ္မတ ဖြစ်ကြောင်း ကြေငြာ ခဲ့ သော် လည်း ယနေ့ နံနက်
အစောပိုင်း တွင် သူ့  ကို နေ အိမ် အကျယ် ချုပ် ချထား ကြောင်း အီဂျစ် ကြားဖြတ် အစိုးရက
ကြေငြာ ခဲ့သည်။

မွတ်ဆလင် ညီ အကို တော် များ အဖွဲ့  မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ Rashad al-Bayoumi
နှင့် Freedom and Justice ပါတီ မှ ခေါင်း များ ကို ကိုင်ရို မြို့  စွန် ရှိ တိုရာ အကျဉ်းထောင်
တွင် ဖမ်းဆီး ထိမ်းသိမ်းထား သည်။  ထို အကျဉ်းထောင်သည် ယခင် အီဂျစ် သမ္မ တ ဟောင်း
ဟိုစနီ မူဘာရက်(ခ) ကို ဖမ်းဆီး ထိမ်းသိမ်း ထား ရာ ဖြစ်သည်။

အီဂျစ် စစ်တပ် ၏ အခြေခံ ဥပဒေ ကို ခေတ္တရပ် စဲ ပြီး ၊ နိုင်ငံ ရေး လမ်း ပြ မြေ ပုံ ကို အတိုင်း
အီဂျစ် နိုင်ငံရေး ကို အကောင် အထည် ဖော် မည် ဖြစ် ကြောင်း ပြော ကြား ချက် ကို အီဂျစ်
နိုင်ငံ တ၀ှမ်း ဆန္ဒ ပြ နေ သူများ က ကြို ဆို ကြသည်။

မော်စီ အား ရာ ထူး မှာ ဖယ်ရှား သည့် သတင်း ကို  ကိုင်ရို တွင် ဆန္ဒပြ သူ များ က မီးရှုး မီးပန်း
များ ပစ် ဖောက် ကာ ကြို ဆို ကြသည်။

ယနေ့  နေ့  လည် တွင် ယခင် သမ္မတ မူဘာရက်(ခ) လက် ထက် က တရား သူ ကြီး ချုပ် အဖြစ်
တာဝန် ထမ်းဆောင် ခဲ့ ပြီး ယခု အခြေခံ ဥပဒေ ခုံ ရုံး တရားသူ ကြီး ချုပ် အဖြစ် တာဝန် ထမ်း
ဆောင်သူ အက်ဒလီ မန်ဆွာ က ကျမ်းသစ္စာ ကျိန် ဆိုသည်။

အီဂျစ် သမ္မတ မိုဟာမက် မော်စီ ရာထူး မှာ ဖယ်ရှား ခံ ခြင်း နှင့် ပတ်သက်ပြီး ဆီးရီးယား
သမ္မတ ဘာရှား အယ်(လ) အာဆဒ် က “နိုင်ငံရေး နဲ့  ဘာသာရေး ရောထွေး တဲ့ ရလဒ် ပဲ”
ဟု ပြောကြား ခဲ့သည်။

လေးရက် ကြာ ဆန္ဒ ပြ မှု အတွင်း ၃၂ ဦး သေဆုံးသည် ဟု အီဂျစ် ရုပ်သံ သတင်း Nile TV
က သတင်း ထုတ် ပြန်သည်။

Morsi, Egypt D’ tat, Protests

Advertisements

One response to “အီဂျစ် သမ္မတ သစ် ကျမ်း သစ္စာ ကျိန်ဆို ၊ မော်စီ ကို နေ အိမ် အကျယ် ချုပ် ချ

  1. Pingback: MyanmarLatestNews » အီဂျစ် သမ္မတ သစ် ကျမ်း သစ္စာ ကျိန်ဆို ၊ မော်စီ ကို နေ အိမ် အကျယ် ချုပ် ချ·

Comments are closed.