မော်စီ ထောက်ခံ သူ တွေ ကို အီဂျစ် စစ်တပ် က ပစ် လို့  သုံးဦးသေ

ရာထူးက နေ ဖယ်ရှားခံ ရတဲ့ အီဂျစ် သမ္မတ မိုဟာမက် မော်စီ ကို ထောက်ခံ ဆန္ဒပြ သူ တွေ
ကို အီဂျစ် စစ်တပ် က ပစ် လို့  တစ်ဦး သေဆုံး ကာ အများ အပြား ဒဏ် ရာ ရရှိ ခဲ့ ပါတယ်။

မနေ့  က မွတ် ဆလင် ဘရားသား ဟုဒ် နဲ့  တခြား အစ္စလာမ်မစ် အဖွဲ့  တွေ က နေ ထောက်ခံ
ဆန္ဒ ပြ ဖို့  နှိုးဆောင် ပြီး ကိုင် ရို နဲ့  အခြား မြို့  တွေ မှာ သောကြာ နေ့  ဗလီ ၀တ် ပြု ပြီး ချိန် ဆန္ဒ
ပြမှု တွေ ပေါ် ပေါက်  လာတာ ဖြစ်  ပါတယ်။

ဆန္ဒ ပြ သူ တွေ ဟာ မော်စီ ရှိမယ် လို့  ယူဆ ရ တဲ့ နေရာ ဖြစ် တဲ့ သမ္မတ အစောင့် တပ် ဖွဲ့  နေရာ
ကို ၀င်ရောက် ဖို့  ကြိုးစား မှု မှာ စစ်တပ် က မျက် ရည်ယို ဗုံး တွေ လက် ပစ် ဗုံး တွေ နဲ့  ပစ်သတ်
လို့  သေဆုံး ခဲ့ တာ ဖြစ် ပါတယ်။

ကြား ဖြတ် အစိုးရ က အီဂျစ် မွတ်ဆလင် တွေ ထိမ်း ချုပ် ထား တဲ့ အထက် လွှတ်တော် ကိုလည်း
ဖျက် သိမ်းခဲ့ ပါတယ်။ အစ္စလာမ် ဓလေ့ထုံး တမ်း တွေ ကို အလေး ပေးထား တဲ့ အခြေခံ ဥပဒေ
ကို ဖျက် သိမ်း ပြီး နောက် မှာ မော်စီ နဲ့  မွတ်ဆလင် ညီ အကို တော် များ အဖွဲ့  က ခေါင်းဆောင်
၃၅ ဦးကို လည်း ပြည်ပ ထွက် ခွင့် ပိတ် ပင် ပြီး ဆန္ဒ ပြ သူတွေ သေဆုံး မှု အတွက်
စတင် စစ်ဆေး နေ ပြီ ဖြစ် ပါတယ်။

စစ်တပ် က ပစ်ခတ် ရာ မှာ ဘီဘီစီ သတင်း ထောက် ဂျရမီ ဘရောင်း လည်း ထိခိုက် ဒဏ်ရာ
ရရှိ ခဲ့ ပါတယ်။

Advertisements

One response to “မော်စီ ထောက်ခံ သူ တွေ ကို အီဂျစ် စစ်တပ် က ပစ် လို့  သုံးဦးသေ

  1. Pingback: MyanmarLatestNews » မော်စီ ထောက်ခံ သူ တွေ ကို အီဂျစ် စစ်တပ် က ပစ် လို့  သုံးဦးသေ·

Comments are closed.