မာလလာ ကုလ မှာ မိန့် ခွန်းပြော

အသက် ၁၆ နှစ် ပြည့် မွေး နေ့  ပွဲ တွင် ယမန် နှစ် က တာလီဘန် တို့  ၏ လုပ် ကြံ သတ် ဖြတ်
ခြင်း မှ အသက် မသေ ဘဲ လွတ် မြောက် လာခဲ့ သည့် မာလလာ ယိုဆာဇီ က နယူးယောက်ရှိ
ကုလ သမဂ္ဂ ဌာန ချုပ် တွင် မိန့်  ခွန်း ပြောကြား သည်။

နိုင်ငံ တကာ စာတတ် မြောက် ရေး လှုပ်ရှား မှု အတွက် မာလလာ က စာတတ် မြောက် ဖို့  နှင့်
ပညာရေး သည် ဘ၀ များ စွာ ကို ပြောင်းလဲ နိုင်သည် ဟု မိန့် ခွန်း တွင် ပြေကြား ခဲ့သည်။

ထို အခမ်း အနား သို့  ကုလ သမဂ္ဂ အထွေ ထွေ အတွင်း ရေး မှုး ချုပ် မစ္စတာ ဘန်ကီမွန်း
လဲ တက် ရောက် ခဲ့သည်။

ခိုင်ဘာ တောင်ကြား လမ်း နှင့် ဆက်နေသည့် ပါကစ္စတန် အနောက် မြောက် ရှိ ဆွတ် ဗယ်လီ တောင်
ကြား ဒေသ တွင် နေ ထိုင်သည့် မာလလာ သည် အသက် ၁၁ နှစ် အရွယ် ကတည်း က ပညာရေး
လွတ်လပ် မှု လှုပ်ရှား တက်ကြွ မှု များ တွင် ဦးဆောင်ခဲ့ သည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား
တက်ကြွ သူ  ဖြစ်သည်။

ဆယ်ကျော် ပညာရေး တက်ကြွ လှုပ်ရှား သူ မာလလာ သည် အသက် ၁၁ နှစ် အရွယ် ကတည်း က
လျှို့  ၀ှက် နာမည် သုံး ပြီး ပါကစ္စတန် မိန်းကလေး များ ပညာရေး အခွင့် အရေး အတွက်ဘလောက်စတင်
ရေးသား ခဲ့ ပြီး BBC စသည့် အင်တာနက် သတင်းစာမျက် နှာ များ တွင်  ပညာရေး လွတ် လပ်ခွင့် နှင့်
အမျိုး သမီး များ ပညာရေး အကြောင်း ရေး သား ခဲ့ ၍ တာလီဘန် အဖွဲ့  က သူ့  ကို အညိုးထား သည်။

အောက်တိုဘာလ ၉ ရက်နေ့ တွင် ကျောင်းဘတ်(စ) ကား ဖြင့် အိမ် ပြန်လာသည့် မာလလာ ကို မျက်
နှာ ဖုံး စွပ်ထား သည့် အစွန်းရောက် သေနတ် သမား တစ်ဦး က ဘတ်(စ)ကား ကို တား ကာ မင်းတို့ 
ထဲ မှာ မာလလာ ဆိုတာ ဘယ်သူ လဲ ဟု မေးမြန်း ပြီး နောက် ပစ်ခတ် ခဲ့ ခြင်း ဖြစ်သည်။

သေနတ် ဖြင့် ပစ် သတ် ခံ ရ ပြီး နောက် သူမ ၏ ပထမ ဦး ဆုံး အကြိမ် အများ ပြည်သူ ရှေ့  မှောက် တွင်
ပြောသည့် မိန့် ခွန်း ဖြစ်သည်။  မိန့် ခွန်း ပြောကြား ရာ တွင် လုပ် ကြံခံ ရ ၍ ကွယ် လွန် ခဲ့ သည့် ပါကစ္စတန်
ဝန်ကြီး ချုပ် ဟောင်း ဘနာဇီဘူ တို ၏ ပန်းနု ရောင် ပ၀ါ ကို ခြုံထားသည်။

Advertisements

One response to “မာလလာ ကုလ မှာ မိန့် ခွန်းပြော

  1. Pingback: MyanmarLatestNews » မာလလာ ကုလ မှာ မိန့် ခွန်းပြော·

Comments are closed.