ဘေဂျင်း လေဆိပ် မှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်

လက်တွန်းလှည်း ကုလား ထိုင် ဖြင့် ဗုံးဖောက်ခွဲ မှု ကြောင့် ဘီဂျင်း လေဆိပ် တွင် ပေါက်
ကွဲ မှု ဖြစ် ခဲ့ ကြောင်း တရုတ် အစိုး ရ က သတင်း ထုတ် ပြန်သည်။ ကျယ် လောင် သော
ပေါက် ကွဲ သံ နှင့် အတူ မီးခိုးလုံး များ ဖုံး လွှမ်း သွား သော် လည်း တစ်ဦး တစ်ယောက်
မျှ ထိ ခိုက်ဒဏ်ရာ မရရှိ ဟု ဆိုသည်။

ဗုံးဖောက် ခွဲ သူ တစ်ဦး သာ ထိ ခိုက် ဒဏ်ရာ ရရှိ သွား သော ကြောင့် ဆေးရုံ သို့  ပို့  ဆောင်
ထားသည်။

ဗုံး မှာ လက် လုပ် ဗုံး ဖြစ် ပြီး ဗျောက် အိုး ပြု လုပ် ရာ တွင် အသုံး ပြု သည့် ယမ်း တစ် မျိုး ကို
အသုံး ပြု ထား သည်။

ဗုံးဖောက် ခွဲ မှု ကြောင့် လေဆိပ် နှင့် လေကြောင်း ပျံသန်း မှု များ ကို ထိခိုက်မှု မရှိ ဟု တရုတ်
အစိုးရ က သတင်း ထုတ် ပြန် ထားသည်။

ဗုံးခွဲ သူ မှာ အသက် ၃၃ နှစ် အရွယ် ရှန် ဒေါင်း ပြည် နယ် မှ ရောက် ရှိ လာသူ တစ်ဦး ဖြစ်သည်။

ညနေ ခြောက် နာရီ မိနစ် ၃၀ တွင် ဗုံးခွဲ တိုက် ခိုက် မှု ဖြစ် ပေါ် ခဲ့သည်။

Advertisements

2 responses to “ဘေဂျင်း လေဆိပ် မှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်

  1. Pingback: MyanmarLatestNews » ဘေဂျင်း လေဆိပ် မှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်·

Comments are closed.