စပိန် ရထား မှောက် မှု သေဆုံး သူ ၇၇ ဦးရှိ ပြီ

မက်ဒရစ် က နေ  Ferro မြို့  ကို သွား တဲ့ အမြန်ရထား ဟာ စပိန် နိုင်ငံ အနောက်
မြောက် ပိုင်း က ဂါလီဆီယာ ခရိုင် ဆန်တီယာဂို မြို့  မှာ လမ်းချော် တိမ်းမှောက်
မှု ဖြစ် ခဲ့ တာ ကြောင့် ၇၈  ဦးသေဆုံး ပြီး  ၁၀၀ကျော် ရာ ကျော်
ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့  ည နေ ပိုင်း မှာ ဆန်တီယာဂို မြို့  ကို အသွား မှာ ရထား လမ်းချော် ပြီး
တိမ်းမှောက် ခဲ့ တာ ဖြစ် ပါတယ်။  ထက်ပိုင်း ကျိုး ပြတ် နေ တဲ့ ရထား ထဲ က အော်
ဟစ် သံ တွေ ဟာ ကမ္ဘာ ပျက် မတတ် ဆူ ညံ နေ ပြီး ရထား မှောက် သံ ကို ကြား
လိုက် ရသူ တစ်ဦး က မိုးကြိုး ပစ် ချ လိုက် တဲ့ အတိုင်း ပဲ လို့  ရထား လမ်း အနီး
မှ နေ သူ တစ်ဦး က Fox သတင်းဌာ န ကို ပြောပါတယ်။

ရထား ပေါ် မှာ ပါလာတဲ့ ခရီးသည် ၂၁၈ ဦး စလုံး ကို စပိန် အစိုးရ က အရေး
ပေါ် ကျန်းမာ ရေး စောင့် ရှောက် မှု ပေး ပြီး သေဆုံး သွားတဲ့ သူ တွေ ကို တော့
သူတို့  ရဲ့  ဆွေ မျိုးသားချင်း တွေ ကို  ဆက်သွယ် ပေး နိုင် ဖို့  ကြိုးစား နေ ပါတယ်။
၂၀၀၄ ခုနှစ် က စပိန် ဘူတာ ရုံ တစ်ခု ကို အကြမ်းဖက် သမား တွေ က တိုက်ခိုက် ခဲ့
ပေမယ့် ဒီနေ့  လမ်းချော် မှု က တော့ အကြမ်းဖက်
သမား တွေ လက် ချက် မဟုတ် ဘူး လို့  စပိန် အစိုးရ က ပြော ပါတယ်။

ပြီးခဲ့ တဲ့ သီတင်း ပတ် တွေ က ကနေဒါ မှာ ရေနံတင် ရထား
လမ်းချော် လို့  လူ သေဆုံး မှု ဖြစ် ပွား ခဲ့ ပြီး မှာ အဆိုးရွား ဆုံး
ရထား မတော် တစ်ဆ မှု ဥရော ပ မှာ ဖြစ် ပွားခဲ့ တာ ဖြစ် ပါတယ်။

ဆောင်းတွင်း ဆို ရင် နှင်းတွေ ဖုံး ပြီး တော့ ရေခဲ မှတ် အောက် ရောက် နေတတ်
တဲ့ Santiago de Compostela မြို့  ဟာ ကမ္ဘာ တစ်ဝှမ်းက ခရစ်ယာန် ဘာသာ
ဝင် တွေ ရဲ့  အထွတ် အမြတ် ထား ရာ ဘုရား ကျောင်း ရှိ ပြီး ရထား တိမ်းမှောက်
မှု ကြောင့် သေဆုံးရသူ တွေ ဟာ နှစ်စဉ် ကျင်း ပ နေ ကြ ဖြစ်တဲ့ ဘာသာရေး ပွဲ
တော် အတွက် လာရောက် ကြသူ တွေ ဖြစ် ပါတယ်။

Photo – Reuters, Telegraph, i Report

အေဒီ ရှစ် ရာစု နှစ် က တည် ဆောက် ခဲ့ ပြီး အာဖရိက တိုက် ဘက် က မွတ် ဆလင် တွေ အားကောင်း တဲ့ အခါ နဲ့  ခရုးဆိတ် စစ်ပွဲ ကာ လ တွေ မှာ ဖျက်ဆီးခံ ခဲ့ ရတဲ့ ဘုရား ကျောင်း ကြီး

အေဒီ ရှစ် ရာစု နှစ် က တည် ဆောက် ခဲ့ ပြီး အာဖရိက တိုက် ဘက် က မွတ် ဆလင် တွေ အားကောင်း တဲ့ အခါ နဲ့  ခရုးဆိတ် စစ်ပွဲ ကာ လ တွေ မှာ ဖျက်ဆီးခံ ခဲ့ ရတဲ့ ဘုရား ကျောင်း ကြီး

spain-train-map_2626789c972233_10151484736222541_127113500_nimagejpg-2549117_p9

Advertisements

One response to “စပိန် ရထား မှောက် မှု သေဆုံး သူ ၇၇ ဦးရှိ ပြီ

  1. Pingback: MyanmarLatestNews » စပိန် ရထား မှောက် မှု သေဆုံး သူ ၇၇ ဦးရှိ ပြီ·

Comments are closed.