အီတလီ ဘတ်စကား တိမ်းမှောက်မှု ၃၇ ဦးသေ

အီတလီ နိုင်ငံ မီလန် မြို့  မှာ အဝေးပြေး ခရီးသည် တင် ဘတ်(စ) ကား တိမ်းမှောက်မှု
ကြောင့် ကားပေါ် လိုက် ပါ လာ သူ ၃၇ ဦး သေဆုံး ခဲ့ ပါတယ်။  အီတလီ နိုင်ငံ တောင်
ပိုင်း နေ ပလ် မြို့  အနီး က အယ်ဗလ်လီနို ခရိုင် မှာ မော် တော် ကား ထိမ်းမှောက်ခဲ့
တာ ဖြစ် ပါတယ်။

မီလန် မြို့  အရှေ့  ဘက် San Giovanni Rotondo ရွာ က ကတ်သလသစ် ခရစ်ယာန်
ဘာသာ ဘုရား ကျောင်း တစ်ခု ဖြစ်တဲ့ Padre Pio ဘုရားကျောင်း မှာ ၀တ် ပြုပြီး ပြန်လာ
တဲ့ သူ တွေ ကို တင် ဆောင် လာ တဲ့ မော်တော်  ကား က တံတား ပေါ် မှာ အရှိန် မထိမ်း နိုင်
ဘဲ ချောက် ထဲ ကို ထိုး ကျ သွား တာ ဖြစ်ပါတယ်။

ချောက်ထဲ ကို မကျ ခင် မှာ  ခရီးသည် တင် ဘတ်(စ) က အခြား  မော်တော် ကား တွေ ကို
တိုက်ပြီး တိမ်းမှောက် ခဲ့ တာ လို့  အသက် မသေ ဘဲ ကျန် ခဲ့ တဲ့ ခရီးသည် တစ်ဦး က AFP
သတင်း ကို ပြောပါတယ်။

Bus Plunge Off  Bridge Italy

Advertisements

One response to “အီတလီ ဘတ်စကား တိမ်းမှောက်မှု ၃၇ ဦးသေ

  1. Pingback: MyanmarLatestNews » အီတလီ ဘတ်စကား တိမ်းမှောက်မှု ၃၇ ဦးသေ·

Comments are closed.