မိုးသည်းထန် စွာ ရွာသွန်း မှု ကြောင့် ကရင် ပြည် နယ် တစ်ခု တည်း မှာ ပင် သေဆုံး သူ နှစ်ဆယ် ကျော် ရှိ

မိုးသည်းထန်စွာ ရွာ သွန်း မှု ကြောင့် ရေကြီး ၊ မြေပြို ခြင်း ၊ ကမ်း ပါး ပြို ခြင်း ၊
တောင် ပြို ခြင်း များ ဖြစ် ပွား ရာ မြန်မာ ပြည် အရှေ့ ခြမ်း ကရင် ပြည် နယ်
တစ်ခု တည်း မှာ ပင် သေဆုံး သူ ၂၀ ကျော် ရှိ သည် ဟု
FNG မှ သတင်း ရရှိသည်။

ဟောင်သရော မြစ် ရေ လျှံ မှု ကြောင့် အနီးရှိ ရွာများ မှာ လည်း ရေနစ်မြုပ်မှု
များ ရှိသည်။ ကော့ကရိတ် အရှေ့  ခြမ်း တွင် တောင်
ပြိုမှု ကြောင့် မော် တော် ကား လမ်းများ ပါ ပြို ကျခဲ့ ပြီးရှိ ဖာပွန် မြို့  အနီး ရှိ ရွာ များ

မှ လူ နေ အိမ် များ မြစ်ထဲ မျော ပါ ခဲ့ သည်။   သောင်းရင်း မြစ်
ကမ်း ဘေး မြန်မာ ဘက် ခြမ်း တွင် လည်း လူ နေ အိမ် များ ရေစီးထဲ မျော ပါ ခဲ့ သည် ဟု
လှိုင်းဘွဲ့  မြို့  နယ် မှ ကျန်းမာ
ရေး ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။

ကရင် ပြည်နယ် မြို့  တော် ဘားအံ နှင့် အခြား မြို့  များ တွင် ကူညီ ကယ် ဆယ်ရေး စခန်း များ
ဖွင့် ထား သော် လည်း အခြား မြို့  နယ် များ တွင် ထိရောက် စွာ ကူညီ နိုင် မှု မရှိ ဟု သိရသည်။

သံလွင် မြေရေစီး ကြောင့် ကမ်းကပ် လှေ ၊ သမ္ဗန် ငယ်များ မှာ လည်း ရေစီး ထဲ သို့  မျော ပါမှု
များ ရှိသည်။

ကျောက်ညှပ် တွင် သံလွင် မြစ်ရေ လျှံ မှု ကြောင့် ကမ်းပါး ပြိုရာ ရေစီးထဲ နေ အိမ် များ မျောပါ
ခဲ့သည်။

ဘားအံ မြို့  မှ အစိုးရ  အရာရှိ ဟောင်း တစ်ဦး နှင့် ယခု ကူညီ ကယ်
ဆယ်ရေး လုပ် ငန်းများ လုပ် နေ သူ တစ်ဦး က”  သေဆုံး သူ နှစ်ဆယ် ကျော် လောက် ရှိ နိုင်
တယ် ၊ စာရင်း အတိအကျ မရ သေးဘူး ” လို့  FNG ကို ပြောပါတယ်။

ကယား ပြည် နယ် ၊ မွန် ပြည်နယ် နှင့် တနင်္သာရီ တိုင်း တို့  တွင် လည်း ရေကြီးမှု များ ဆက်လက်
ဖြစ် ပေါ် လျှက် ရှိသည်။

မွန်ပြည်နယ် နဲ့  ထိုင်း နိုင်ငံ ဘက် ခြမ်း ကို ကူးတဲ့ ရှေး ဟောင်း တံတားကြီး ဟာ လည်း ရေကြီးမှု
ကြောင့် ပြိုကျ ပြီး ရေထဲ မျော ပါ ခဲ့ ပါတယ်။

ထိုင်း – မြန်မာ နယ်စပ် မြ၀တီ မြို့  မှာ တော့ ကယ်ဆယ် ရေး စခန်း တွေ ဖွင့်လှစ် ဆောင်ရွက် ပေး
နေ ပါတယ်။

Advertisements

One response to “မိုးသည်းထန် စွာ ရွာသွန်း မှု ကြောင့် ကရင် ပြည် နယ် တစ်ခု တည်း မှာ ပင် သေဆုံး သူ နှစ်ဆယ် ကျော် ရှိ

  1. Pingback: MyanmarLatestNews » မိုးသည်းထန် စွာ ရွာသွန်း မှု ကြောင့် ကရင် ပြည် နယ် တစ်ခု တည်း မှာ ပင် သေဆုံး သူ နှစ်ဆယ·

Comments are closed.