လက်ပံတောင်းတောင် ဒေသ က ရွာ တွေ ကို ညဘက် ၀င်စီး ၊ ရွာသား တွေ ကို သေမတတ် ရိုက် ၊ ဘုန်းတော်ကြီး ကျောင်း ကို ဖျက်ဆီး

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် (တန်ဆောင်းမုန်း လ ပြည့် နေ့  ည) မှာ
လက်ပံတန်းတောင် သပိတ် စခန်း ကို မီးလောင်ဗုံး တွေ ပစ်ပြီး အကြမ်းဖက် ၀င်စီး
မှု ရှစ်လ အကြာ မှာ အဲဒီ ဒေသ က ရွာ တွေ ကို ၀င်ရောက် ရဲတပ်ဖွဲ့  ၀င် အင်အား
အလုံး အရင်း နဲ့  ထပ်မံ စီးနင်းမှု ဖြစ်ခဲ့ ပါတယ်။

ဇီးတော ရွာ ကို သြဂုတ် လ ၆ ရက် နေ့  နံနက် ၁ နာရီ လောက် မှာ ရဲ ကား တွေ နဲ့  ရောက်
လာ ပြီး ရွာသား တွေ နဲ့  အခြား အလည် လာ တဲ့ လူ တွေ ကို ဖမ်းဆီး ခေါ် ဆောင် သွားတယ်
လို့  အဲဒီ ဒေသ ကို ရောက် နေ တဲ့ ရန်ကုန် ပြည်သူ့  အကျိုး ဆောင် ကွန်ယက် က အဖွဲ့  ၀င်
တစ်ဦး က FNG ကို ပြောပါတယ်။

ရဲတပ် ဖွဲ့  ၀င် တွေ နဲ့  အခြား လုံခြုံရေး အဖွဲ့  ၀င် တွေ ဟာ ဆည်တဲ ရွာဘက် ကို ထွက် ပြေး
တဲ့ လူ တွေ ကို ပါ လိုက် ဖမ်း ဖို့  လုပ် ပေမယ့် ရွာ က  သံချောင်း ခေါက် လူ စု ပြီး အမြန် ခု
ခံဖို့  ပြင် ဆင် လို့  ပြန်ထွက် သွား တယ့် အကြောင်း ကို လည်း မ၀င်းဝင်းဌေး က ပြော ပြ
ပါတယ်။

ညနက်သန်းခေါင် ကျော်ချိန် မှာ ၀င်ရောက် စီးနင်း ပြီး ရွာသား တွေ ကို သေလု မတ် ရိုက်နှက်
ဖမ်းဆီး ပြီး ကား ပေါ် တင် ခေါ် သွား တာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော် ပုံ ၂၅ နှစ်
ပြည့် ပွဲ လုပ် ဖို့  အရင် က အတိုက် အခံ တွေ ဖြစ် ပြီး အခု တော့ အာဏာပိုင် နဲ့  အလွမ်း သင့်
နေတဲ့ ၈၈ မျိုးဆက် ရဲ့ အခမ်းအနား မစတင် ခင် နှစ် ရက် အလို မှာ ဖြစ် ပါတယ်။

လက်ထိတ် တန်းလန်း နဲ့  ပြန်လွတ်လာတဲ့ မောင်တူ က ” ကမ္ဘာ ပျက်မတ် ပဲ ဘုန်းကြီးကျောင်း
မှန် တွေ ကို ရိုက်ခွဲ ပြီး ဦးအာလောက ကျိန်း တဲ့ နေရာ ကို အကုန် ဖျက် ဆီးသွား တယ် လို့ 
ပြောပါတယ်။

လက်ပံတောင်းတောင် ဒေသခံ တွေ က တရုတ် ၀မ်ပေါင် ကုမ္ပဏီ နဲ့  စာချုပ် အသစ် ချုပ်
ဆို မှု ကို ဒေသခံ တွေ ကို ချ ပြ ဖို့  တောင်း ဆို ဆန္ဒ ပြ မှု ဖြစ် ပွား ပြီး သီတင်း နှစ် ပတ် အကြာ
မှာ ဖြစ် ပါတယ်။

Advertisements

4 responses to “လက်ပံတောင်းတောင် ဒေသ က ရွာ တွေ ကို ညဘက် ၀င်စီး ၊ ရွာသား တွေ ကို သေမတတ် ရိုက် ၊ ဘုန်းတော်ကြီး ကျောင်း ကို ဖျက်ဆီး

  1. မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ နယ် သံရွာအုပ်စု သံရွာအုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းဟာ မြန်မာဆင်ဘိလပ်မြေစက်ရုံက လှူဒါန်းထားတဲ့ ကျေးရွာမီးလင်းရေး ရံပုံငွေ ကျပ်သိန်း တစ်ထောင်ကျော်ကို အလွဲသုံးစားလုပ်ထားပါတယ်။ မကြာသေးခင်ကလည်း ပုဒ်မ၄၂၀ ဖြင့် ကျောက်ဆည် တရုံးမှာ တရားရင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။

  2. Pingback: MyanmarLatestNews » လက်ပံတောင်းတောင် ဒေသ က ရွာ တွေ ကို ညဘက် ၀င်စီး ၊ ရွာသား တွေ ကို သေမတတ် ရိုက် ၊ ဘုန်းတေ·

  3. ဒီကိစ္စအရေးကြီးပါသည်။
    မြန်မာပြည်ကို မြန်မာလူမျိုးတွေ
    ကာကွယ်စောင့်ရှောက်ခြင်းမရှိတော့တာရဲ့
    အစ ဖြစ်သွားနိုင်ပါသည်။

  4. ဒီကိစ္စဟာ super structure လိုနေတယ်လို့ကျွန်တော်ထင်ပါသည်။
    super structure မရှိတဲ့အခါ လူထုနည်းနဲ့
    ဗိုလ်ချုပ်အောင်ဆန်းနည်းဆိုပြီနည်းလမ်း
    ၂သွယ်ရှိပါတယ်။
    အကောင်းဆုံးကတော့ တရုပ်သမ္မတကို
    မေတ္တာရပ်ခံတဲ့ပွဲတွေ ချိန့်ချိန့်သဲကျင်းပပြီး
    သူသိအောင် မီဒီယာနဲ့မပြတ်ထုတ်လွှင့်ဘို့
    လိုပါလိမ့်မယ်။

Comments are closed.