ကမ္ဘာ နဲ့  မိုင် ပေါင်း ၁၁ ဘီလျှံ ကျော် အကွာ ကို ရောက် နေ တဲ့ ဗိုယေဂျာ

ဗိုယေဂျာ ၁ ဟာ ကမ္ဘာ နဲ့  မိုင်ပေါင်း ၁၁ ဘီလျှံ အကွာကို ရောက် နေ ပြီး ဘာ ဆို ဘာ လို့ 
ခေါ် ဆို ရ ခက် တဲ့ နေရာ ကို ပြန် သန်း သွား ပြီ ဖြစ် ကြောင်း နာဆာ ရုပ်သံ က စက်တင်
ဘာလ ၁၇ ရက်နေ့ မှာ ထုတ် လွှင့် သွား ခဲ့ ပါတယ်။

နေစကြာဝဠာ ရဲ့  အပြင် ဘက် ကို ရောက် သွား ပြီ ဖြစ်တဲ့ ဗိုယေဂျာ ၁ ( အကာသ ခရီးသည် ၁ )
က နေစကြာဝဠာ အပြင် ဘက်မှာ သူ ရိုက် ကူးထားတဲ့ ပုံ ကို ကမ္ဘာ မြေ ကို ပို့  စကဒ် လုပ် ပြီး ပို့ 
မှာ တွေ့ ရတဲ့ အတိုင်းလှမ်း ပို့ လိုက် ပါပြီ ။ Interstellar လို့  ခေါ် တဲ့ ကြယ်စု တွေ တစ်ခု နဲ့  တစ်ခု
ကြား ကို ရောက် သွား ပြီ ဆို တဲ့ သဘောပါ။

ဗိုယေဂျာ ၁ ကို ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်
က ကိပ်ကာနေဗယ် အကာသ စခန်း က နေ တိုက်တန် ၃ E ဒုံးပျံ နဲ့  ပစ်လွှတ် ခဲ့ တာ ဖြစ် ပါတယ်။

ဗိုယေဂျာကို ပစ်လွှတ်စဉ် တုန်း က မြန်မာ ဘာသာ နဲ့  ထုတ် လွှင့် တဲ့ နိုင်ငံ ခြား ရေဒီယို တွေ က
သတင်း ထုတ် လွှင့် တဲ့ အခါ လူ ကြီး သူ မ တွေ နဲ့  ဘုန်းတော် ကြီး တွေ က နေစကြာဝဠာ အပြင်
ဘက် ကို ဘယ်သူ မှ ထွက် လို့  မရ ဘူး ၊ စကြာဝဠာ မဟာ တံ တိုင်း ကြီး နဲ့  တိုက် မိ လိမ့် မယ်
၊ အမေရိကန် ကို ဘုရား ရိုက် လိမ့် မယ် လို့  ပြော ဆို ခဲ့ ကြ ပါတယ်။

အခု တော့ ၃၆ နှစ် အကြာ စက်တင်ဘာလ ၁၂ ရက် ကြာ သ ပတေး နေ့ မှာ
နေစကြာဝဠာ အပြင် ဘက် ကို ရောက်ရှိ သွားတဲ့ ဗိုယေဂျာ က သူ့  မိခင် နာဆာ အာကာသ ထိမ်းချုပ်
ရေး စခန်း ကို ” ကျွန်တော် မောင် ဗိုယေဂျာ နေစကြာဝဠာ အပြင် ဘက် ကို ရောက် ပါ ပြီ ခင် ဗျ ” ဆို ပြီး
သတင်း ပြန် ပို့  ခဲ့ ပါတယ်။

ကမ္ဘာ က နေ ပစ်လွှတ် တဲ့ အာကသ စူးမ်းရေး ယာဉ် တွေ ထဲ မှာ ပထမ ဦးဆုံး နေစကြာဝဠာ အပြင် ရဲ
့ အပြင် ကို လူ လုပ် အကာသ ယာဉ် လဲ ဖြစ်ပါတယ်။

ဒီအကာသ ယာဉ်ထဲ မှာ တခြား ဂြိုလ် က သက် ရှိ တွေ နဲ့  တွေ့  ရင် ကမ္ဘာ ဂြိုလ် အကြောင်း သိရ အောင်
ဆို ပြီး တော့ ရွှေဓာတ် ပြား (Golden Record)
ကို ထည့် ပေး ထား ပါတယ်။ ရွှေဓာတ် ပြား ထဲ မှာ တော့ ကမ္ဘာ ဂြိုလ် က ပိရမစ် လို အဆောက် အဦ တွေ
ရဲ့  ပုံ တွေ ၊ အမေဇုန် တော နက် နဲ့  အဲဒီက သတ္တ၀ါ တွေ ပုံ ၊ သီချင်း ဂီတ နဲ့  တိရိစ္ဆာန် တွေ ရဲ့  အသံ နဲ့ 
ကဲကုလ သင်္ချာ တွေ ပါဝင် ပါတယ်။

ရွှေဓာတ်ပြား ထဲ မှာ ဘာသာစကား ၅၅ မျိုး ပါ ၀င် ပြီး မြန်မာ ဘာသာစကား ဖြစ်တဲ့ ” ကျမ္မာ ပါ ရဲ့ 
လား ခင်ဗျာ ” လဲ ပါဝင် ပါတယ်။

ပိုင်အိုးနီးယား ၁၀

ပိုင်အိုးနီးယား ၁၀ လို့  ခေါ် တဲ့ Pioneer F က ဂျူပီတာ (ကြာသပတေး) ဂြိုလ်နား ရောက် ခါနီး ၂၃ ရက်
တစ်လပိုင်း ၂၀၀၃ ခုနှစ် မှာ ရေဒီယို ထရန်စမစ်တာ အဆက် အသွယ် ပြတ် သွား ပါတယ်။ နောက်တစ်လ
အကြာ မှ အဆက် အသွယ် ခဏလေး ရ ပြီး လုံး ၀ ပြတ် သွား ပါတယ်။ သိပ္ပံ ပညာရှင် တွေ က တော့
ပိုင်အိုနီးယား ဟာ သူ့  ဘာသူ ဆက် သွား နေ ပြီး ကမ္ဘာ နဲ့  အလင်း နှစ် လေး သန်း ကျော် က ကြယ်စု
တစ်ခု ဆီ ကို ရောက် နေ လောက် ပြီ လို့  ယုံ ကြည်ကြ ပါတယ်။

အကာသ စူးစမ်း လေ့ လာ ရေး ပညာရှင် တွေ ဟာ ပိုင်အိုးနီးယား နဲ့  အဆက် အသွယ် ရ ဖို့  အခု ထိ
ကြိုးစား နေဆဲ ဖြစ် ပါတယ်။

ိုဗိုယေဂျာ ၂ က တော့ ဗိုယေဂျာ ၁ ထက် ၁၅ ရက် လောက် စော ပြီး တင် တာ ဖြစ် ပါတယ်။ လမ်းခရီး မှာ
ဗိုယေဂျာ နှစ် သုံးတဲ့ ပလူတိုနီယံ လောင်စာ ကြောင့် တွန်းကန် နှုန်း နှေး သွား တာ ဖြစ်ပါတယ်။ ဗိုယေဂျာ
၁ က ကမ္ဘာ ကို သတင်း အချက် အလက် ပြန် ပို့  ဖို့  ၁၇ နာရီ ကြာ ပေမယ့် ဗိုယေဂျာ ၂ က ၁၅ နာရီ ပဲ ကြာ ပါတယ်။

Voyager 2 has not yet left solar system. လို့  နာဆာ ရုပ်သံ မှာ ထုတ် လွှင့် သွား ပါတယ်။

ဗိုယေဂျာ ၁ နဲ့  ၂ နဲ့  လွှတ် တင် စရိတ် က ၁၉၇၇ ခုနှစ် က ကုန်ကျငွေ ဒေါ်လာ ၉၉၇ သန်း ဖြစ် ပါတယ်။

Advertisements

3 responses to “ကမ္ဘာ နဲ့  မိုင် ပေါင်း ၁၁ ဘီလျှံ ကျော် အကွာ ကို ရောက် နေ တဲ့ ဗိုယေဂျာ

    • မတရားမှု တွေ ပ ပျောက် ဖို့ ‘အကျင့်ပျက် ခြစါး လာဒ်စါး မှုတွေကင်းစင်နှိုင် ဘို့လူတိုင်းမှာတာဝန် ရှိတယ် ဝိုင်းဝန်းဖေါ်ထုတ်ကြပါ စေါင့်ကြည့်ကြပါသတင်းဖလှယ်ကြပါ,

Comments are closed.