အိုဘားမား နဲ့  အီရန် သမ္မတ ကုလ ညီလာခံ မှာ တွေ့ ဆုံဖွယ်ရှိ

ရှေ့ သီတင်း ပတ် မှာ နယူးယောက် မှာ  ကျင်းပ မယ့် ၆၈ ကြိမ်မြောက် ကုလ သမဂ္ဂ
အထွေထွေ ညီလာခံ မှာ အီရန် သမ္မတ ဟာဆန် ရိုဟာနီ နဲ့  အမေရိကန် သမ္မတ ဘာ
ရက်(ခ) အိုဘားမား တို့  တွေ့ ဆုံ ဖို့  ရှိ တယ် လို့  အီရန် က လာတဲ့ သတင်း တွေ ကို ကိုး
ကား ပြီး ဗြိတိန် တယ်လီဂရ(ဖ) သတင်းစာ မှာ ဖော် ပြထား ပါတယ်။

အလယ် အလတ် သဘောထား ရှိတဲ့ ဟာဆန် ရိုဟာနီ ဟာ ဇွန်လ က ကျင်း ပတဲ့ အီရန်
ရွေးကောက် ပွဲ မှာ အနိုင် ရရှိ ခဲ့ တာ ဖြစ် ပြီး သူ အာဏာရ ပြီး သိမ်မကြာ ခင် မှာ ပဲ ပြုပြင်
ပြောင်းလဲ ရေး အစီအစဉ် အချို့  ကို စတင် ခဲ့ ပြီး ဒီသီတင်း ပတ် အတွင်း မှာ ထင်ရှား တဲ့
နိုင်ငံ ရေး သမား တွေ ကို  အကျဉ်းထောင် က နေ ပြန် လည် လွှတ်ပေးခဲ့ ပါတယ်။

အိမ်ဖြူ တော် ပြော ခွင့် ရ ပုဂ္ဂိုလ် ဂျေး ကာနေး က သမ္မတ အိုဘားမား အနေနဲ့  သမ္မတ အဖြစ်
ကျမ်းသစ္စာ ကျိန် ဆို ခင် ကတည်း က မိတ်ဆွေ ဖြစ် လို  သူ တွေ အတွက် ကမ်းလက် ကို
ဆန့် တန်းထား မယ် လို့  ပြောခဲ့ တာ ကို ကိုးကား ပြီး အီရန် သမ္မတ နဲ့  တွေ့ ဆုံ ဖို့  အရိပ် အမြွက်
ပြောကြား ခဲ့ ပေမယ့် အခု ထိ တော့ အီရန် သမ္မတ ကို တွေ့ ဆုံ ဖို့  အစီအစဉ် မရှိ သေး ဘူး လို့ 
ဆို ပါတယ်။

၁၉၇၉ အီရန် အစ္စလာမ် မစ် တော် လှန်ရေး ပြီး ကတည်း က အမေရိကန် အစိုးရ နဲ့  အီရန် အစိုး
ရ တို့  ဟာ သံတမန် ဆက် ဆံ ရေး နိဌိတံ ခဲ့ တာ ကြောင့် သူ တို့  နှစ်ဦး ဟာ သမိုင်း ၀င် တွေ့ ဆုံ
မှု ဖြစ်မယ် လို့  အီရန် – အမေရိကန် ဆက်ဆံ ရေး ကျွမ်းကျင် သူ တွေ က ဆို ပါတယ်။

ကုလ သမဂ္ဂ အထွေ ထွေ စီးဝေး ပွဲ မတက် ခင် မှာ” အီရန်
နိုင်ငံ ဟာ နူကလီးယား လက်နက် ၊ လူ အစုလိုက် အပြုံလိုက် သေစေ နိုင်တဲ့ လက်နက် တွေ
ထုတ် လုပ် ဖို့  အတွက် အားစိုက် ကြိုးပမ်း တော့ မှာမဟုတ် တော့ ဘူး လို့  ကြေငြာ ခဲ့ ပါတယ်။

သူ့  ရဲ့  ကြေငြာချက် ကို နိုင်ငံ ခြား ရေး ၀န်ကြီး ဂျွန်ကယ်ရီ က ကြိုဆို ခဲ့ ပါတယ်။

အမေရိကန် သမ္မတ ဂျော့ ဘုရှ် လက် ထက် မှာ အီရန် ကို မြောက် ကို ရီးယာား၊ ကျုးဘား နိုင်ငံ
တွေ နဲ့  အတူ ၀င်းရိုးတန်း ဆိုးသွမ်း နိုင်ငံ တွေ လို့  သတ် မှတ် ခဲ့ ပါတယ်။

အီဂျစ် အရေး ကြောင့် အာရပ် ကမ္ဘာ မှာ မိတ်ဆွေ နည်းလာ တဲ့ အမေရိကန် အနေနဲ့  လည်း အီရန်
နဲ့  တစ်ကျော့ ပြန် သင့် မြတ်ရေး ကို လက်လွှတ် ခံ  မှာ မဟုတ်ဘူး လို့  သုံး သပ် ကြ ပါတယ်။

ဝါရှင်တန် က Foundation for the Defence of the Democracies ရဲ့ ဒါရိုက်တာ ဖြစ်သူ
Mark Dubowitz က သမ္မတ Hassan Rouhani မှာ တကယ့် အာဏာ မရှိ ဘူး  ၊ တကယ်
အာဏာ ရှိ တာ က အယာတိုလာ အလီ ခိုမေနီ လို့  ဆို ပါတယ်။

သမ္မတ အိုဘားမား နဲ့  အီရန် သမ္မတ တို့  နှစ်ဦး ဟာ တစ်ဦး နဲ့  တစ်ဦး အပြန် အလှန် စာရေး ဆက်
သွယ်မှု ပြု ခဲ့ တယ် လို့  Time မဂ္ဂဇင်း မှာ ဖော်ပြထား ပါတယ်။ ကုလ ညီလာခံ မှာ သူ တို့  နှစ်ဦး
ဟာ တစ်နေ့  တည်း အတူ တူ မိန့် ခွန်း ပြောမှာ ဖြစ် ပါတယ်။

Advertisements

One response to “အိုဘားမား နဲ့  အီရန် သမ္မတ ကုလ ညီလာခံ မှာ တွေ့ ဆုံဖွယ်ရှိ

  1. Pingback: MyanmarLatestNews » အိုဘားမား နဲ့  အီရန် သမ္မတ ကုလ ညီလာခံ မှာ တွေ့ ဆုံဖွယ်ရှိ·

Comments are closed.