၂၅ နှစ် အတွင်း ပထမဦး ဆုံး အကြိမ် မြို့  တော် ခန်းမရှေ့  မှာ သပိတ်စခန်း ဖွင့်

ရန်ကုန် မြို့  မြို့  တော် ခန်းမ ရှေ့  မှာ ဒဂုံဆိပ်ကမ်းမြို့  နယ်  ယုဇနဥယာဉ် မြို့  တော်က  ဟုန်ရှင်း ငါးအအေးခန်းစက်ရုံ
ဝန်းထမ်း တွေ ရဲ့  ဆန္ဒ ပြ သပိတ် စခန်း ကို စက်တင်ဘာလ ၂၂ ရက်နေ့ မှာ စတင် ဖွင့် လှစ် လိုက် ပါတယ်။ ခုလို  မြို့ 
တော် ခန်း မ ရှေ့  မှာ သပိတ် စခန်း ဖွင့် လှစ် တာ ဟာ ၂၅ နှစ် အတွင်း ပထမ ဆုံး အကြိမ် ဖြစ် ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်
တော်လှန်ရေး ကာ လ မှာ တောင် အကြောင်းကြောင်း ကြောင့် မြို့  တော် ခန်း ခမ ရှေ့ မှ သပိတ် စခန်း မဖွင့် လှစ် ဖြစ်
ခဲ့ ပါဘူး။

ဟုန်ရှင်း ငါးအအေးခန်းစက်ရုံ မှာ နှာခေါင်းစည်း ဖြု တ် ပြီး အသက် ရှုမိတာ တဲ့ ကိစ္စ မှာ အလုပ်ကြီး ကြပ် သူ နဲ့  အလုပ်
သမား တွေ ကို ညှိုနှိုင်း ပေး တဲ့ ခေါင်းဆောင် နှစ်ဦး ကို အလုပ် ထုတ် ပစ်ရာ ကနေ အလုပ် သမား တွေ က ပြန် ခန့် ပေး
ဖို့  တောင်း ဆို တာကို မလိုက် လျှော ပဲ  နိုင့်ထက် စီးနင်း ဆက်ဆံ တဲ့ အတွက် စက်ရုံ သူ ဌေး တွေ ရဲ့  မတရား မှု ကို
သိအောင် မြို့  တော် ခန်းမ ရှေ့ မှာ လာ ပြီး တော့ သပိတ် စခန်း ဖွင့် တာ ၊ ကျွန်တော် တို့  ခေါင်းဆောင် နှစ်ယောက် ကို
အလုပ် ပြန် ခန့် ဖို့  နဲ့  အလုပ် ပြန်ရ ဖို့  အတွက် လို့ ”  ဆန္ဒ ပြ စက်ရုံ ၀န်ထမ်း တစ်ဦး ဖြစ်သူ ကို
လင်းလင်း က FNG ကိုပြောပါတယ်။

သြဂုတ် လ အတွင်း က ဟုန်ရှင်း အအေးခန်း စက်ရုံ မှာ အလုပ် သမား တွေ ရဲ့  တောင်း ဆို မှု ကို အလုပ် သမား ဆိုင်ရာ
ဝါဏိဇ္ဇ ခုံရုံး က ဖြေရှင်း ပေး စဉ် မှာ စက်ရုံ က လုပ် ငန်း ရပ် ဆိုင်း လိုက် ပြီ လို့  တရားဝင် အသိပေး ခဲ့ ပါတယ်။

ဒါပေမယ့် အလုပ် သမား တွေ က သူ တို့  ကို အလုပ် ထုတ် ပစ် တာ ပါ။ နာမည် ပြောင်း ပြီး ၀န်ထမ်း သစ် တွေ ပြန် ခန့် 
ပြီး အလုပ် သမား သစ် တွေ နဲ့  လည် ပတ် မှာ လို့  ဆို ပါတယ်။

ဆန္ဒ ပြသူ တွေ ဟာ အလုပ် ရှင် က အလုပ် ထုတ် ပစ် မှု ကြောင့် အလုပ် လက်မဲ့ ဖြစ် နေသူတွေ ဖြစ် ပါတယ်။

မြို့  တော် ခန်း မရှေ့  သပိတ် စခန်း မှာ တနင်္လာ နေ့ မနက် ပိုင်း အထိ အလုပ် သမား ၇၀ လောက် သပိတ် စခန်း ဖွင့် နေကြ
ပြီး ဆန္ဒပြ သပိတ် စခန်း ဖွင့် သူ တွေ ကို ရန်ကုန် အခြေစိုက် တက် ကြွ လှုပ်ရှား သူ တွေ က ကူညီ ကြ ပါတယ်။

181534863181534862

Advertisements

One response to “၂၅ နှစ် အတွင်း ပထမဦး ဆုံး အကြိမ် မြို့  တော် ခန်းမရှေ့  မှာ သပိတ်စခန်း ဖွင့်

  1. Pingback: MyanmarLatestNews » ၂၅ နှစ် အတွင်း ပထမဦး ဆုံး အကြိမ် မြို့  တော် ခန်းမရှေ့  မှာ သပိတ်စခန်း ဖွင့်·

Comments are closed.