ရဲဆိုး ရဲညစ် က ပစ်လို့  ၀ါရှင်တန် ဒီစီမှာ အမျိုးသမီး ငယ် တစ်ဦး သေဆုံး

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီ သမ္မတ အိမ်တော် နား က စစ်ဆေးရေး ဂိတ် တစ်ခု မှာ
မော်တော် ကား ရပ်မပေး လို့  ရဲ က ပစ်ခတ် ခဲ့ ရာ မှာ သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူ
အသက် ၃၄ နှစ် အရွယ် မာရီယမ် ကာရေး ဆို တဲ့ အမျိုးသမီး တစ်ဦး သေ ဆုံး ခဲ့ ပါတယ်။
ကွန်ဂရက် လွှတ်တော် အနီး က ဂါဖီး အ၀ိုင်း နားမှာ သေနတ် မှန် တဲ့ ဒဏ်ရာ နဲ့  ရဲကား တစ်
စီး ကို ထပ် တိုက် ပြီး သေဆုံးခဲ့ တာ ဖြစ် ပါတယ်။

ကားထဲ မှာ မာရီယမ် ကာရေး ရဲ့  ကလေး ငယ် ကို အသက်ရှင် လျှက် တွေ့ ရှိ တာ ကြောင့်
ရဲ က စောင့်ရှောက် ထား ပါတယ်။ ဘရွတ် ကလင်း ကောလိပ် က နေ ကျန်းမာရေး ဆိုင်ရာ
ဘွဲ့  ရရှိ ခဲ့ တာ ဖြစ် ပါတယ်။ ကွန်နက် တီကတ် ပြည်နယ် မှာ နေထိုင် တာ ဖြစ် ပြီး ၀ါရှင်တန်
ဒီစီ ကို သူဘယ်လို  ရောက် သွားလဲ ဆိုတာ မသိကြောင်း သူ့  မိခင်  အိုင်ဒယ်လာ ကာဒေး
က CBS သတင်း ကို ပြော ပါတယ်။

သူ့ မှာ ရာဇ၀တ် မှုခင်း နဲ့  ပတ်သက် တဲ့ ရာဇ၀င် မရှိ ဘူး ၊ သူ  အမြဲတမ်း ပျော်ပျော် နေတတ်တယ်
ပြီးခဲ့ တဲ့ တစ်လ လောက် ကတော့ ကလေးမွေးဖွား ပြီး မှာ ဖြစ်တတ်တဲ့ စိတ်ကျရောဂါ ကြောင့် ဆေး
ရုံ တက် ခဲ့ ရတယ်လို့  ပြောပါတယ်။

သူ မ ရဲ့  အလုပ် ရှင် ဟောင်း ဖြစ် တဲ့ ဒေါက်တာ စတီဗင် အိုကင် က မာရီယမ် ကာ ရေး ဟာ ဘယ်လို
အကြမ်းဖက် မှု မျိုး ကို မှ လုပ်ဆောင် မယ့် သူ မဟုတ် ပါ ဘူး ၊သူ ပျော်ပျော် နေတတ်သူ တစ်ယောက်
ဖြစ် တယ်လို့  မှတ်ချက် ပေး ပါတယ်။

ဝါရှင်တန် ဒီစီ မှာ နေတဲ့ စတီဗင် ဂျ ဘရမ်ဝလ် က တော့ ၀ါရှင် တန် တစ်ဝိုက် က ရဲ တွေ ဟာ သူတို့  အရေး
ပါတဲ့ နေ ရာ မှာ တာဝန်ကျ  တယ်ဆို ပြီး သိပ် မောက်မောက် မာ မာ လုပ် ချင် တယ်ဗျ။ မော်တော်ကား
တာ ယာ ကို ပစ် ပြီး တား လို့  ရတာ ပဲ ဘာကြောင့် လူ ကို ပစ်လိုက် ရတာ လဲ လို့  FNG ကို ပြောပါတယ်။

မော်တော် ကား ထဲ မှာ ဘာလက်နက် မှ ယူဆောင် လာ ခြင်း မရှိ ဘူး လို့  ကွန်ဂရက်လွှတ်တော် အစောင့်
ရဲက ABC သတင်းဌာ န ကို ပြောပါ တယ်။

အသက် ၃၄ နှစ် အရွယ် သေဆုံးသူ ရဲ့  သမီးငယ်လေး

အသက် ၃၄ နှစ် အရွယ် သေဆုံးသူ ရဲ့  သမီးငယ်လေး

Miriam Carey

Advertisements

One response to “ရဲဆိုး ရဲညစ် က ပစ်လို့  ၀ါရှင်တန် ဒီစီမှာ အမျိုးသမီး ငယ် တစ်ဦး သေဆုံး

  1. Pingback: MyanmarLatestNews » ရဲဆိုး ရဲညစ် က ပစ်လို့  ၀ါရှင်တန် ဒီစီမှာ အမျိုးသမီး ငယ် တစ်ဦး သေဆုံး·

Comments are closed.