တရုတ် လေကြောင်းကာကွယ် ရေး ဇုန်မှာ အမေရိကန် ဘီ ၅၂ ဗုံးကြဲလေယာဉ် နှစ် စီး ဖြတ်ကျော်ပျံသန်း

တရုတ် က သူပိုင် တယ် လို့  ပြောနေ တဲ့ ကျွန်းတွေ ရဲ့  ဝေဟင် ပေါ် ကို လေယာဉ် နဲ့ 
လေကြောင်းချီ တွေ ၀င်လာ ရင် ပစ်ချ နိုင်တယ် ဆို ပြီး  ကြေငြာ ချက် ထုတ် လို့  နှစ်
ရက် အကြာ မှာ အမေရိကန် လေတပ် က B 52s ဗုံးကြဲ လေယာဉ် နှစ်စီး က တရုတ် ရဲ့ 
လေကြောင်း ရန် ကာကွယ် ရေး ဇုန် ဝေဟင် မှာ ပျံ သန်း ပြ ခဲ့ ပါတယ်။

တရုတ် ရဲ့  လေကြောင်း ရန် ကာကွယ်ရေးဇုန် သတ်မှတ်မှု ကို ဂျပန် နဲ့  အမေရိကန် တို့ 
က ရန်စ ကျုးကျော် မှု အဖြစ် သဘော ထား ပြီး အမေရိကန် က ဒီဝေဟင် ကို သူတို့  လေယာဉ်
တွေ ကျော် မယ် ဘာ မှာ အသိပေး စရာ မလို ဘူး လို့  ပြော ကြား ခဲ့ ပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး Chuck Hagel က ဒီဝေဟင် မှာ အမေရိကန် လေတပ် က
စစ်ရေး လေ့ကျင်မှု တွေ လုပ် ခဲ့ တယ် လို့  ပြော ပါတယ်။

တရုတ် ရဲ့  လုပ် ရပ် ဟာ ဒေသတွင်း မတည် ငြိမ်မှု ကို ဖြစ်ပွား စေ နိုင် တယ် လို့  ဂျပန် နဲ့  ဒေသ တွင်း
နိုင်ငံ တွေ က သတိပေးထား ပါတ.်။

တရုတ် အမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန က တနင်္ဂနွေ နေ့  က ကြေငြာ ချက် မှာ
ခရီးသည် တင် လေယာဉ် တွေ မဟုတ် ဘဲ ဒီလိုင်း ကို ကျော်ဖြတ် ခဲ့ ရင် ဘီဂျင်း ကို
အကြောင်း ကြား ရမယ် မကြား ရင် ပြင်းထန် တဲ့ ကာကွယ် မှု နဲ့  ကြုံရမယ် လို့  ဆို ပါတယ်။

တရုတ် ကာ ကွယ် ရေး ၀န်ကြီးဌာန က ကြေငြာ ပြီးတဲ့ နောက် တရုတ် လေတပ် ရဲ့ 
တိုက်လေယာဉ် အုပ် ဟာ သူတို့  ပိုင် တယ် လို့  ဆိုတဲ့ ကျွန်းတွေ ပေါ် က ဖြတ် ပြီး ပျံ သန်း ပြ ခဲ့ ပါတယ်။

နိုင်ငံ တကာ စစ်ရေး အကဲ ခတ် တွေ က တော့ ဒေသတွင်း စစ်ဘက် ဆိုင်ရာ တင်းမာမှု
တွေ ဖြစ် နိုင်တယ် လို့  ဆို ပါတယ်။

တရုတ် နိုင်ငံ ခြားရေး ၀န် ကြီး ဌာ န က အမေရိကန် သံအမတ် ကြီး ဂယ်ရီ လောခ် ကို ဒီအမှားအယွင်း နဲ့ 
ပတ်သက် ပြီး ၀ါရှင်တန် က ဖြေရှင်းချက် ပေး ပါ လို့  တောင်း ဆို ခဲ့ ပါတယ်။

လက်နက် တွေ မတပ် ဆင်ထား တဲ့ ဒီလေယာဉ် နှစ်စီး ဟာ ဂူအမ် က နေ ပျံ တက် လာ တာ ပြီး တရုတ်ရဲ့ 
လေကြောင်း ရန်ကာကွယ် ရေး ဇုန်သစ် မှာ တစ်နာရီ ကျော် ၀ဲ ပျံ ပြ ခဲ့ ပါတယ်။

Advertisements

One response to “တရုတ် လေကြောင်းကာကွယ် ရေး ဇုန်မှာ အမေရိကန် ဘီ ၅၂ ဗုံးကြဲလေယာဉ် နှစ် စီး ဖြတ်ကျော်ပျံသန်း

  1. Pingback: MyanmarLatestNews » တရုတ် လေကြောင်းကာကွယ် ရေး ဇုန်မှာ အမေရိကန် ဘီ ၅၂ ဗုံးကြဲလေယာဉ် နှစ် စီး ဖြတ်ကျော်ပျ·

Comments are closed.