ထိုင်း ဆန္ဒပြပွဲ နှစ် ဦးသေ

မနေ့  ညက အစိုးရ လိုလားသူ တွေ နဲ့  ရှပ်နီ တွေ ကြား တစ်ဖက် နဲ့  တစ်ဖက် တင်းမာ
မှု တွေ ဖြစ်ပွား ပြီး နောက် နှစ် ဦး သေဆုံး ပြီး ၄၅ ဦး ဒဏ်ရာ ရရှိ တယ် လို့  FNG က
သတင်း ရရှိ ပါတယ်။

သေဆုံးသူ တွေ ထဲ မှာ Ramkhamhaeng တက္ကသိုလ် က ကျောင်းသား တစ်ဦး
ပါဝင် ပါတယ်။

တက္ကသိုလ် ထဲ မှာ ရှပ်နီ လိုလား တဲ့ ကျောင်းသား တွေ နဲ့  အစိုးရ လိုလား သူတွေ
တင်းမာမှု ဖြစ် ပွား နေစဉ် မှာ ဘယ် ရဲတပ် ဖွဲ့  မှ ရောက်မလာ လို့  အခု လို သေဆုံး
တဲ့ ထိ ဖြစ်ရတာ လို့  ရှပ်နီ တွေ က ပြော ပါတယ်။

ရှပ်နီ ခေါင်းဆောင် ဂျတုပွန် ပရွမ်ဖန် က ရာဂျမာဂလာ အားကစား ကွင်း မှာ ပြု လုပ်
တဲ့ လူထု ဟောပြော ပွဲ မှာ သေဆုံး သူ လေးဦး ရှိ ပြီး ကျောင်းသား တွေ လို့  ပြောပါတယ်။

ထိုင်းဝန်ကြီး ချုပ် ယင်လပ် က ဘန်ကောက် လုံခြုံရေး အတွက် ထိုင်း နိုင်ငံ တ၀ှမ်း က တပ်
တွေ ကို ပါ ဆင့် ခေါ် ထား ပါတယ်။ ရေဒီယို မိန့် ခွန်း မှာ တော့ ယင်လပ် က ဆန္ဒ ပြသူ တွေ
နဲ့  ဆွေးနွေး မယ်လို့  ဆို ပါတယ်။

Advertisements

One response to “ထိုင်း ဆန္ဒပြပွဲ နှစ် ဦးသေ

  1. အပေါ်မှာ Post တင်သူရေးထားတဲ့ ရှပ်နီကျောင်းသားတွေနဲ့အစိုးရလိုလားသူကျောင်းသားဆိုတာမှားပါတယ်။ လက်ရှိအစိုးရအဖွဲ့ဒေါ်ရင်လတ်တို့ရဲ့ Pheu Thai Party ကိုထောက်ခံသူတွေက အနီရောင်ဝတ်ဆင်ပြီး အဓိကအတိုင်အခံပါတီခေါင်းဆောင် အဘီဆစ်ရဲ့ Democrac Party ကိုထောက်ခံသူတွေကအ၀ါရောင်ဝတ်ဆင်ကြပါတယ်။

Comments are closed.