တောင်အာဖရိက ခေါင်းဆောင် နယ်(လ)ဆင် မင်ဒဲလား ကွယ် လွန်

တောင်အာဖရိက ခေါင်းဆောင် ဟောင်း နဲ့  လူဖြူလူမည်း ခွဲခြား မှု ကို တွန်းလှန် ခဲ့
တဲ့ သမ္မတ ဟောင်း နယ်(လ)ဆင် မင်ဒဲလား ဟာ အသက် ၉၅ နှစ် အရွယ် မှာ ကွယ်
လွန် သွား ပြီ လို့  တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူး မား က ရုပ် သံ က နေ
တိုင်း ပြည် ကို မိန့် ခွန်း ပြော ပါတယ်။

ည ၁၀ နာရီ မိနစ် ၅၀ မှာ မင်ဒဲလား ကွယ် လွန် ခဲ့ တာ ဖြစ် ပါတယ်။ သူ မကွယ် လွန်
ခင် မှာ ဆေးရုံ မကြာ ခဏ တက် ပြီး ကု သ ခံရ ပါတယ်။

” တိုင်း ပြည် ရဲ့  ကြီး မြတ် သော သား ကောင်း ရတနာ ၊ ကျွန်တော် တို့  ရဲ ဖခင် ကြီး
ကို ဆုံးရှုံး လိုက် ရ ပြီ ” သူ အခု ငြိမ်းချမ်းစွာ အနား ယူသွား ပြီ လို့ ဂျက်ကော့ ဇူးမား
က ယူကျုံးမရ ပြော ပါတယ်။

အကျဉ်းထောင် ထဲ မှာ ၂၇ နှစ် နေ ခဲ့ ရ တဲ့ သမ္မတ နယ်(လ)ဆင် မင်ဒဲလား ဟာ
 အကျဉ်းထောင် က လွတ် လာ ပြီး တဲ့ နောက် ရွေးကောက် ပွဲ မှာ သူ့ ရဲ့  African
National Congress
ပါတီ အနိုင် ရရှိ ပြီး သမ္မတ ဖြစ် လာ ခဲ့ ပါတယ်။

နယ်(လ)ဆင် မင်ဒဲလား ဟာ နိုဘဲလ် ငြိမ်းချမ်းရေး ဆု ၊ ဆာခါရောဗ် ဆု တွေ အပါ အ၀င်ကမ္ဘာ တစ်လွှား က ဂုဏ် ပြု ချီးမြှင့် ထား တဲ့ ဆု ပေါင်း ၃၀၀ လောက် ရရှိ ထား သူ
ဖြစ် ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က လည်း နယ်(လ)ဆင် မင်ဒဲလား ကွယ်လွန် သွား
တဲ့ အတွက် ၀မ်းနည်း ကြောင်း ကြေငြာ ချက် ထုတ် ပြန် ခဲ့ ပါတယ်။

တောင်အာဖရိက နိုင်ငံ မှာ နယ်(လ)ဆင် မင်ဒဲလား ရဲ့  ဈာပန ပြီး တဲ့ အထိ အလံ တွေ ကို
တိုင် ၀က် လျှော့ ချ ပြီး ဂုဏ် ပြု ထား မှာ ဖြစ် ပါတယ်။

၁၉၈၅ ခုနှစ် မှာ တစ်ခါ လူ ဖြူ အစိုးရ က မင်ဒဲလား ကို အကျဉ်းထောင် က နေ လွှတ်ပေးမယ်
သူတို့  နဲ့  ပူးပေါင်း ဖို့  ညှိုနိုင်း တဲ့ အခါ မင်ဒဲလား က ငြင်းပယ် ခဲ့ ပါတယ်။

မင်ဒဲလား အကျဉ်းကျခံခဲ့ ရာ ရော်ဘင် ကျွန်း အကျဉ်းထောင် မှ အကျဉ်းခန်း

မင်ဒဲလား အကျဉ်းကျခံခဲ့ ရာ ရော်ဘင် ကျွန်း အကျဉ်းထောင် မှ အကျဉ်းခန်း

မင်ဒဲလား အကျဉ်းကျခံခဲ့ ရာ ရော်ဘင် ကျွန်း အကျဉ်းထောင် မှ အကျဉ်းခန်း  ကို သမ္မတ အိုဘားမား တို့  ဇနီး မောင်နှံ သွားရောက် ကြည့် ရှုစဉ်

မင်ဒဲလား အကျဉ်းကျခံခဲ့ ရာ ရော်ဘင် ကျွန်း အကျဉ်းထောင် မှ အကျဉ်းခန်း ကို သမ္မတ အိုဘားမား တို့  ဇနီး မောင်နှံ သွားရောက် ကြည့် ရှုစဉ်

၁၉၉၄ ခုနှစ် ANC ပါတီ အနိုင်ရစဉ် က

၁၉၉၄ ခုနှစ် ANC ပါတီ အနိုင်ရစဉ် က

သမ္မတ ဒီကလပ် နဲ့  သမိုင်းဝင် လက်ဆွဲ နှုတ်ဆက်

သမ္မတ ဒီကလပ် နဲ့  သမိုင်းဝင် လက်ဆွဲ နှုတ်ဆက်

Nelson-Mandela-banknote-210741303-republic-of-south-africa--circa-1994-a-stamp-printed-in-rsa-shows-nelson-mandela-circa-1994

Advertisements