တပ်စည်ပင် တံဆိပ်နဲ့  လူတွေ မိကျောင်းကန် ဆန္ဒ ပြသူ တွေ ကို အကြမ်းဖက်

ရန်ကုန်တိုင်း သင်္ဃန် ကျွန်း မြို့  နယ်က မစံရာအေးစေတီဝင်း အနီး က မိကျောင်းကန် တပ်သိမ်းပိုက်
မြေ ပြန်လည် ရရှိ ရေး ဆန္ဒ ပြ သူ တွေ ကို အင်္ကျီအနက် ရောင် ၀တ်ဆင် ထား သူ တွေ က ၀င်ရောက်
ရိုက် နှက် လို့  ၁၀ ဦး ခန့် ဒဏ် ရာ ရရှိတယ်လို့  FNG က သိရ ပါတယ်။

တစ်ဦး လက်ကျိုး ပြီး ၊ နှစ် ဦး က တုတ် နဲ့  ရိုက်ခံ တာ ရယ် သွပ်ပြား ရှ တာ ရယ် ကြောင့် အခု ထိ သင်္ဃန်း
ကျွန်း ဆေးရုံ ကြီး မှာ တက် ရောက် ကု သခံ နေ ရ ပါတယ်။

သင်္ဃန်းကျွန်း မိကျောင်း ကန် မြေ ကို တပ်မ ၁၁ က သိမ်းဆည်း ထားတာ ကြောင့် ထိုမြေကို မူလ ပိုင်ဆိုင်
တဲ့ ဌာနေ တွေ က ပြန်လည် ရရှိ ရေး အတွက် ဆန္ဒ ပြ တောင်း ဆို နေကြတာ ဖြစ် ပါတယ်။

ရန်ကုန် တိုင်း ၀န်ကြီး ချုပ် ဦးမြင့်ဆွေ က တော့ တစ်ရက် နှစ် ရက် အတွင်း တွေ့ ပြီး ရှင်းပေးမယ် ဆို ပေမယ့်
ဒီနေ့ မနက် မှာ တပ် စည် ပင် က လူ တွေ က ပဲ ဒီဇင်ဘာ လ ၉ ရက် တနင်္လာ နေ့  နောက် ဆုံး ထား ပြီး သပိတ်
စခန်း ကို ဖယ်ရှား ပေး ဖို့  သတိပေးထား ပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက် မှာ ဆန္ဒ ပြသူ တွေ ကို နည်းမျိုးစုံ သုံး ပြီး အကြမ်းဖက် တာ သိပ် ပြီး ထူးထူး ခြား
ခြား မဟုတ် လှ ပေမယ့် ဒီတစ်ခါ ကာကွယ်ရေးဦးစီးချုပ် ရုံး ဆို တဲ့ တံဆိပ်ကို သုံး ပြီး အကြမ်းဖက်တာ ဟာ
စစ်တပ် က မြို့  ပေါ် ထိ တက် ပြီး အကြမ်းဖက် နေ ပြီလား လို့  မေးခွန်းထုတ် စရာ တွေ ဖြစ်လာ တယ် လို့ 
၈၈ မျိုးဆက် ကျောင်းသား တစ်ဦး က FNG ကို ပြောပါတယ်။

Advertisements

2 responses to “တပ်စည်ပင် တံဆိပ်နဲ့  လူတွေ မိကျောင်းကန် ဆန္ဒ ပြသူ တွေ ကို အကြမ်းဖက်

  1. ထိုင်း မှာ ဖြစ် နေ တဲ့ ကိ စ္စ ကို လေ့ လာ သုံး သပ် သင့် ပါ တယ် အ စိုး ရ ကို နှုတ် ထွ က် ခိုင်း တဲ့ ဆ န္ဒ ပြ သူ တွေ ကို တောင် ဘယ် လို ကိုင် တွ ယ် နေ လဲ ဆို တာသေ သေ ချာ ချာ စူး စမ်း လေ့ လာ ကြ ပါ လို့ မေတ္တာ ရပ် ခံ ပါ တယ်

  2. Pingback: MyanmarLatestNews » တပ်စည်ပင် တံဆိပ်နဲ့  လူတွေ မိကျောင်းကန် ဆန္ဒ ပြသူ တွေ ကို အကြမ်းဖက်·

Comments are closed.