ယူကရိန်း မှာ အစိုးရ ယန္တယား ရပ်ဆိုင်း

မင်းထွန်း – ဆန္ဒ ပြသူ တွေ ဟာ အစိုးရ ဖျက် သိမ်း ဖို့  ၄၈ နာရီ အချိန် ပေးထား ပြီး
အခု ဆိုရင် မော်တော် ကား တွေ ၊ အတားအဆီး တွေ နဲ့  အစိုးရ ရုံး တွေ အားလုံး
ကို ပိတ် ဆို့  လိုက် ကြ ပါတယ်။ စစ်တပ် နဲ့  အခြား လုံခြုံရေး တပ်ဖွဲ့  တွေ က လွဲ ပြီး
အစိုးရ ယန္တယား ရပ်ဆိုင်း သွား ပြီ လို့  မြို့  တော် ကိယဗ် မှာ ဆန္ဒုပြနေ သူ တွေ က
အေပီ သတင်း ကို ပြော ပါတယ်။

တနင်္ဂနွေ နေ့  ညက ကိယဗ် မြို့  လယ်က ဘက်ဆာရာ ဘစကား (Bessarabska)
လီနင်ကြေးရုပ် တု ကြီး ကို ဖြိုချ လိုက် ပါတယ်။ ဒီရုပ် တု ကြီးဟာ ရုရှား နဲ့  ဆက်
ဆံမှု ရဲ့  သင်္ကေတ ပဲဒီရုပ်တုကြီး ကျွန်တော် တို့  မြို့  မှာ ရှိ နေ တာ အိမ် ရှေ့ ချေးပုံ
ရှိ နေသလို ပဲ လို့  ရုပ်တု ဖြို ချ တဲ့ ခေါင်းဆောင် ဖြစ် သူ ကင်ယာ အော်ရေညက်
က ရိုက်တာ သတင်း ဌာန ကို ပြော ပါတယ်။

၂၀၀၄ ခုနှစ် လိမ္မော်ရောင် တော်လှန်ရေး က တောင် မဖြို ချ နိုင်ခဲ့ တဲ့ လီနင် ရုပ်
တုကြီး ကို အခု ဖြိုချ လိုက် တာ ဖြစ် ပါတယ်။

ဆန္ဒ ပြသူ တွေ က ၀န်ကြီးချုပ် ကို ၄၈ နာရီ အတွင်း ထွက် ပေး ဖို့  ကို လည်း
တောင်း ဆို ထား ပါတယ်။

ယူကရိန်း ဆန္ဒ ပြ မှု ဟာ ရုရှား ယိမ်းလိုတဲ့ ၀န်ကြီးချုပ် မိုင်ကိုလာ အဇာရောဗ်
ရဲ့ ဥရောပ သမဂ္ဂ နဲ့  ပိုနီးစပ်မဲ့ ကုန်သွယ်ရေး မူဝါဒ ကို လက်မှတ် ထိုး ဖို့  ငြင်း
ဆန်တာ ကြောင့် ဖြစ် ပါတယ်။

ယူကရိန်း ပြည်သူ တွေ ရဲ့  အုံ ကြွ မှု ဟာ ၂၀၁၀ ပြည့် လွန် နှစ် နောက် ပိုင်း တွေ မှာ
ဖွံ့  ဖြိုးစ နိုင်ငံ တွေ မှာ ခပ်စိတ်စိတ် တွေ့ လာ တဲ့ ပထ၀ီ နိုင်ငံ ရေး ဆိုင်ရာ အုံကြွ
မှု တွေ ထဲ က တစ်ခု လည်း ဖြစ် ပါတယ်။

မြန်မာ နိုင်ငံ မှာ တော့ ပြည်သူ တွေ က အစိုးရရဲ့   မျက်နှာသာ ပေး တဲ့ တရုတ် ရင်းနှီးမြုပ်နှံ မှု တွေ ဖြစ်
တဲ့ ဆည်စီမံ ကိန်း တို့  လို ကြေးနီ စီမံ ကိန်း တို့  လို ကိစ္စ မျိုး တွေကို ကန့် ကွက်
ဆန္ဒ ပြ ကြ ပါတယ်။

ဝန်ကြီးချုပ် မိုင်ကိုလာ အဇာရောဗ် က လီနင် ရုပ်တု ကြီး ကို ဖြို ချတာ ဟာ ၂၀၀၁ ခုနှစ်
က အာဖဂန် နစ္စတန် တာလီဘန် တွေ ဘာမီယန် ဗုဒ္ဓရုပ် ပွား တော် ကြီး ကို ဖြို ချ သလို
မျိုး ပဲ သမိုင်းတန်ဖိုး မသိတဲ့ သူ တွေ လို့  နှိုင်းယှဉ် ပြောသွား ပါတယ်။

Ukraine Protests, Kiev, Lenin,

613d84ac-b4fe-4268-853d-9bc9a997dd6c_RTX169XR

Advertisements