အစ္စလာမ် မစ် ခေါင်းဆောင် ကို ဘင်္ဂလားဒေရှ် သေဒဏ် ပေး လိုက်ပြီ

Update ကုလ သမဂ္ဂရဲ့  တောင်းဆို ချက် ကြောင့် ခေတ္တ ဆိုင်းငံ ထား ပေမယ့် ဗဟိုတရား
ရုံးက ခွင့် ပြု လို့  ဘင်္ဂလားဒေရှ် က  Jamaat-e-Islam ပါတီ ရဲ့  အထွေ ထွေ အတွင်း
ရေး မှု Abdul Quader Molla ကို ကြာသပတေးနေ့  ညမှ  သေဒဏ် အပြစ် ပေး လိုက် ပြီ ဖြစ်ပါတယ်။

FNG ၊   ၊၁၉၇၁ ခုနှစ် ပါကစ္စတန် နိုင်ငံ လက် အောက် က လွတ် မြောက် ဖို့  တိုက် ပွဲ ၀င် ခဲ့ တဲ့
ဘင်္ဂလားဒေရှ် လွတ်လပ်ရေး တိုက်ပွဲ ကာလ မှာ လူသတ် မှု ၊ နှိပ်စက် ညှင်း ပန်းမှု တွေ
ကျုးလွန် ခဲ့သူ အသက် ၆၅ နှစ် အရွယ် Jamaat-e-Islam ပါတီ ရဲ့  အထွေ ထွေ အတွင်း
ရေး မှု Abdul Quader Molla ကို ဒီနေ့  သေဒဏ် အပြစ် ပေး မှာ ကို ဘင်္ဂလားဒေရှ်
အစိုး ရ က အနည်း ငယ် ရွှေ့  ဆိုင်း ထား ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန် မှာ ကြိုးပေး သတ် ဖြတ်ဖို့  စီစဉ် ထား
ပေမယ့် ဗုဒ္ဓဟူးနေ့  အထိ ရွေ့  ဆိုင်း ထား မှာ ဖြစ် ပါတယ်။ ကုလ သမဂ္ဂ က မိုလာ ကို တရား
စီရင် မှု ဟာ မျှတမှု မရှိ ဘူး လို့  ဝေ ဖန်  ပြီး တဲ့ နောက် ဆိုင်းငံ့ ထား တာ ဖြစ် ပါတယ်။

မိုလာ ကို စက်တင် ဘာ လက သေဒဏ် ချမှတ် ခဲ့ တာ ဖြစ် ပါတယ်။

သူ့  ကို သေဒဏ် ချမှတ် မှု ဟာ ပါတီ ခေါင်းဆောင် နဲ့  ဘာသာရေး ခေါင်း
ဆောင် တစ်ဦး ဖြစ်တဲ့  အသက် ၉၁ နှစ် အရွယ် ဂူလမ် အာဇမ် ကို ဒါကာ တရားရုံး
က ထောင်ဒဏ် နှစ် ၉၀ ချမှတ် ပြီး နှစ် ရက် အကြာ မှ သေဒဏ် ချမှတ် တာ ဖြစ်ပါတယ်။

Abdul Quader Molla ဟာ ပါကစ္စတန် လက် အောက် က နေ ဘင်္ဂလာ ဒေရှ် လွတ်မြောက်
ရေး တိုက် ပွဲ ၀င် ခဲ့ စဉ် က လွတ်မြောက်ရေး လှုပ်ရှား
တဲ့ သတင်း ထောက် တွေ ၊ ကဗျာ ဆရာ တွေ ၊ ကျောင်း ဆရာ တွေ ၊ အဆို
တော် တွေ ကို ပြန်ပေး ဆွဲ သတ် ဖြတ် မှု တွေ ဦးဆောင် လုပ် ခဲ့တဲ့ သူ ဖြစ်ပါတယ်။

အဆိပ် နဲ့  တခြား နှိပ် စက် မှု တွေ သုံး ပြီး အစု လိုက် အပြုံ လိုက် သတ် ဖြတ် မှုတွေ
ကို ပါ အလီ ဟာဆန် က ကျုးလွန် ခဲ့ ပါ တယ်။

Abdul Quader Molla ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ် ပြီး နောက် သူ့  ကို ထောက်
ခံ သူ တွေ က ဆော် သြ ထား တဲ့ နိုင်ငံ တ၀ှမ်း ဆန့် ကျင် ဆန္ဒ ပြ မှု ကို
လည်း ဘင်္ဂလား ဒေရှ် အစိုး ရ က တားဆီး နိုင်ခဲ့ ပါတယ်။

ဘင်္ဂလားဒေရှ် လွတ် လပ် ရေး ကာလ မှာ ပါကစ္စတန် စစ်တပ် က လူ သုံးသန်း ကျော်
ကို သတ် ဖြတ် ခဲ့ ပြီး အမျိုးသမီး နှစ် သိန်း ကျော် ကို မုဒိမ်း ကျင့် ခဲ့ ပါတယ်။

Advertisements