ထိုင်းနိုင်ငံရေး မှာ မြန်မာ စစ်တပ် ပါဝင်နေသလား

တင်ကျော်ကျော်စိုး – သက်ဆင် လိုလား သည့် ရှပ် နီ ခေါ် အာဏာရှင်ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး
UDD မှ အမာခံ အချို့  ကို မြန်မာ စစ်တပ် က ကျိုင်းတုံ ၊ တာချီလိတ် နှင့် ရှမ်းပြည်
နယ် ဒေသ အချို့  တွင် လျှို့ ဝှက် သင်တန်းများ ပေး နေသည် ဟု ထိုင်းနိုင်ငံရေးရပ်
ကွက် တွင် သတင်း များ ထွက် ပေါ် ပြီး နောက် ထိုင်းစစ်တပ် အကြီး အကဲ ပရာ့ယု
ချာနိုချာ က ထိုင်း နိုင်ငံ သည် ” ပြည်တွင်း စစ် ကို ဦးတည် နေ သည်” ဟု သတိပေး
လိုက်သည်။

၂၀၁၀ ခုနှစ် ဧပြီ နှင့် မေလ က အဘီဆစ် ၀ိဇ္ဇာဇီဝ ၏ အစိုးရ လက်ထက် ထိုင်း နိုင်ငံ တ၀ှမ်း
တွင် UDD တို့  ၏ အုံကြွ ဆန္ဒပြ မှု များ ပေါ် ပေါက် ပြီး နောက် ကြမ်းကြမ်းရမ်းရမ်း ဆန္ဒပြ
ခဲ့သည့် ရှပ်နီ အချို့  မှာ မြန်မာ နိုင်ငံ တွင်း သို့  ပြေးဝင် ခိုလှုံ သည် ဟု သတင်းများ ထွက်
ပေါ် ခဲ့ ဖူး သည်။

လက်ဖြောင့် သေနတ် သမား ၏ လက်ချက်ဖြင့် သေဆုံး ခဲ့သည့် ဆန္ဒပြမှု ကို ဦးဆောင်
သည့် ထိုင်းဒုဗိုလ် ချုပ် ကြီး ဟောင်း ခတ္တိ ယ ဆ၀ါဒီဖော ၏ တပည့် ထိုင်းစစ်တပ် အရာရှိ
နှစ်ဦးခန့် ပင် မြန်မာ နိုင်ငံ တွင်းသို့  ထွက် ပြေး ခိုလှုံ ခဲ့ သည် ဟု ဆိုသည်။

” မြန်မာ စစ်တပ် က ခိုလှုံခွင့် ပေး မပေး တော့ မသိဘူး ၊ ကျွန်တော် တို့  လှုပ်ရှား တဲ့ နယ်
မြေမှာ ခိုလှုံ ခွင့် တောင်း တဲ့ ရှပ်နီ တွေ ရှိ ခဲ့ ဖူးတယ် ။ မီးလောင်ဗုံး နဲ့  ပြန်ပစ်တာ တို့  ဘာတို့ 
လုပ် ခဲ့ ဖူး တဲ့ လူ တွေ လေ ၊ အဖမ်းခံ ရ မှာ ဆိုး လို့  ရှောင်တိမ်း တဲ့ သဘောပေါ့ ” ဟု DKBA
အရာရှိ ဟောင်း တစ်ဦး က FNG ကို ပြောသည်။

မြန်မာ အစိုးရ က ယခုနှစ်ဆန်း ပိုင်း တွင် ၂၀၀၆ စက်တင်ဘာလ တွင် စစ်တပ် အာဏာသိမ်းပြီး
ရာထူး မှ ဖယ်ရှားခံရသည့် ၀န်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ ကို တာချီလိတ် မြို့ 
တွင် ၎င်း အား ထောက်ခံသူ ထိုင်းလူမျိုးများ နှင့် တွေ့ ဆုံ နိုင်ရန် စီစဉ် ပေး ခဲ့သည်။ သို့  သော်
လည်း ထောက်ခံ သူများ ထဲ တွင် သက်ဆင် ကို လုပ်ကြံနိုင်သူ ပါလာ နိုင်သည် ဆိုသည့် သတင်း
ကြောင့် သက်ဆင် က ပင် ထိုအစီအစဉ် ကို ဖျက်သိမ်းခဲ့သည်။

ထိုင်း နှင့် မြန်မာ သင်္ကြန် ကာလ အတွင်း မှာ မူ ထိုင်းဝန်ကြီး ချုပ် ဟောင်း မန္တလေးတိုင်း ပြင်ဦးလွင်
မြို့  သို့  ကိုယ်ပိုင် ဂျက်လေယာဉ် ဖြင့် လာရောက် လည် ပတ် ပြီး မြန်မာ ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် ပျော်ပျော် ရွှင်ရွှင် ရေပက်ကစား ခဲ့ကြသည်။ သက်ဆင် နှင့် အတူ
ထိုင်း စစ်ဗိုလ်ဟောင်း တစ်ချို့ လည်း သင်္ကြန် ကာလ လည်ပတ် မှု တွင် ပါ ၀င်ခဲ့ ပြီး သူတို့  က ထိုင်း
စခန်း ဟု ခေါ် သည့် ရှပ်နီ အချို့ ခိုလှုံ နေသည့် ရှမ်း ပြည်နယ် မြို့  များ သို့  သွား ရောက်ခဲ့သည်။

အဘီဆစ် ၀ိဇ္ဇာဇီဝ တို့  ၏ ယင်လပ် ရှင်နာဝတ်ထရာ ဆန့် ကျင်မှု ပို ဆိုးရွားလာ လျှင် မြန်မာ စစ်တပ်
က လေ့ကျင့် ပေး ထား သည့် ရှပ်နီ များ သည် ထိုင်း မြောက်ပိုင်း မြို့  များ ကို ၀င်ရောက် စီနင်းသိမ်း
ပိုက် မည် ဟု လည် ဒီဇင်ဘာလ ဆန်း က ထိုင်း စစ်တပ် တွင်း သတင်း များ ပေါ် ထွက် ခဲ့သည်။

မြန်မာ စစ်တပ် က လေ့ကျင့် ပေး ထားသည့် ထိုင်း ရှပ်နီ အုပ်စု  တကယ် ရှိ မရှိ မှာ အတည်ပြုရန် ခဲယဉ်းလှ သော်
လည်း ၀န်ကြီးချုပ် ဟောင်း သက်ဆက် က မြန်မာ နိုင်ငံ ကို သူ ၏ ရှေ့ တန်းစခန်း တစ်ခု လို့  သဘော
ထား ပြီး ထိုင်း နိုင်ငံရေး ကို ကြိုးကိုင် ထား သည် မှာ အထင် အရှား ပင် ဖြစ်သည်။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း တွင် ထိုင်း လူ မျိုး အမြောက် အများ ရှိ ပြီး ထို သူများ မှာ သက်ဆင်
၏ လူများ ဖြစ်သည် ဟု ဘန်ကောက် ရှိ ထိုင်း လူ မျိုး အင်ဂျင် နီယာ တစ်ဦး က FNG ကို ပြောသည်။
ထားဝယ်ရေ နက် ဆိပ်ကမ်း စီမံကိန်း တွင် သက်ဆင် အတွက် သီးသန့်  အိမ် တစ်လုံး ရှိ ပြီး ထို အိမ်
ကို ထိုင်း လူမျိုး အချို့  က နေ့  ည မပြတ် စောင့် ကြပ် သည်။

” သက်ဆင် အိမ် ရှိတယ်၊ ဘယ်သူမှ သွား လို့  မရဘူး ၊ ထိုင်းတွေ လဲ ရှိတယ်၊ လက်နက်တော့ ရှိလာ
မရှိလား မသိဘူး ၊ တစ်ခါ တစ်လေ ထိုင်း တွေ အုပ် လိုက် ရောက် လာ တတ်တယ်” လို့  ထားဝယ်
အခြေစိုက် သတင်း ထောက် တစ်ဦး က FNG ကို ပြောသည်။

FNG မှ စုံစမ်း သိရှိ ရသမျှ သတင်းထဲ တွင် ရာခိုင်နှုန်းများ စွာ ကျိန်းသေ သည့် သတင်း က တော့
ထိုင်း ၀န်ကြီးချုပ် ဟောင်း သက်ဆင် က မြန်မာ စစ်ခေါင်းဆောင် ဟောင်း ကြီး ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ အတွက် ထိုင်း နိုင်ငံ ဘန်ကောက် နှင့် ချင်းမိုင်း မြို့  များ ရှိ တန်ဖိုးကြီး အိမ် များ လက်
ဆောင် ပေး ထား သကဲ့ သို့  ကာကွယ်ရေး ဦးစီး ချုပ် သစ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို လည်း
ဖူးခက် နှင့် စင်္ကာပူ တွင် အဖိုးတန် ကွန်ဒို နှင့် နေအိမ်များ လက်ဆောင် ပေး ထား သည် ဟု သိရသည်။

ထို့  အတွက် ကြောင့် လည်း မြန်မာ အစိုးရ က သက်ဆင် နှင့် နောက်လိုက် နောက် ပါ များ ကို နိုင်ငံ တွင်း
သို့  ပေါ် တင် တစ်မျိုး  တိုးတိုး တိတ်တိတ် တစ် မျိုး နည်း မျိုးစုံ ဖြင့် ခြေ ချ ခွင့် ပေး ထား ခဲ့ သည်။

ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး က ” သက်ဆင် မြန်မာ နိုင်ငံ ကို နှစ် လ တစ်ခါ လောက် ပုံ
မှန်လာ တယ် ရှမ်း ပြည် ဘက် ကို့  သွားတယ်၊ ထား ၀ယ် ဘက် ကို သွား တယ် ၊ ဘာသွား လုပ်သလဲ
တော့ မသိဘူး” ဟု ပြောသည်။

ထိုင်း နိုင်ငံ ရှိ မြန်မာ လူမျိုး ဆရာဝန် တစ်ဦး က ” ထိုင်း တွေ ၀ဋ် လည်ပြီ လေ တစ်ချိန် က မြန်မာ အတိုက်
အခံ တွေ ကို ထိုင်း မြေမှာ ချေ ခြ ခွင့် ပေး ခဲ့ တယ်။ အခု ထိုင်း တွေ မြန်မာ ပြည် က နေ ခြေကုပ် ပြန်ယူရပြီ
ဟု ဆိုသည်။

ထိုင်း နိုင်ငံရေး မငြိမ် သက် မှု ပြင်း ထန် နေ ချိန် တွင် ထိုင်း စစ်တပ် က မည် သူ့  ဘက်မှ မလိုက် သော် လည်း
ထိုင်း နိုင်ငံ ရေး က ပြည် တွင်း စစ်ဘက် သို့  ဦးတည် နေ ပြီ ဟု နိုင်ငံရေး သမားများ ၊ ဂျာနယ်လစ်များ ၊ သံတမန်
များ ၊ စစ်တပ် အကြီး အကဲများ က ပါ သုံးသပ် ကြသည်။

ပြည်တွင်း စစ်ဖြစ်လျှင် ထိုင်း တောင်ပိုင်း နှင့် မြောက် ပိုင်း ဟူ ၍ နှစ်ပိုင်း ကွဲ သွား နိုင်သည်။ ထိုသို့  ကွဲသွား
လျှင် ကုန်းတွင်း ပိတ် ဖြစ် ကျန် ခဲ့မည့် သက် ဆင် လို လားသည့် မြောက်ပိုင်း ကို မြန်မာ က မဟာဗျုဟာ
မြောက် အညှာ ကိုင် ထား နိုင်ရန် သက်ဆင် ၏ အင်အားစု များ ကို ကျောထောက်နောကခံ ပေးခြင်း ဖြစ်
နိုင်သည်။

သက်ဆင် ကို့  လက်ခံ ဖို့  ၊ ရှပ်နီ တွေ ကို ခြေကုပ်စခန်း ပေး ဖို့  ၊ ထိုင်း နိုင်ငံရေး ကို ဇာတ်ကောင် တွေ ကို
စိတ်ဓာတ်ခွန်အား ပေး ဖို့  မြန်မာ စစ်တပ် နှင့် အစိုးရ အား  တရုတ် က လည်း ပြော ကောင်း ပြောထားပေ
လိမ့်မည်။

ပုံမှန် အား ဖြင့် အမေရိကန် လိုလား သည့် ထိုင်း အစိုးရ ကို တရုတ် က လွှမ်းမိုး နိုင်မှု မရှိ သလောက် ဖြစ်ခဲ့
သော်လည်း ပြည်တွင်း စစ်သို့  ဦးတည် နေ သည့် ထိုင်း နိုင်ငံရေး မှာ တရုတ် လက်စ လက်နများ လည်း
ပါဝင် နေပေ လိမ့်မည်။

5430005.-SZ-171212-Dawei

ထားဝယ်ရောက် သက်ဆင် ဓာတ်ပုံ - Eleven Media

ထားဝယ်ရောက် သက်ဆင် ဓာတ်ပုံ – Eleven Media

Thai, Yingluck Shinawatra,Bangkok, Democrat Party

Advertisements

One response to “ထိုင်းနိုင်ငံရေး မှာ မြန်မာ စစ်တပ် ပါဝင်နေသလား

  1. Pingback: MyanmarLatestNews » ထိုင်းနိုင်ငံရေး မှာ မြန်မာ စစ်တပ် ပါဝင်နေသလား·

Comments are closed.