မီဒီယာ ကျွမ်းကျင်သူ များ အတွက် Mac Pro ကို apple မိတ်ဆက်

ကွန်ပျူတာ တစ်လုံး ကို အမေရိကန် ဒေါ်လာ ၂၉၉၉ က နေ စတင်ပြီး ဒေါ်လာ တစ်
သောင်း ကျော် အထိ ကျသင့်မယ့် Mac Pro ကွန်ပျုတာ ကို Apple က စတင် မိတ်
ဆက်လိုက်ပါ ပြီ။

ကွန်ပျူတာ ဂရပ်ဖစ် ပညာရှင် တွေ ၊ ဓာတ်ပုံ ပညာရှင် တွေ ၊ ဆော့ဖ်ဝဲ နဲ့  အန်နီမေးရှင်း
ဖန်တီးမှု ကျွမ်းကျင်သူတွေ ၊ ဗီဒီယို တည်းဖြတ်သူ တွေ အတွက် ဒီ ကွန်ပျူတာ ကို ထုတ်
လုပ် တာ လို့  ဈေးကွက် မိတ်ဆက် ပွဲ မှာ ပြောပါတယ်။

Apple က ထုတ်တဲ့ ကွန်ပျူတာ တွေ ထဲ မှာ အမြန်ဆုံး ကွန်ပျုတာ လည်း ဖြစ် ပါတယ်။
ဆလင်ဒါ စက်လုံးပုံ အနက် ရောင် CPU တာဝါ နဲ့  ကွန်ပျုတာ ဖန်သား ပြင်က လည်း
တောက်ပြောင် တဲ့ အနက်ရောင် ဖြစ် ပါတယ်။

တစ်စက္ကန့်  ကို ၁၀ ဂီဂါ ဘိုက် အချက် အလက် အလွှဲ အပြောင်း လုပ် နိုင်မယ့် Thunder Bolt Port
နှစ် ခု ပါ ရှိ ပြီး USB 3.0 Port လေးခု ပါရှိ ပါတယ်။ Intel Xeon ပရိုဆက်ဆာ
နဲ့  OS X စီမံခန့် ခွဲမှု ဆော့ဖ်ဝဲဖြစ် ပါတယ်။

mac-pro-12-650x406

Apple, Mac Pro, Removable CPU

Related articles

Advertisements

One response to “မီဒီယာ ကျွမ်းကျင်သူ များ အတွက် Mac Pro ကို apple မိတ်ဆက်

  1. Pingback: MyanmarLatestNews » မီဒီယာ ကျွမ်းကျင်သူ များ အတွက် Mac Pro ကို apple ရောင်းချ·

Comments are closed.