ဖော်မြူလာ ၀မ်း ကားမောင်း ချံပီယံ ဟောင်း မိုက်ကယ် ရှုးမာကာ နှင်းလျှောစီး မတော်တဆ ဖြစ်

၁၉၉၇ ခုနှစ် မှာ မြန်မာ နိုင်ငံရန်ကုန် မြို့  ကို လာရောက် လည်ပတ်ခဲ့ဖူးတဲ့  ဖော်မြူလာ ၀မ်း
ကားမောင်း ချံပီယံ ဟောင်း မိုက်ကယ် ရှုးမာကာ  ဟာ ပြင်သစ် နိုင်ငံမာရီဘယ် မြို့  က
အယ်လဲပ် တောင်တန်း တွေ မှာoff -piste (Back country)  လို့ ခေါ်တဲ့
နှင်းလျှောစီးရန် သတ်မှတ် ထားခြင်း မရှိတဲ့  စွန့် စား ခရီးကြမ်း  နှင်းလျှောစီး နေရာ တွေ
မှာ နှင်းလျှော စီးနေ တုန်း မတော် တစ် ဆ မှု ဖြစ်တာ ကြောင့် ဦးခေါင်း မှာ ထိခိုက်
ဒဏ်ရာ ရရှိ ခဲ့ ပြီး သတိလစ် မေ့မျောခဲ့ ပါတယ်။

ရဟတ်ယာဉ် နဲ့  Grenoble တက္ကသိုလ် ဆေးရုံ ကို အရေး ပေါ် ပို့  ဆောင်ခဲ့ မယ့်
ကိုမာ လို့  ခေါ်တဲ့ ပုံမှန် အသက် ရှု နှုန်း နဲ့  သတိလစ် မေ့ မျော နေတယ် လို့  France
24 သတင်း မှာ ဖော် ပြထား ပါတယ်။

အသက် ၄၄ နှစ် ရှိ ပြီး ဖြစ် တဲ့ ဂျာမဏီ နိုင်ငံ သား ရှုးမာကာ ဟာ အသက် ၁၄ နှစ် အရွယ်
သူ့  ရဲ့  သား နဲ့  နှင်းလျှော စီးနေ တုန်း လဲကျ ပြီး ကျောက်တုန်း နဲ့  ခေါင်း ကို ထိခိုက်မိတာ
ဖြစ် ပါတယ်။ ဆေးရုံ မှာ သူ့  ရဲ့  ဇနီး Corinna နဲ့  ကလေး နှစ်ဦး တို့  အတူ ရှိ နေပါတယ်။

ပြင်သစ် မော်တော် ကား မောင်း ချီပီယံ Olivier Panis က ဆေးရုံ ကို သွားရောက်
ကြည့် ရှု ခဲ့ ပေမယ့် လည်း တာဝန်ကျ သူတွေ က ရှုးမာကာ ရှိတဲ့ နေရာ ကို သွားလွင့် မပေး
ဘူး လို့  ဆို ပါတယ်။

မော်တော် ကား မောင်းနှင်မှု မှာ အံ့မခန်း စံ ချိန် တင်တာကြောင့်  ဒူဘိုင်း စော်ဘွား ရှိခ် မိုဟာမက်
ဘင် ရာရှစ် တို့  လို့  နိုင်ငံ တကာ မော်တော်ကား အမြန် မောင်း ၀ါသနာ အိုးတွေ ရဲ့  ဈေးကြီးတဲ့
အိမ်၊ ခြံ၊ မြေ လက်ဆောင် တွေ လက်ခံ ရရှိခြင်း ခံရသူ လည်း  ဖြစ် ပါတယ်။

၁၉၉၁ ခုနှစ် မှာ သူ့  ရဲ့  ပထမ ဦးဆုံး အကြိမ် F1 ချံပီယံ ကို ရရှိ ခဲ့ ပြီး အဲဒီ အချိန် က သူ့  အသက်
၂၂ နှစ် ပဲ ရှိ ပါသေးတယ်။ ၂၀၀၆ ခုနှစ် မှာ ရှုးမာကာ ပထမ အကြိမ် အနားယူတဲ့ အထိ
ချံပီယံ ဆု ခုနှစ်ကြိမ် ရရှိ ခဲ့ ပြီး ချံပီယံ ဆု ငါးကြိမ် ကို Ferrari မော်တော် ကား နဲ့  ပြိုင် ပွဲ ၀င် ပြီး ရရှိခဲ့
တာ ဖြစ် ပါတယ်။

၂၀၁၀ ခုနှစ် မှာ မာစီးဒီး မော်တော် ကား နဲ့  ပြေးလမ်း ပေါ်  မှာ တစ်ကျော့ ပြန် ကစုန်စိုင်း ခဲ့ပေမယ့်
အရင်က သူ ဖွင့်ဖောက်အောင် ပွဲခံခဲ့ တဲ့ ရှမ်ပိန် (ရှပ်ပိန်ငယ်)  champagne  ဖော့ဆို့  တွေ နဲ့  ဝေးခဲ့
ရပါတယ်။

မိုက်ကယ် ရှုးမာကာ မတော် တစ် ဆ ဖြစ်ရတဲ့ အကြောင်း အရင်း ကို ရဲ  က အတိအကျ သတင်းမထုတ်
ပြန် သေးတဲ့ အတွက် သတင်း ဘာကြောင့် ဒီလို ဖြစ်ရသလဲ ဆိုတာ ဘယ်သူမှ မသိရ သေးပါဘူး။

အပန်းဖြေ နှင်းလျှောစီး ၀န်ဆောင်မှု ဌာန ရဲ့ မန်နေဂျာ Gernignon-Lecomte က  မာကာ ဟာ
ဦးခေါင်း ကာ ဟဲလ်မက် ဆောင်းထား တယ် လို့  ပြောပါတယ်။

မော်တော် ကား မောင်း နှင် မှု အပြင် မော်တော်ဘုတ်၊ ဆိုင်ကယ် နဲ့  နှင်းလျှောစီးတာ သူ့  ၀ါသနာ ဖြစ် ပါတယ်။

သူ့  ရဲ့ ပရိသတ်တွေ က တော့ ညဘက် မှာ ဆေးရုံရှေ့ မှာ ဆုတောင်း ပေး နေကြ ပါတယ်။
144866-3x2-940x6271156988-18133641-640-360Michael Schumacher

Formula 1, Michael Schumacher

Olivier Panis

Advertisements

One response to “ဖော်မြူလာ ၀မ်း ကားမောင်း ချံပီယံ ဟောင်း မိုက်ကယ် ရှုးမာကာ နှင်းလျှောစီး မတော်တဆ ဖြစ်

  1. Pingback: MyanmarLatestNews » ဖော်မြူလာ ၀မ်း ကားမောင်း ချံပီယံ ဟောင်း မိုက်ကယ် ရှုးမာကာ နှင်းလျှောစီး မတော်တဆ ဖြစ·

Comments are closed.