ဂျက်ကီချန်း ရဲ့  Police Story 2013 တရုတ်ပြည် မှာ ရုံ ပြည့် ရုံ လျှံ အောင်ပွဲခံ

ဟောင်ကောင် ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့  Police Story 2013 ဟာ
တရုတ် ပြည်မှာ တိုးမပေါက် လောက် အောင် ရွှေပွဲလာ တွေ နဲ့  ပြည့်
နေပါတယ်။ ခရစ္စမတ် အကြိုနေ့  က စပြီး ပြခဲ့ ရာ မှာ တစ်ပတ် အတွင်း
တရုတ် နိုင်ငံ အနှံ မှာ  ကြည့် ရှု သူ ၄၆ သန်း ကျော် ရှိ တယ် လို့ 
တရုတ် သတင်း တွေ မှာ ဖော်ပြထား ပါတယ်။

၁၉၈၅ ခုနှစ် မှာ ဟောင်ကောင် တော်ဝင် ရဲ တပ် ဖွဲ့  က ရဲဆာဂျင် ကြီး
ချန်ကာကွေ အဖြစ် သရုပ်ဆောင်ခဲ့ တဲ့ ဂျက်ကီချန်း ဟာ အဆင့် ဆင့်
ရာထူးတိုးပြီး ၂၀၀၄ ခုနှစ် New Police Story မှာ အင်စပက်တော်
ကြီး အဖြစ် သရုပ်ဆောင်ခဲ့ ပါတယ်။

Police Story 2013 မှာ တော့ သူက ဟောင်ကောင် ရဲ  မဟုတ် တော့
ဘဲ တရုတ် ပြည် က ရဲ  စုံထောက် ကြီး အဖြစ် သရုပ်ဆောင်ထား ပါတယ်။

ဂျက်ကီးချန်း က ” ပုလိပ် အဖြစ် အကြိမ်ကြိမ် သရုပ်ဆောင်ခဲ့ ဖူးတယ်၊
တရုတ် ပုလိပ် အဖြစ် က တော့ အခု ပထမ ဆုံး အကြိမ်ပဲ လို့ ”  ဟောင်ကောင်မှာ
မွေးတဲ့ ရုပ်ရှင်သရုပ်ဆောင် က LA Times သတင်းစာ ကို ပြောပါတယ်။

၁၉၈၅ ခုနှစ် က Police Story က စလို့  ၁၉၈၈ ခုနှစ် Police Story 2 နဲ့ 
နောက်ဆုံး ပုလိပ် ပုံပြင် ရုပ်ရှင် ကား အထိ နိုင်ငံတကာ မှာ လူကြိုက်များ
ပါတယ်။

Police Story ဇာတ်ကား တွေ ကို မြန်မာ နိုင်ငံ မှာ လည်း ရုံတင် ပြသခဲ့ ပြီး
ဖြစ်ပါတယ်။

Advertisements