အခြေခံ ဥပဒေ ပြင်ဆင်ရေး သမ္မတ ထောက်ခံ
မြန်မာ နိုင်ငံ သား မည်သူ မဆို နိုင်ငံရေး အရ ဦးဆောင်မှု ဖြစ်တဲ့ သမ္မတ ဖြစ်ခွင့်
ရှိ တယ် လို့  ဇန်န၀ါရီ လ ၂ ရက် နေ့  သူ့  ရဲ့ နှစ်သစ်ကူး ရေဒီယို မိန့် ခွန်း မှာ မြန်မာ
သမ္မတ ဦးသိန်းစိန် က ပြောကြား သွား ပါတယ်။
ခောတ်ကာလ အချိန် အခါ နဲ့  လူ့  အဖွဲ့  အစည်း နဲ့  သဟဇာတ ဖြစ် အောင် အခြေခံ
ဥပဒေ ကို ပြင်ဆင် ရေး ဆွဲ တာ မျိုး ကို လည်း သူ ထောက်ခံ ကြောင်း သမ္မတ က ပြော
ပါတယ်။
သမ္မတ လို ရာထူး မျိုး ရရှိ နိုင် ဖို့  အတွက် အခြေခံ ဥပဒေ ကို ပြင်မယ် ဆိုရင် တော့
အမျိုးသား အကျိုးစီးပွား တွေ ၊ အမျိုးသား လုံ ခြုံရေး တွေ ကို  မထိခိုက် ဖို့  လိုကြောင်း
ကိုတော့ သူ က ထည့် သွင်း ပြောကြား သွား ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဟောပြော
ပြု ပြော ဆို သွား ပါတယ်။
ရေဒီယို မိန့် ခွန်း မှာ လွတ်လပ် ရေး နေ့  ကို ကြိုဆို ဂုဏ် ပြု တဲ့ အနေနဲ့  သေဒဏ်ကျ အကျဉ်း
သား တွေ ကို တစ်သက် တစ် ကျွန်း ပြစ်ဒဏ် ပြောင်း ပေး ပြီး ၊ ကျန် တဲ့ အကျဉ်းသား
တွေ ကို ပြစ်ဒဏ် ရဲ့ လေးပုံ တစ်ပုံ ပဲ ကျခံစေဖို့  လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။
ဦးသိန်းစိန် က လစဉ် မိဘပြည်သူ များ ခင်ဗျား လို့  အစ ချီ ပြီး ရေဒီယို မိန့် ခွန်း ပြောရာ
မှာ ဒီတစ်ကြိမ် က တော့ ထူးခြား တယ် လို့  ရန်ကုန် မြို့  က သောတရှင် တစ်ဦးက FNG
ကို ပြောပါတယ်။
Advertisements
One response to “အခြေခံ ဥပဒေ ပြင်ဆင်ရေး သမ္မတ ထောက်ခံ
  1. Pingback: MyanmarLatestNews » အခြေခံ ဥပဒေ ပြင်ဆင်ရေး သမ္မတ ထောက်ခံ·
Comments are closed.