ရုပ်ရှင် ကားပေါင်း ၈၀၀ ကျော် ထုတ်လုပ် ခဲ့ တဲ့ ရှောဘရားသား ရုပ်ရှင် ထုတ်လုပ်ရေး ကို တည်ထောင်သူ ဆာ ရန်ရန်ရှော အသက် ၁၀၆ နှစ် မှာ ကွယ်လွန်

ရှောဘရားသား ရုပ်ရှင် ထုတ် လုပ် ရေး နဲ့  စတူဒီယို ကို တည်ထောင် ပြီး ဟောင်ကောင်
အက်ရှင် ရုပ်ရှင် ကား တွေ နဲ့  Blade Runner တို့  လို  ဟောလိဝုဒ် ရုပ်ရှင် ကား တွေ ကို
ထုတ်လုပ်ခဲ့ တဲ့ ဟောင်ကောင် ရုပ်ရှင် သူဌေးကြီး ရန်ရန်ရှော ဟာ အသက်  ၁၀၆ နှစ် အရွယ်
မှာ ကွယ်လွန် သွား ပြီ ဖြစ် ပါတယ်။

ဟောင်ကောင် ရုပ်ရှင် ထုတ် လုပ်ရေး ရဲ့ ဂေါဒ် ဖားသား လို့  တင်စား ခေါ်ဝေါ် ကြ တဲ့ ဆာရန်ရန်
ရှော ဟာ ၊ ၁၉၈၅ ခုနှစ် က ကွယ်လွန် ခဲ့တဲ့ သူ့  ရဲ့ အကို Run Me အပါအ၀င်
ညီအကို လေးယောက် နဲ့   ရှောဘရား သား ရုပ်ရှင် ကုမ္ပဏီ ကို တည် ထောင် ကာ အသံတိတ် ရုပ်ရှင်
ဇာတ်ကား မှ သည် အသံထွက် ရုပ်ရှင် ဇာတ်ကား တွေ အထိ ရုပ်ရှင် ကား ပေါင်း ၈၀၀ ကျော် ကို ထုတ်
လုပ် ခဲ့ ပါတယ်။

Run Me ရေးတဲ့ Man From Shensi ဆိုတဲ့ ဇာတ်ညွန်း ကို ၁၉၂၄ ခုနှစ် မှာ စတင် ရုပ်ရှင် ရိုက်ကူး
ပြီး တဲ့ သူ  တို့  ညီ အကို တွေ ဟာ ရှောဘရားသား ဆို တဲ့ ရုပ်ရှင် ကုမ္ပဏီ ကို တည်ထောင်ခဲ့ ကြ တာ
ဖြစ် ပါတယ်။

တစ်ချိန် က မြန်မာ နိုင်ငံ ရုပ်ရှင် ရုံ တွေ မှာ  “ရှောဘရားသား ဇာတ်ကား သစ်ကြီး ရုံ ၀င် ပြီ” စသဖြင့် ကြော်ငြာ ခဲ့
သလို   ၊ တစ်ဦး တစ်ယောက် က နမော်နမဲ့ ပြု မူ မိတဲ့ ကိစ္စတွေ မှာ ” ရှောဘရားသား ဖြစ်ကုန် မယ်နော်”
စသဖြင့် သုံးနှုန်း ကြတဲ့ အထိ  ရှော ညီ အကို တွေ ရဲ့  ရုပ်ရှင် ထုတ် လုပ် ရေး ဟာ မြန်မာ လူ့  အဖွဲ့  အစည်း
မှာ ပါ လွှမ်းမိုး မှု ရှိ ခဲ့ ပါတယ်။

၁၉၇၀ ပြည့် လွန် နှစ် တွေ မှာ ဘရုစ်လီ နဲ့  ဂျက်ကီချန်း တို့  နှစ်ဦး နဲ့  စာချုပ် ချုပ် ဆို ထား တဲ့ Golden Harvest
ကုမ္ပဏီ နဲ့  ပြိုင် ဆိုင်မှု ပြင်းထန် ခဲ့ ပေမယ့် မင်းသား ဟယ်ရီဆင် ဖို ဒ် ပါဝင် တဲ့ Blade Runner ဆိုတဲ့ ဟော
လိဝုဒ် ဇာတ်ကား ထိ ရှော ဘရားသား က ထုတ် လုပ် နိုင်ခဲ့ ပါတယ်။

ပွဲဦးထွက် မှာ စရိတ် ကာ မိ ရုံ လောက် သာ အမြတ် ရတဲ့ ရုပ်ရှင် ကား တွေ လောက် ကို သာ ထုတ်လုပ် နိုင်ပေ
မယ့် ၁၉၆၀  မှာ The One-Armed Swordsman လက်တစ်ဖက် ပြတ် ဓားသမား ၊ The Lady General,
Madame White Snake, Five Fingers of Death စတဲ့  ကွန်ဖူး ဇာတ်ကား တွေ ကို ထုတ် လုပ် နိုင်ခဲ့ ပြီး
ဝင်ငွေ ကောာင်း ခဲ့ ပါတယ်။

ရှောဘရားသား ညီ အကို ဟာ တရုတ် နိုင်ငံ  ဇီကျန် ပြည်နယ် မှာ မွေးဖွားခဲ့ တာ ဖြစ် ပြီး  ရန်ရန်ရှော လို လူသိမများ
ခင် မှာ Shao Yifu ဆိုတဲ့ နာမည် နဲ့  တရုတ် နိုင်ငံ မှာ ရုပ်ရှင် တွေ ထုတ် လုပ် ခဲ့ ပြီး ကွန်မြူနစ် နဲ့  အမျိုးသားရေး
ဝါဒီ တွေ အာဏာ ရ လာ ချိန် မှာ စင်္ကာပူ ကို သူတို့  ညီ အကို တွေ ထွက် ပြေး ခဲ့ ပါတယ်။

ဂျပန် တွေ ၀င် တော့ အမေရိကန် ဒေါ်လာ လေး သန်း တန်ဖိုး ရှိ တဲ့ ရွှေ တွေ ကို သူ တို့  ရဲ့ ခြံ နောက် ဖေး မှာ မြုပ်
နှံ ထား ခဲ့ ပြီး ဒုတိယ ကမ္ဘာ စစ် အပြီး ဂျပန် ဆုတ် တော့ မှာ အဲဒါတွေ ကို ပြန်တူးဖော် ကာ ဟောင်ကောင် ကို ရွှေ့ ပြီး
ရုပ်ရှင် လုပ်ငန်း ကို ပြန် ဆက် လုပ် ကြတာ ဖြစ် ပါတယ်။

ရှော ဘရားသား ညီအကို တွေ ဟာ ရုပ်ရှင် ထုတ် လုပ်ရေး သာမက Macy စတိုး တို့  လို့  ဖက်ရှင် ကုန်တိုက်ကြီး
တွေ ရဲ့ ရှယ်ယာ အများစု ပိုင် တဲ့ သူ ဖြစ် ပြီး တရုတ် ဘာသာ နဲ့  နိုင်ငံ တကာ ကို ထုတ် လွှင့် နေတဲ့ TVB ရုပ်သံ
ကို လည်း ပိုင် ဆိုင် ပါတယ်။

တန်မင်း ဆက် ခောတ်က မောင်းမ မိသံ တွေ အကြောင်း ရိုက် ကူးထား တဲ့   The Magnificent Concubine
ဆိုတဲ့ ရုပ်ရှင် ဇတ်ကား ဟာ ၁၉၆၂ ခုနှစ် မှာ ကိန်း(စ) ရုပ်ရှင် ပွဲ တော် မှာ ဆုရ ရှိခဲ့ ပြီး တရုတ် နိုင်ငံ အကြောင်း ရိုက်
ကူးထား တဲ့ ရုပ်ရှင် ကား တွေ မှာ ပထမ ဦးဆုံး နိုင်ငံ တကာ ဆု ရတဲ့ ဇာတ်ကား လည်း ဖြစ် ပါတယ်။

သင်္ချာ ၊ သိပ္ပံ နဲ့  ဆေးပညာ စတာ တွေ နဲ့  ပတ်သက် ပြီး Shaw Prize လို့  တီထွင် ကာ ဆု တွေ နှစ်စဉ် ပေး အပ် ခဲ့
ပြီး အာရှ တိုက် ရဲ့  နိုဘဲလ် ဆု အဖြစ် လူသိများ ပါတယ်။

ရှော ကုမ္ပဏီ ရဲ့ ရုံး ခွဲ ကို ၁၉၅၀ ပြည့် လွန် နှစ် တွေ မှာ ရန်ကုန် မြို့  မှာ ဖွင့် လှစ် ခဲ့ပေမယ့် ဗိုလ်ချုပ်ကြီး နေ၀င်း
အာဏာ သိမ်းပြီး ပြည်သူ ပိုင် သိမ်းတဲ့ အခါ မှာ တော့ ရှောဘရား သား လည်း ဟောင်ကောင်  သင်္ဘော တစ်စင်း
နဲ့  ရန်ကုန် ရုံးခွဲ က ပစ္စည်း တွေ ကို ပြန်လည် သယ်ဆောင် ပြီး အပြီး တိုင် ပိတ်သိမ်းခဲ့ ပါတယ်။  ရန်ကုန် မှာ ရှော
ရဲ့  ရုံးခွဲ ဖွင့် စဉ် က နေရှင်း ဦးလောရုံ နဲ့  အင်တာဗျုးစဉ် မှာ သူတို့  က ရန်ကုန် မှာ ရှော စတူ ဒီယို ဆောက် ဖို့  အထိ
ရည်ရွယ် ခဲ့ တယ် လို့  ဆို ပါတယ်။

ရှော ကုမ္ပဏီ မှ ထုတ် လုပ် သည့် ထိပ်တန်း ကွန်ဖူး ရုပ်ရှင် ဇာတ်ကား ခုနှစ် ကား

Five Fingers Of Death (1972)

The 36th Chamber Of Shaolin (1978)

8 Diagram Pole Fighter (1984)

The One-Armed Swordsman (1967)

Dirty Ho (1976)

The Battle Wizard (1977)

Chinese Super Ninjas (1982)

Hong Kong film Industry, Shaw Brothers, Sir Run Run Shaw

တစ်နှစ် ကို ဆုကြေးငွေ ဒေါ်လာ တစ်သန်း နီးပါး ချီးမြှင့်တဲ့ ရှောဆု

တစ်နှစ် ကို ဆုကြေးငွေ ဒေါ်လာ တစ်သန်း နီးပါး ချီးမြှင့်တဲ့ ရှောဆု

Advertisements