တောင်သာ တပ်မတော် နဲ့  ဘာမှ မပတ်သက် ဟု ဦးအောင်သောင်း ပြောပြီ

၂၀၁၃ ခုနှစ် က နိုင်ငံတွင်း ဘာသာရေး ၊ လူမျိုးရေး မငြိမ်သက် မှု တွေ မှာ
နာမည် ထွက်ခဲ့ တဲ့ တောင်သာ တပ်မတော် နဲ့  မျိုးရိုးဗီဇခြင်း တူညီ သည့် စွမ်းအားရှင် အဖွဲ့ 
၏ ဦးစီးဦးဆောင် မဟုတ်ကြောင်း အပြတ် ငြင်းခဲ့သည်။ တစ်ဆက် တည်း မှာ ပဲ စွမ်းအားရှင်
သည် မည်သည့် အဖွဲ့  အစည်း ဖြစ်သည်၊ တကယ်ရှိသည် ၊ မရှိသည် ကို လည်း သူမပြော
လို ကြောင်း ရန်ကုန် အခြေစိုက် The Messenger သတင်းစာ နဲ့  အင်တာဗျုးမှာ ပြောသွား ပါတယ်။

FNG က သီးသန့် သိရှိရတဲ့ သတင်း အရ တလောက် ဒုဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်
ကိုရီးယား နဲ့  သံယောဇဉ် မပြတ် လို့  အရေးယူ သလို
တောင်သာ တပ်မတော် ၊ ၂၀၁၃ မငြိမ်သက် မှု တွေ မှာ ကြိုးကိုင်ခဲ့ တယ်လို့  ယူဆရတဲ့ သူ
တွေကို ပိတ် ဆို့  အရေး ယူဖို့  အနောက်နိုင်ငံ တွေ က စီစဉ် နေ ချိန် မှာ ၀န်ကြီး ဟောင်း
ဦးအောင်သောင်း နဲ့  လက်ရှိ အာဏာရ ပါတီ ရဲ့  ထိပ် တန်း ခေါင်းဆောင် တစ်ယောက်
ဖြစ်တဲ့ သူ က အခု လို ကောက် ကာ ငင် ကာ ပြော လိုက် တာ ဖြစ် ပါတယ်။

စနေ နေ့  က တော့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ် ကြီး က မီဒီယာ တွေ ကို
၂၀၁၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့  ပတ်သက် ပြီး ထောက် ခံ ပြော ဆို မှု မှာ ပြည်ထောင်စု
လွှတ်တော် ဥက္ကဌ သူရ ဦးရွှေ မန်း ကို သာ ချီးကျုးဖွယ် ကောင်းတယ့် ပုဂ္ဂိုလ် လို့  ပြောခဲ့ ပြီး ၊
မြန်မာ သမ္မတ ဦးသိန်းစိန် ၊ သံအမတ် ကြီး နဲ့  အကြိမ် ကြိမ် တွေ့ ဖူး တဲ့ ကြံ့ခိုင်ရေး
ပါတီ ခေါင်းဆောင် တွေ ကိုတော့ ဘာ တစ်ခု မှာ အမွှမ်းတင် ပြောသွားတာ မတွေ့  ရ ပါဘူး။

ဒီနောက် မှာ တော့ ဦးအောင်သောင်း ရဲ့  အင်တာဗျုး က ရုတ် ချဉ်း ဆို ပေါ်လာ တာ ဖြစ် ပါတယ်။

ဦးအောင်သောင်း က ဇာတိ နယ် တစ်ဝိုက် မှာ ဗုဒ္ဓဘာသာ ၀င် တွေ ကို ရိက္ခာ ထောက်ပံ့ မှု လုပ်
ငန်းတော့ ရှေးမဆွ ထဲ က လုပ် ခဲ့ ပြီး သူ့  ရဲ့  ဇာတိနယ် တစ်ဝိုက် မှာ သူ့  အတွက် ဆို အသက်
ပင် သေသေ လုပ်ဝံ့ သူတွေ ရှိတာ ကြောင့် မြန်မာ နိုင်ငံ မှာ ကာကွယ်ရေး ဦးစီးချုပ် ပြီးရင်
သြဇာအကြီး မာဆုံး သူ လို့  ဆို ရမှာ ဖြစ် ပါတယ်။

ဦးဌေးဦး တို့  လို ကြံ့ ခိုင်ရေး ပါတီ ခေါင်းဆောင် တွေ က အခြေခံ ဥပဒေနဲ့  ပတ်သက် ပြီး
သူ တို့  သဘော ထား တွေ ကို ဆက်တိုက်မပြတ် အင်တာ ဗျုးပေးနေ ချိန် မှာ ဦးအောင်သောင်း
က လူစုလူဝေး နဲ့  အကြမ်းဖက် မှုအစဉ် အလာ ရှိ ခဲ့ တဲ့ စွမ်းအား ရှင် နဲ့  ဘာမှ မဆိုင်ဘူး လို့ 
ပြော လိုက်ခြင်း ဖြစ် ပါတယ်။

The Messenger သတင်းစာ မှာ ပဲ သူ က သူ့  ရဲ့  ချမ်းသာ ကြွယ်ဝ မှု တွေ ဟာ သူကြိုးစား
ရိုးသား ပြီး လုံ့ လ ထုတ်ကာ ရှာ ဖွေ ခဲ့ တာ ဖြစ် ကြောင်း လည်း ပြောပါတယ်။

ရဲထွန်းဦး FNG – ရန်ကုန်

Advertisements

One response to “တောင်သာ တပ်မတော် နဲ့  ဘာမှ မပတ်သက် ဟု ဦးအောင်သောင်း ပြောပြီ

  1. အောင်သောင်းကနအဖအဖွဲ့ဝင်သူခိုးတစ်ယောက်ဘဲ။သူတပါးဆီကနေခိုးယူဒမြတိုက်ပြီးချမ်းသာလာတာလူတိုင်းသိတယ်

Comments are closed.