ဟာဂျူလီပြောတဲ့ သီတဂူအကြောင်း တစေ့တစောင်း

နာမည်ကြီး ဘက်စုံကျွမ်းကျင်တဲ့ မီဒီယာသမားကြီး ဆရာ ဟာကျူလီ (ကသာ) ရဲ့ သီတဂူ
ဆရာတော်ကြီးနဲ့ ၎င်းကြုံတွေ့ခဲ့ရပုံ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို တင်ပြထားချက်ကို ပြန်လည်
ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

၎င်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သီတဂူဆရာတော်ကြီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြည်ညိုခြင်းခံရသူဖြစ်ပြီး၊ ဗုဒ္ဓဘာသာကို ကမ္ဘာလှည့်၍ သာသနာပြုနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလ (၁၅) ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြဝါဒခံယူပွဲမှာတော့ သီတဂူဆရာတော်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့အတွက် သံဃာတစ်ပါးမှတဆင့် တိုက်တွန်းခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကမှာတော့ အကြီးအကျယ် ဂယက်ရိုက်နေပါတယ်။

် ပြန်လည်မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။

စာအုပ်ထဲမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောနေတာတွေနဲ့ ပါတ်သက်ပြီး သဘောမတူတာတွေ ကွဲလွဲတာတွေ အတော်များများကို ထောက်ပြ‌ရေးသားခဲ့သလို မှန်ကန်မှုရှိတဲ့ အချက်တွေကိုလည်း ရေးပြမှ မျှတမှု ရှိမယ်ထင်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောခဲ့တာလေး တစ်ခုကို‌ ထောက်ခံလိုက်ချင်ပါတယ်။

(ဗိုလ်ချုပ်ခင်ညွန့်နဲ့အင်တာဗျူးစာအုပ်) စာမျက်နှာ ၃၉/၄၀ ပါ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖြေဆိုချက်

“ပထမဆုံး စစ်ကိုင်းသွားတာဗျ။ စစ်ကိုင်းမှာ ဆရာတော်ကြီး ဥူးဥာဏိဿရက ဒကာကြီး လာပါဦး၊ ဆွမ်းဦး ပုညရှင် ဘုရားကို ဘက်စုံပြုပြင်ဖို့အတွက် ဒကာကြီး လာကြည့်ပေးပါဦး။ စီမံဆောင်ရွက်ပေးပါဦး ဆိုတာနဲ့ ကျွန်တော် ပထမဆုံး စစ်ကိုင်းသွားလိုက်တယ်။ စစ်ကိုင်းမှာ ဆွမ်းဦးပုညရှင်ဘုရားကို ဘက်စုံပြုပြင်မွမ်းမံဖို့ အစီအစဉ် လုပ်တာပေါ့။ ဆရာတော်ကြီးလည်း လျှောက်ထားတယ်။ ဆရာတော်ကြီးကို တပည့်တော် ဒီလိုလုပ်မယ်။ ဆရာတော်ကြီးဆန္ဒ ဘယ်လိုလဲပေါ့။ ဆရာတော်ကြီးက ဒီလိုလုပ်ချင်တယ်…. သူ့ဆန္ဒနဲ့အညီပေါ့ဗျာ…. ဒါတွေ ကျွန်တော် စီစဉ်ခဲ့ပါတယ်”

အချို့တတွေက ဗိုလ်ချုပ်ကြီးခင်ညွန့် ဒီလို ပြောတာနဲ့ ပါတ်သက်ပြီး ဆရာတော်ကြီး ဥူးဥာဏိဿရဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဒီလောက်ရင်းနှီးခဲ့တာ ဟုတ်မှဟုတ်ရဲ့လားလို့ မယုံဝံ့ကြဘူး။ ဒါဟာ တကယ့်ကို အမှန်အကန် ကိစ္စပါ။ စာဖတ်သူ အတော်များများက အခု ဗိုလ်ချုပ်ကြီးခင်ညွန့် ပြောမှ သိကြတာဖြစ်ပေမယ့် ကျွန်တော် ဒါတွေကို သိခဲ့တာ ကြာပါပြီ။

မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည်ကားပေါ်မှာ ဆန္ဒပြနေတဲ့ အချိန်လောက်မှာပေါ့။ လူထုတိုက် (ပုံနှိပ်တိုက်) ကနေတဆင့် သီတဂူဆရာတော် ဥူးဥာဏိဿရက မန္တလေး ရန်ကုန်က စာရေးဆရာ‌တွေကို ဖိတ်ပါတယ်။

အဲဒီလို အဖိတ်ခံရတဲ့အထဲမှာ ကျွန်တော်လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ မန္တလေးက စာရေးဆရာအဖွဲ့တွေ (၂၅-၁၀-၁၉၉၈) ရက်နေ့ စစ်ကိုင်းက သီတဂူကို ရောက်တော့ ညနေ (၃) နာရီလောက် ရှိပါပြီ။ ရန်ကုန်စာရေးဆရာ အဖွဲ့တွေကတော့ ကျွန်တော်တို့ထက်အရင် ရောက်နှင့်နေပြီးသားပါ။

ကျွန်တော်တို့ အဖွဲ့တွေ သီတဂူရောက်ပြီး မကြာခင်မှာဘဲ ဆရာတော်ကြီး ဥူးဥာဏိဿရ ကြွလာပါတယ်။ ဆရာတော် ကျွန်တော်တို့ဆီ ရောက်လာတော့ စီးလာတဲ့ကားဟာ ပါဂျရိုလား၊ ပလာဒိုလား မခွဲခြားတတ်‌ပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွန့် သွားရင် လာရင် စီးနေတဲ့ကားမျိုးပါ။

ကားအမိုးပေါ်မှာလည်း အင်ပြူးလင့်‌ အရေးပေါ်မီး တပ်ထားပါတယ်။ ဆရာတော်ကြီးဟာ ကားပေါ်က ဆင်းဆင်းချင်းပဲ ဘာမဆိုင် ညာမဆိုင် ” ဒီကားဟာ ဦးခင်ညွန့် လှူထားတဲ့ကားလေ ” လို့ မိန့်ပါတယ်။ ကျွန်တော် စိတ်ထဲမှာတော့ ဘယ်လိုကြီးလဲဟလို့ တွေးခဲ့မိပါတယ်။

ညရောက်တော့ ဆရာတော်ကြီးက ကျွန်တော်တို့ကို ဆောက်လက်စ သာသနာ့တက္ကသိုလ်အကြောင်း ဆလိုက်ထိုးပြီး လေဆာဓါတ်မီးနဲ့ထိုးပြီး ရှင်းပြပါတယ်။ အဲဒီခေတ်က လေဆာဓါတ်မီးတို့ ဆလိုက်တို့ဆိုတာ အင်မတန်‌ရှားတဲ့ကာလ ဖြစ်လေတော့ ငါတို့ဆရာတော်ကြီး သိပ်အဆင့်မြင့်‌နေပါလားလို့ ‌တွေးမိလိုက်ပါသေးတယ်။ နောက်ပြီးမှ ဒကာကြီး ဒါယိကာမကြီးတို့ကို ကြုံတုန်း တရားလေး ဟောရဦးမယ်ဆိုပြီး တရား‌‌ဟောပါတယ်။ ဆရာတော်ကြီး‌ဟောတဲ့တရားတွေထဲမှာ အံ့သြစရာကောင်းတာက အဖွဲ့အစည်း ပျက်စီးစေတတ်တဲ့ အကြောင်းတရား (၄) ပါး ဆိုပြီး ထည့်ဟောခဲ့တာပါပဲ။

ဆရာတော်ကြီးဟောတဲ့ အဖွဲ့အစည်း ပျက်စီးစေတတ်တဲ့ အကြောင်းတရား‌တွေကတော့…
(၁) ခေါင်းဆောင်နည်းခြင်း
(၂) ခေါင်းဆောင်များခြင်း
(၃) အမျိုးသမီးခေါင်းဆောင်ဖြစ်ခြင်း
(၄) အရွယ်ငယ်လွန်းသူ ခေါင်းဆောင်ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ အတော် အံ့သြမိပါတယ်။ တကယ့်မိုးထဲရေထဲ ကာလမှာ ဘာဖြစ်လို့ (၃) အမျိုးသမီး ခေါင်းဆောင်‌ဖြစ်ခြင်း၊ (၄) အရွယ်ငယ်လွန်းသူ ခေါင်းဆောင်ဖြစ်ခြင်းတို့ ထည့်‌ဟောတာလည်းလို့လည်း မတွေးတတ်ခဲ့ပါဘူး။ တရားပွဲပြီးလို့ စာရေးဆရာတွေကို လိုက်နှုတ်ဆက်ရင်း ဆရာတော်ကြီးက ပြောပါတယ်။

” ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဂါရ၀ပြုချင်တဲ့ ဆရာတွေ ဆရာမတွေရှိရင် ဒီမှာနေခဲ့လို့ ရပါတယ်။ သဘက်ခါ ဗိုလ်ချုပ်ကြီး ခင်ညွန့် ကောင်းမှုတော်‌ကို လာမယ်။ ပြီးရင် ကျုပ်ဆီကို လာလိမ့်မယ် ” လို့ မိန့်ခဲ့ပါတယ်။

အဲဒီ စကားလည်းကြားရော ကျွန်တော့်‌ရင်ထဲမှာ ကျင်ကနဲ ဖြစ်သွားပြီး ညတွင်းချင်းပဲ စစ်ကိုင်းက သူငယ်ချင်း ဆိုင်ကယ်ငှားပြီး ချက်ချင်းပဲ မန္တလေးကို ပြန်ခဲ့ပါတော့တယ်။

ဒီသတင်းကိုလည်း သတင်းသမားတစ်ယောက်ရဲ့ တာဝန်ကျေရအောင် ကျွန်တော် အပါတ်စဉ် တာဝန်ယူ ရေးနေတဲ့ နံနက်ခင်းဂျာနယ် ( ( ၂၅-၁၁-၁၉၉၈ ) ရက်နေ့ထုတ် ) မှာ ကျွန်တော် အခုလို သတင်းလေး ရေးဖြစ်လိုက်ပါတယ်။

” စစ်ကိုင်းတောင်ရဲ့ သီတဂူ နှစ် (၂၀) ခရီး ” လို့ အဲဒီခေတ်က စာပေစိစစ်ရေးက သိပ်တင်းကြပ်လွန်းနေတဲ့အချိန် ဖြစ်တော့ ဒီလောက် သတင်းလေးဖော်ရေးဖို့‌‌တောင် အတော်ကြီး ကြိုးစားလိုက်ရပါတယ်။ ထားပါတော့လေ။ ပြောချင်တာက ဗိုလ်ချုပ်ကြီးခင်ညွန့်ပြောသလို ဆရာတော်ကြီး ဥူးဥာဏိဿရဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဒီလောက်အထိ ရင်းနှီးခဲ့တဲ့ဆိုတာ မှန်ကန်မှုရှိတယ်‌ဆိုတာ‌ ထောက်ခံပေးလိုက်ချင်တာပါပဲ။

(ဘာပဲဖြစ်ဖြစ် သမိုင်းမှန်ဆိုတာ မေ့ပျောက်ဖြစ်ဖို့ မဟုတ်ကြပါဘူး)

ဟာဂျူလီ-ကသာ

Advertisements

One response to “ဟာဂျူလီပြောတဲ့ သီတဂူအကြောင်း တစေ့တစောင်း

  1. Pingback: MyanmarLatestNews » ဟာဂျူလီပြောတဲ့ သီတဂူအကြောင်း တစေ့တစောင်း·

Comments are closed.