IBM ၏ ဆာဗာ ထုတ် လုပ် မှု လုပ်ငန်း ကို လီနိုဗို က ၂.၃ ဘီလျှံ ဖြင့် ၀ယ်

တရုတ် ကွန်ပျု တာ ကုမ္ပဏီ ဖြစ်သည့် Lenovo က အမေရိကန် ၏ အကြီးဆုံး
ကွန်ပျုတာ ကုမ္ပဏီ ဖြစ်သည့် IBM ကွန်ပျုတာ ကုမ္ပဏီ ၏ လုပ်ငန်း ခွဲ တစ်ခုဖြစ်
သည့် x86 ဆာဗာ ထုတ် လုပ်သည့် လုပ်ငန်း ကို အမေရိကန် ဒေါ်လာ ၂.၃ ဘီ
လျှံ ဖြင့် ၀ယ်ယူ လိုက်သည်။

အဆိုပါ ဆာဗာ လုပ်ငန်း ကို ဂျပန် ဖူဂျစ်ဆု နှင့် အမေရိကန် DELL ကုမ္ပဏီတို့ 
က ၀ယ်ယူရန် စီစဉ် ထားသော် လည်း  IBM နှင့် အရောင်း အ၀ယ် မဖြစ် ခဲ့ ကြောင်း
ပြီးခဲ့သည့် သီတင်း ပတ် က IBM က ကြေငြာခဲ့သည်။

လီနိုဗို သည် လွန် ခဲ့သည့် ငါးနှစ် ခန့်  က IBM ၏ ကွန်ပျုတာ ထုတ် လုပ် မှု လုပ်ငန်း
အချို့  ကို ၀ယ်ယူခဲ့သည်။

IBM ၏ x86 ဆာဗာ သည့် စီးပွားရေး လုပ်ငန်း သုံး ဆာဗာ ဖြစ် ပြီး ဘဏ် နှင့် ၀န်
ဆောင်မှု လုပ် ငန်းများ တွင် သုံးသည်။

IBM သည် တန်ကြေး ၇၆ ဘီလျှံ ရှိ ပြီး လီနိုဗို က ၃၄ ဘီလျှံ ရှိသည်။

Advertisements