အိုလံပစ် ပွဲ သွားမယ့် အမေရိကန် အားကစား သမား တွေ ကို နိုင်ငံခြားရေးဌာန သတိပေး

အမဲရောင် မုဆိုးမ နဲ့  သူ့  ရဲ့  နောက် လိုက်နောက်ပါတွေ ရော ၊ တစ်ခါ ရုရှား
ဘင်လာဒင် လို့  နာမည် ကြီးတဲ့ ချေချင်း စစ်သွေးကြွ ဒိုကူ အူမာရောဗ် ရဲ့  အဖွဲ့ 
ကရော ၊ ဒါဂျက်စတန် ဘက် က အကြမ်းဖက် သမား တွေ က ရုရှား နိုင်ငံ ရဲ့ 
ဆောင်း ရာ သီ အိုလံ ပစ် ဖို့  တိုက်ခိုက် မယ် လို့ ခြိမ်းခြောက်
ထား တာ ကြောင့် အမေရိကန် အားကစား မောင်မယ် တွေ အမေရိကန် အမှတ်
တံဆိပ် ပါတဲ့ အားကစား ၀တ်စုံ တွေ ၀တ် ပြီး အပြင် ထွက်တာ မလုပ် ဖို့ 
အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီး ဌာန က သတိပေးထားပါတယ်။

ဖက်ရှင် ဒီဇိုင်နာ ကြီး ရဖ် လောရန်း နဲ့  ပိုလို ကုမ္ပဏီ က ဒီဇိုင်း ထွင် ပေးထား
တဲ့ အမေရိကန် အားကစား သမား တွေ ရဲ့  ၀တ်စုံ က လှ ပ ပေမယ် လို့  အကြမ်းဖက်
သမား တွေ မျက် စေ့ ကျ မယ့် အဖြစ် ကို ကြို တင် ရှောင်လွဲ
နိုင်ဖို့  အမေရိကန် နိုင်ငံ ခြားရေး ဌာန က သတိပေးတာ ဖြစ် ပါတယ်။

၂၀၁၂ ခုနှစ် က ကျင်းပခဲ့ တဲ့ လန်ဒန် အိုလံ ပစ် ပြိုင်ပွဲ မှာ ဖက်ရှင် ဆရာ ကြီး Raph
Lauren က အမေရိကန် ကိုယ်စား ပြု ပြိုင် ပွဲ ၀င်သူ တွေ အတွက် အ၀တ် အထည်
တွေ ကို တရုတ် ပြည်မှာ ချုပ် လုပ် ခဲ့ တာ ကြောင့် ဝေဖန် မှု ကြုံ တွေ့ ခဲ့ ရ လို့  အခု
ဆိုချီ ဆောင်းရာ သီ အိုလံပစ် မှာ တော့ Made in U.S.A ဆို ပြီး အမေရိကန် နိုင်ငံ
တွင်း မှာ ပဲ ချုပ် လုပ် ကာ အမေရိကန် နိုင်ငံ အလံ ကို လည်း အမြင်တင့် တယ် တဲ့
ဒီဇိုင်း နဲ့  ပုံ ဖော် ထား ပါတယ်။

Advertisements