စူပါဘိုလ်း မှာ ဆီအာတလ် ဆီးဟောခ် အနိုင်ရ

Seattle Seahawks အသင်း က Denver Broncos အသင်း ကို 43 – 8 နဲ့
အနိုင်ရရှိ ပြီး ချံပီယံ ဆုကိုဆွတ် ခူး ရရှိခဲ့ ပါတယ်။ NFC လို့ ခေါ်တဲ့ National
Football Conference ကနေ တက်လာ တဲ့  Seattle Seahawks က AFC
(American Football Conference) ကို ကိုယ်စား ပြု တဲ့ Denver Broncos
ကို NFL ရဲ့  ချံပီယံ ပွဲစဉ် ဖြစ်တဲ့ Super Bowl မှာ အနိုင်ရရှိ ပါတယ်။

အမေရိကန် ရဲ့  နိုင်ငံ့ အထိမ်းအမှတ် အမျိုးသား အားကစား လို့  ဆို ရမယ့်
 စူပါဘိုလ်း ဘောလုံး ချံပီယံ ပြိုင်ပွဲ မှာ လုံခြုံရေး တွေ လည်း
တိုးမြှင့် ချထား ပါတယ်။

နယူဂျာစီ ပြည်နယ် ရူသာဖိုဒ်  က Metlife ဘောလုံးကွင်း မှာ ကျင်း ပတဲ့ ဘောလုံး
ပြိုင် ပွဲ မှာ ပွဲ လက်မှတ်ကြေး ဒေါ်လာ တစ်ထောင် က နေ ဒေါ်လာ ခြောက် ထောင်
ထိ ဈေးရှိ ပါတယ်။

Seattle Seahawks ဟာ စူပါဘိုလ်း ချံပီယံ ဖြစ်ဖူးတဲ့ ငါးကြိမ်ဖြစ်ဖူးတဲ့ 49ers ကို
အနိုင် ရရှိ ပြီး ဗိုလ်လု ပွဲ တက်လာ တာ ဖြစ်ပါတယ်။ ချံပီယံ ဖြစ်ဖူးတဲ့ Denver
Broncos ကတော့  NFL ချံပီယံ ၁၆ ကြိမ်ဖြစ်ခဲ့ ဖူး တဲ့ GreenBay Packers ကို
အနိုင်ရ ပြီး ဗိုလ်လုပွဲ ရောက်ရှိ လာတာ ဖြစ် ပါတယ်။

Seattle Seahawks ဟာ ပထမ ဦးဆုံး အကြိမ် စူပါဘိုလ်းမှာ ချံပီယံ ဆု ရရှိ
တာဖြစ် ပါတယ်။

Advertisements