မာရီယပ်(စ) ကို သတ် ပြီး ခြင်္သေ့ စာ ကျွေး

ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင် မြို့ တိရစ္တာန် ရုံ မှာ သစ်ကုလား အုတ် နဲ့  အခြား
တိရစ္ဆာန် တွေ တိုး ပွား များ ပြား လာ တာ ကို ထိမ်းချုပ် တဲ့ အနေနဲ့  ကျန်းမာ
သန်စွမ်း တဲ့ သစ်ကုလား အုတ် လေး ကို မနေ့  က သတ် ပြီး ခြင်္သေ့ စာ ကျွေး
လိုက် ပြီ ဖြစ် ပါတယ်။

တိရစ္ဆာန် အခွင့် အရေး ကာကွယ်ရေး အဖွဲ့  တွေ နဲ့  တက်ကြွ လှုပ် ရှား သူ
တွေ က တော့ အပြင်း အထန် ကန့် ကွက် ကြ ပါတယ်။ ကိုပင်ဟေဂင် တိရစ္ဆာန်
ရုံ တာဝန် ရှိ သူ တွေ က သတ် ဖြတ် ဖို့  စီစဉ် နေ  ကတည်း က ကမ္ဘာတစ်လွှား
က တိရစ္တာန် ချစ် သူ တွေ က မာရီယပ်(စ) ကို မသတ် ဖို့  လက်မှတ် ထိုးတောင်း
ဆို လှုပ်ရှား မှု ပြု ခဲ့ ကြ ပါတယ်။

မာရီယပ်(စ) ကို လက်ခံ ဖို့  ဗြိတိသျှ နဲ့  အခြား နိုင်ငံ က တိရစ္တာန် ရုံတွေ က ကမ်း
လှမ်း ပေ မယ့် ကိုပင် ဟေဂင် တိရစ္ဆာန် ရုံ က ပယ် ချပြီး သတ်ဖြတ် လိုက်တာဖြစ်
ပါတယ်။

မာရီယပ်(စ) ကို မသတ် ခင် မှာ လူအများ အပြား က လာ ကြည့် ကြ ပေမယ့် မာရီယပ်
(စ) က တော့ သူ  အသတ် မခံ ရ ခင် အချိန် အထိ ပြုံးပြုံး ရွှင် ရွှင် နဲ့  ပဲ လာရောက်ကြည့်
ရှု သူ တွေ ကို ငေးမော ကြည့် နေတယ် လို့  ကိုပင်ဟေဂင် မြို့   ခံ တစ်ဦး က တယ်လီဂ
ရပ် သတင်းစာ ကို ပြောပါတယ်။

Advertisements

One response to “မာရီယပ်(စ) ကို သတ် ပြီး ခြင်္သေ့ စာ ကျွေး

Comments are closed.