ဖရန့် ဆစ် ဘေကွန် ရဲ့  ပန်းချီကား ဒေါ်လာ သန်း ၇၀ နဲ့  ရောင်း

ကြာသပတေး နေ့  က ကျင်းပတဲ့ လန်ဒန် ခရစ္စတင်း လေလံ ပြ ပွဲ မှာ အိုင်းရရှ်
ပန်းချီ ကျော် ဖရန့် ဆစ် ဘေကွန် ရဲ  ” ဂျော့ဒိုင်ယာ ရဲ့ ပြော ဟော မှု” Portrait
of George Dyer Talking ပန်းချီ ကား ကို ပေါင်စတာ လင် ၄၂ သန်း
အမေရိကန် ဒေါ်လာ သန်း ၇၀ နဲ့ အမြင့်ဆုံး  လေလံ ပေးတာ ကြောင့်
ရောင်းချ လိုက် ပြီ ဖြစ်ပါတယ်။

လွန်ခဲ့ တဲ့ ငါး နှစ် ကျော် က မက္ကဆီ ကို က ချမ်းသာကြွယ်ဝသူ ဒေးဗစ်
မာတီနက်ဇ က ဒေါ်လာ ၁၂ သန်း နဲ့  ပန်း ချီကား ကိုဝယ် ယူ ခဲ့ တာ ဖြစ်
ပြီး အခု ပြန်လည် ရောင်း ချ လိုက် ပြီ ဖြစ် ပါတယ်။

၁၉၆၆ ခုနှစ် မှာ ပန်းချီ ကား ကို ဆီဆေး နဲ့  ရေး ဆွဲထားတာ ဖြစ်ပါတယ်။
ဘေကွန် ဟာ သူ့  ရဲ့  ချစ်သူ ဂျော့ ဒိုင်ယာ ကို ပုံ တူ ရေးဆွဲ ခဲ့ တာ ဖြစ် ပြီး
ဒိုင်ယာ က ၁၉၇၁ ခုနှစ် မှာ မိမိကိုယ်ကို သေကြောင်းကြံစည် ခဲ့ ပါတယ်။

ပြီးခဲ့ တဲ့ နှစ် နိုဝင်ဘာလ က ဖရန်ဆစ် ဘေကွန် ရဲ့ ပန်းချီကား တစ်ချပ်
ဖြစ်တဲ့ Three Studies of Lucian Freud ကို နယူးယောက် ခရစ္စတင်း
လေလံ ပွဲ မှာ ဒေါ်လာ ၁၄၂ သန်း နဲ့  ရောင်းချ ပြီး တဲ့ နောက်
အခုတစ်ခါ မှာ ပန်းချီကား တစ်ချပ် တည်း ကို ဈေး အမြင့်ဆုံး ရရှိတာ ဖြစ်ပါတယ်။

ပထမ ပန်းချီကား ကို တော့ လစ်ဗီးဂတ် က ကာဆီနို နဲ့  ဟိုတယ် တွေ ပိုင်တဲ့
Elaine Wynn က လေလံ ဆွဲ သွားတာ ဖြစ် ပြီး အခု ပန်းချီကား ၀ယ်သူ ကိုတော့
ထုတ်ဖော် ပြောဆို တာ မလုပ် သေးဘူး လို့  တယ်လီဂရပ် သတင်းစာ က ရေးသားထား ပါတယ်။

Advertisements