ဗာလင်တိုင်း ရောက်တိုင်း ချစ်သူ ကို သတိရ နေဆဲ လို့  အော်စကာ ပစ်တိုးရီးယပ်(စ) ပြော
မသန်မစွမ်း သူများ ရဲ့  အိုလံ ပစ် ပွဲ တော်မှာ အပြေးသမား အနေ နဲ့  ရွှေတံ
ဆိပ် ဆုတွေ ရရှိခဲ့တဲ့ အိုလံပစ် ချံပီယံ အော်စကာ ပစ်စတိုရီးယပ်(စ) ဟာ မနှစ်က
ဖေဖော်ဝါရီလ ၁၄ ရက်နေ့  (ချစ်သူများ နေ့  ) နံနက် အစော ပိုင်း မှာ  သူ့ ရဲ့
ချစ် သူနာမည်ကျော် မော်ဒယ်(လ) တစ်ဦး ဖြစ်တဲ့ ရီဗာ စတင်း ကမ့် ကို သေနတ်
နဲ့  ပစ်သတ် ခဲ့ ပြီး တစ်နှစ်တိတိ ပြည့် မြောက် တဲ့ အခါ မှာ တော့ ” ဒီနေ့  ရောက်
တိုင်း သူ့  ကို သတိရ နေဆဲ ၊ မတော် တစ်ဆ မှု ကြောင့် ကျွန်တော့် ဘ၀ ထဲ မှာ
သူမရှိ တော့ တာ ကို သိတိုင်း နာကျင် လို့  မဆုံး ဘူး ” လို့  AP သတင်းဌာန ကို
ပြောပါတယ်.
သူ့  ကို လာမယ့် မတ် လ မှာ ရီဗာ စတင်း ကမ့် ကို သေနတ် နဲ့  ပစ်သတ် မှု အတွက်
တရား ရုံး က စီရင် ချ က် ချ တော့ မှာ ဖြစ် ပါတယ်။ ဒီနှစ် ၊ ဒီလ ၊ ဒီရက် ရောက် တိုင်း
မီဒီယာ တွေ က သူ့  ကို သတိရ သလို  ၊ သူ က လည်း နောင်တ ၊ ပူဆွေး မှု ၊ ဗျာပါဒ
သောက ၊ အလွမ်း စတာ တွေ ထွေး ပိုက် ပြီး ဒီစိတ် နဲ့  စား ၊ ဒီစိတ် နဲ့  သွား ၊ ဒီစိတ် နဲ့ 
နဲ့  အသက်ရှင် နေရတယ် ၊ သူ့  ရင်ထဲ က စကား လုံး တွေ ကို တော့ သူ့  ရဲ့
အင်တာနက် စာမျက် နှာ မှာ ဖတ်လို့  ရတယ် လို့  သူ့  ရဲ့  တွစ်တာ မှာ ရေးသား ထား ပါတယ်။
ရီဗာ စတင်း ကမ့် က အသက် ၃၀ အရွယ် ရှိ နေ ပြီ ဖြစ် ပြီး အော်စကာ ပရီတိုးရီယာစ်
ကတော့ အသက် ၂၆ နှစ် ပဲ ရှိပါသေးတယ်။
သူတို့  နှစ်ဦး ချစ်ကြိုက် ကြတာ နှစ် လ သက်တမ်းလောက် ပဲ ရှိ သေး ပြီး စတင်း ကမ့်
က မနေ့  က တော့ သူ့  ရဲ့  တွစ်တာ မှာ ချစ်သူများ နေ့ မှာ သူ ပြု လုပ် မယ့် အစီအစဉ်
တွေ အတွက် သူ့  ပရိသတ် တွေ ကို ဆု တောင်းမှု ပြု လုပ် ထား ပါတယ်။
အော်စကာ ပရီတိုးရီးယာစ် ကို ရဲ က လူသတ်မှု နဲ့  ဖမ်းဆီး ပြီး နောက် အာမခံနဲ့  ပြန်
လည် လွှတ်ပေး ခဲ့ ပါတယ်။
အော်စကာ က သူ့  အိမ် ထဲ ကို ဖောက်ထွင်း ၀င်ရောက် သူ တစ်ဦး လို့  ထင်တာ ကြောင့်
စတင်း ကမ့် ကို မှား ယွင်း ပြစ် သတ် မိတာ ပါ လို့  ပြောပါတယ်။
မော်ဒယ်(လ) ရီဗာ စတင်း ကမ့် ဟာ ဟာ အမျိုး သမီး အခွင့် အရေး ဆော်သြ လှုံဆော်သူ
တက်ကြွ သူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့ တဲ့ သီတင်း ပတ်က ကပဲ အုပ်စု လိုက် မုဒိမ်းကျင့် ပြီး
သတ်ဖြတ် ခံ ခဲ့ ရတဲ့ Anene Booysen အတွက် ပြည်သူ လူထု နိုးကြား မှု ဖြစ်အောင်
လှုံဆော် မှု ပြု ခဲ့ ပါသေးတယ်။
၁၁ နှစ် အရွယ် မှာ ပဲ ခြေထာာက် ရိုးက ကောင်းမွန်စွာ မထောက် နိုင်တာ ကြောင့်
ခြေထောက် နှစ်ဖက် ကို ဖြတ် လိုက်ရတယ်။
သူက မသန် ပေမယ့် စွမ်းသူ တစ်ယောက် ဖြစ် ပြီး ပညာရေး မှာ လည်း တက္ကသိုလ် ဘွဲ့  ကို
ထူးချွန်စွာ ရရှိခဲ့ သူ တစ်ဦး ပါ။
Oscar Pistorius
AP သတင်းဌာန မှ သတင်း အား  ၀ယ်ယူပြီး FNG မှ မြန်မာ ဘာသာ တစ်ခု တည်းသို့ 
သာပြန် ဆို ထား ခြင်း ဖြစ်သည်။
Advertisements
One response to “ဗာလင်တိုင်း ရောက်တိုင်း ချစ်သူ ကို သတိရ နေဆဲ လို့  အော်စကာ ပစ်တိုးရီးယပ်(စ) ပြော
  1. Pingback: Myanmar Latest News » ဗာလင်တိုင်း ရောက်တိုင်း ချစ်သူ ကို သတိရ နေဆဲ လို့  အော်စကာ ပစ်တိုးရီးယပ်(စ) ပြော·
Comments are closed.