တိဘက် ဘုန်းတော်ကြီး ကို လက်ခံ တွေ့ ဆုံတာ မလုပ် ဖို့  အိုဘားမား ကို တရုတ် ဖိအားပေး

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား  နဲ့  သောကြာ နေ့  တွေ့ ဆုံ ဖို
့ အစီအစဉ် ကို ဖျက် သိမ်း ဖို့  တရုတ် ခေါင်းဆောင် တွေ က အမေရိကန်
သမ္မတ အိုဘားမား ကို ဖိအား ပေး နေပါတယ်။

အိုဘားမား က ဒလိုင်းလားမား ကို လက်ခံ တွေ့ ဆုံ ပြီး စကား စမြည် ပြောရင်
တရုတ် အမေရိကန် ဆက်ဆံ ရေး ဟာ တစ်မျိုး တစ်ဖုံ
ဖြစ် သွားမယ် လို့ လဲ တရုတ် နိုင်ငံ ခြားရေး ၀န်ကြီးဌာ န ပြော ခွင့် ရ ပုဂ္ဂိုလ်
ဟန်ချုရင် က ပြောပါတယ်။

၂၀၁၀ နဲ့  ၂၀၁၁ ခုနှစ် တုန်း က နှစ်ခါ တွေ့ ဆုံ ခဲ့ ပြီး မနှစ် က  တော့ တရုတ်
ဖိအား ကြောင့် ပဲ တွေ့ ဆုံ မှု ကို ဖျက်သိမ်းခဲ့ ပါတယ်။

ဒီနှစ် မှာ တော့ အိုဘားမား က ဒလိုင်း လားမား ကို တွေ့ ဆုံ မှု ကို ဖျက်သိမ်း
မှာ မဟုတ် ဘူး လို့  ပြောပါတယ်။ သူက ဒလိုင်းလားမား နဲ့  တွေ့ ဆုံ ပြီး
တိဘက် အရေး မှာ တင်းမားမှု တွေ ဖြစ်နေ တာ ကို လျှော့ပါး သွားစေ
လို တဲ့ ဆန္ဒ ရှိ တယ် လို့  သမ္မတ ရဲ့  အမျိုးသား လုံခြုံရေး ကောင်စီက အကြံ
ပေး က ပြောပါတယ်။

 Caitlin Hayden က တရုတ် ဟာ ဒလိုင်းလားမား နဲ့  တွေ့ ဆုံ စကား
ပြော ပြီး တိဘက် ဒေသ တင်းမာ မှု တွေ ကို လျှော့ ချ သင့်တယ် လို့  အကြံ
ပေး ပါတယ်။

ပြီးခဲ့ တဲ့ ငါးနှစ် အတွင်း မှာ တိဘက် ဒေသ မှာ မိမိကိုယ်ကို မီးရှို့ ဆန္ဒ ပြပြီး
တရုတ် ကို ကန့် ကွက် မှု တွေ ၁၅၀ ထက် မနည်း ဖြစ်ခဲ့ ပါတယ်။

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား ဟာ မြန်မာ နိုင်ငံ က ရွှေတိဂုံစေတီ
တော် ကို ဖူးမြော် ချင် ပေမယ့် လည်း မြန်မာ အစိုးရ က ပြည်ဝင် ခွင့် ဗီဇာ
ထုတ်ပေး ဖို့  ငြင်းဆန် ခဲ့ ပါတယ်။

ဒလိုင်းလားမား ကြီး ဟာ ကြာသပတေး နေ့  က ၀ါရှင်တန် ဒီစီ ကိုရောက်ရှိ
နေပြီ ဖြစ် ပါတယ်။

Advertisements