ကရိုင်းမီးယား ပါလီမန် ကို လက်နက်ကိုင် တွေ ၀င်စီး

ကြာသပတေး နေ့  နံနက် အစော ပိုင်း မှာ လက်နက် ကိုင် လူတစ်စု က ကရိုင်း
မီးယား ကျွန်းဆွယ် က ဆမ်ရိုဖိုလ်း ခရိုင် ပါလီ မန် ကို သိမ်းပိုက် လိုက် ပါတယ်။

ယူကရိန်း အလံ ကို ဖယ်ရှား ပြီး အနက် ရောင် နဲ့  လိမ္မော် ရောင် ရောယှက်ထား
တဲ့ ဖဲကြိုး ကို လွှတ်တော် ပေါ် မှာ စိုက်ထူ ခဲ့ တယ် လို့  မျက်မြင် တွေ့ ရသူ တွေ က
ပြောပါတယ်။ ဒီ ဖဲကြိုး ဟာ ဒုတိယ ကမ္ဘာ စစ် အတွင်း မှာ ရုရှား တွေ သုံးခဲ့ တဲ့ သ
င်္ကေတ လည်း ဖြစ်ပါတယ်။

ယူကရိန်းမှာ ရုရှား လိုလား တဲ့ သမ္မတ ကို ပါလီမန် က ဖယ်ရှား ပြီးနောက် ဒီကျွန်း
ဆွယ်မှာ ရုရှား စကား ပြော တဲ့ သူ တွေ က ယူကရိန်း ကြားဖြတ် အစိုးရ သစ် ကို ဆန္ဒ
ပြနေကြတာ ဖြစ်ပါတယ်။

ပင်လယ် နက် ထဲ မှာ ရှိ တဲ့ ကရိုင်းမီးယား ကျွန်းဆွယ် မှာ  ရုရှား က တပ်လှန့် ထား
တာ တွေ လည်း ပြု လုပ် နေပါတယ်။ မနေ့  က ဆန္ဒ ပြ ပွဲ မှာ တော့ မော်စကို လို
လား သူ တွေ က ကရိုင်းမီးယား ဟာ ရုရှား ဖြစ်တယ် ဆိုတာ ကြောင့် တာတာ တွေ
နဲ့  ခိုက်ရန် ဖြစ်ကြပါတယ်။

ဂျာမဏီ တွေ ဆိုဗီယက် ကို ၀င်တော့ အားပေး ကူညီ တယ် ဆို ပြီး စတာလင် ခောတ်
မှာ နယ်နှင် ခံ ရတဲ့ တာတာ တွေ က ကရိုင်းမီးယား ကျွန်း ဆွယ် ရဲ့ ဌာနေ တွေ ဖြစ်ပါတယ်။

ရုရှား က ကြားဖြတ် အစိုးရ သစ် ကို တရား ၀င်မှု မရှိ ဘူး လို့  ပြောပြီး ၊ ကန် ၀န်ကြီး ကယ်ရီက
တော့ စစ်အေးခေတ် ကို အသက် သွင်းတာ မဟုတ် ဘူးလို့  ပြော ပါတယ်။

crimea2-1-522x293Source : SKY NEW

Advertisements