Fort Hood ပစ်ခတ် မှု လေးဦး သေ ၊ ၁၄ ဦး ဒဏ်ရာရ

အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ် မှာ ရှိတဲ့ ဖို ဒ် ဟုဒ် (Fort Hood) စစ်စခန်း မှာ သေနတ် ပစ်
ခတ် မှု ဖြစ် ပွား တာ ကြောင့် အနည်း ဆုံး လေးဦး သေဆုံး ပြီး ၁၄ ဦးဒဏ်ရာ ရရှိ တယ် လို့  ပစ်ခတ်
မှု ဖြစ်ပွား တဲ့ နေရာ အနီးမှာ သတင်း စုံစမ်း နေကြတယ့် အမေရိကန် သတင်းဌာန တွေ က သတင်း
ထုတ် လွှင့် သွား ပါတယ်။

သေနတ် သမား ကို ဘဲလ် ခရိုင် ရဲ နဲ့ အခြား လက်နက် ကိုင် တပ် ဖွဲ့ တွေ က ပစ်ခတ် နှိမ်နှင်း လိုက်
နိုင် ပြီ ဆိုပေမယ့် တပ် တန်းလျှား ထဲ မှာ နေ ကြ ဖို့  နဲ့  သေနတ် သမား ဘယ်နှစ် ယောက် ရှိ မယ် ဆို
တာ မပြော နိုင် သေး ဘူး လို့  ရဲ က ပြော ပါတယ်။

၂၀၀၉ ခုနှစ် က အမေရိကန်ဖွား ပါလက်စတိုင်း လူ မျိုး စိတ်ပညာရှင် တစ်ဦးဖြစ်သူ ဗိုလ်မှုး နီဒယ်
မာလစ် ဟန်ဆန် က ပစ်ခတ်မှု ကြောင့် ဒီတပ် စခန်း မှာ ပဲ  ၁၃ ဦး သေဆုံး ပြီး ၃၀ ကျော်ဒဏ်ရာရရှိ
ခဲ့ ပါတယ်။

ရံပုံငွေ ရှာဖွေ ပွဲ အတွက် ချီကာဂို မြို့ က အသားကင် ဆိုင် ကြီး ကို ရောက် ရှိ နေ တဲ့ အိုဘားမား က
သေဆုံး သူ တွေ အတွက် ၀မ်းနည်း စကား ပြော ပါတယ်။

သေဆုံး သူ တွေ ဟာ ဘယ်သူ တွေ ၊ ပစ်ခတ် သူ က ဘယ်ဝါ ဆိုတာ ကို တော့ ဆိုင်ရာ က သတင်း
ထုတ် ပြန် ခြင်း မရှိ သေး ပါတယ်။

ဗုဒ္ဓဟူးနေ့  ညနေမှာ ပစ်ခတ် မှု ဖြစ် ပွားတာ ဖြစ် ပါတယ်။
Greg Sharkey / Associated Press / November 5, 2009)

Advertisements