ပါကစ္စတန် မှာ စစ်တပ် က အာဏာ သိမ်းမယ် လို့  သတင်း တွေ ထွက်

လက်ရှိဝန် ကြီး ချုပ် နှုတ်ထွက် ပေး ဖို့  တောင်း ဆို မှု တွေ မြင့် တက် လာ ချိန် မှာ
မြို့  တော် အစ္စလာမာဘတ် မှာ တော့ အစိုးရ ပိုင် အသံ လွှင့် ရုံ ကို တနင်္လာ
နေ့  က ၀င် စီးခဲ့ တာ ကြောင့် ရုပ်သံ ထုတ်လွှင့် မှု တွေ ပါ ခေတ္တ ပြတ်တောက် ခဲ့ ပါတယ်။

တစ်နာရီ ကျော် လောက် အကြာမှာတော့ စစ်တပ် က အသံ လွှင့် ရုံ ကို ပြန်သိမ်းနိုင်ခဲ့ လို့ 
ပုံမှန် ထုတ် လွှင့် မှု ပြန် လုပ် နိုင်ခဲ့ ပေမယ့် တီဗီ ၁၄ လုံး နဲ့  ရုပ်သံလွှင့် ပစ္စည်း ကိရိယာ
တွေ ခိုးယူခံ ခဲ့ ရ တယ် လို့  ပါကစ္စတန် အစိုးရ က ပြောပါတယ်။

မနေ့  က ရေဒီယို မိန့် ခွန်း မှာ နာဝတ် ရှရစ် က သူနှုတ် ထွက် ပေးမှာ မဟုတ် ဘူး ၊ ဒါပေမယ့်
တိုင်း ပြည် ရဲ့  နိုင်ငံ ရေး အကျပ် အတည်း ကို ကျော်လွှား နိုင်
အောင် ဖြေရှင်းမယ် လို့  ပြောပါတယ်။

၁၉၉၉ ခုနှစ် မှာ စစ်တပ် က အာဏာသိမ်း ပြီး ဖြုတ် ချ ခံရ ဖူး တဲ့ ၀န်ကြီး
ချုပ် ဟာ အခုတော့ စစ်တပ် ကိုပဲ လုံးလုံးလျှားလျှား မှီခို အားထားနေရ
တာ လို့  နိုင်ငံ ရေး အကဲခတ် သူ တွေ က သုံးသပ် ကြ ပေမယ့် တစ်ဖက်
မှာ တော့ ပါကစ္စတန် စစ်တပ် က အာဏာ သိမ်းမယ် ဆိုတဲ့ သတင်း တွေ လဲ
ထွက် ပေါ် နေပါတယ်။

စစ်တပ် အကြီး အကဲ ဗိုလ်ချုပ် ကြီး ရာဟီးလ်း ရှရစ် က တော့ သူ အာဏာသိမ်း
တာ မျိုး ကို မလုပ် ဘူး လို့  သူ့  ရဲ့  တွစ်တာ က နေ ကြေငြာ ထား ပါတယ်။

ပြီးခဲ့ တဲ့ သီတင်း ပတ် က စခဲ့ တဲ့ အစိုးရ ဆန့် ကျင် ရေး လူထု အုံ ကြွ မှု တွေ ကို
နာဝတ်ရှရစ် ရဲ့  ပြိုင် ဘက် နိုင်ငံ ရေး ပါတီ နှစ် ခု က ခေါင်းဆောင် တွေ
ဖြစ် တဲ့ ခရစ်ကတ် အကျော် အမော် အီမာ ခန်း နဲ့  တရား ဟော ဆရာ တာဟီရာ
ကွာ ဒီတို့  က ဦးဆောင် ကြ တာ ဖြစ်ပါတယ်။

နာဝတ်ရှရစ် က ၂၀၁၃ ခုနှစ် မေလ ပါကစ္စတန် ရွေးကောက် ပွဲ မှာ အနိုင်ရရှိ ခဲ့ တာ ဖြစ် ပါတယ်။

ဓာတ်ပုံ အညွန်း – အစိုးရ ဆန့် ကျင် ရေး ဆန္ဒ ပြ သူ များ က ရဲတပ် ဖွဲ့  ၀င် တစ်ဦး ကို ရိုက်နှက် နေစဉ်
Photo – Photo By Credit Faisal Mahmood/Reuters / FNG

Pakistani Protesters

Advertisements