ဒုတိယ မြောက် အမေရိကန် သတင်းစာ ဆရာ တစ်ဦး ကို အိုင်ဇစ် ခေါင်းဖြတ်သတ်

အစ္စလာမ် မစ် နိုင်ငံတော် ISIS လို့  သူတို့ ကို သူတို့ မှည့် ခေါ် ထား တဲ့ ဆီးရီးယား နဲ့  အီရတ် အခြေ
စိုက် အကြမ်းဖက် အဖွဲ့  အစည်း က ဒုတိယ မြောက် အမေရိကန် သတင်းစာဆရာ စတီဗင် စတိုလောဖ်
ကို ခေါင်း ဖြတ် သတ် လိုက် တဲ့ ဗီဒီယို ဒီနေ့  ပေါ် ထွက် လာ ပါတယ်။

“အမေရိကန် သို့  ဒုတိယ မြောက် သတင်းစကား” လို့  ဆို တဲ့ နှစ် မိနစ် ကြာ ဗီဒီယို မှာ ဓားမြှောင်
ကိုထား တဲ့ မျက်နှာ ဖုံး စွပ် အကြမ်းဖက် သမား တစ်ဦး က  အိုင်ဇစ် ကို နှောင့် ယှက် မှု အတွက် ပေး
ရတဲ့ အဖိုးအခ လို့  ကြွေးကျော် ပြီး ဓားကို ကင်မရာ တည့် တည့် ချိန် ရွယ် လိုက် တာ လည်း ပါဝင် ပါတယ်။

အသက် ၃၁ နှစ် အရွယ် ဂျိမ်း(စ) ဖိုးလေး ဟာ မနှစ် က သြဂုတ် လ မှာ IS က ဖမ်း ဆီးတာ ကို ခံရ ပြီး
တစ်နှစ် အကြာ မှာ အခု လို ခေါင်းဖြတ် သတ်ခံ ရတာ ဖြစ် ပါတယ်။ သူမ ရဲ့ မိခင် က သား ကို ပြန်
လွှတ် ပေး ဖို့  အတွက် တောင်းပန် ထား တဲ့ ဗီဒီယို တစ်ခု IS ကို ပေး ပို့  ခဲ့ ပါတယ်။

Sotloff ရဲ့ နောက်မှ ရပ် နေ သူ က အမေရိကန် လေကြောင်း တိုက် ခိုက် မှု ချက်ခြင်း ရပ် ဖို့  လည်း
ပြော ပါသေးတယ်။

ဂလိုဘယ် ပို စ် သတင်းစာ ရဲ့ သတင်း ထောက် ဂျိမ်(စ) ဖိုး လေး အသတ် ခံ ရ ပြီး သီတင်း နှစ်ပတ်
အကြာ မှာ စတီဗင် စတိုလောဖ် အသတ် ခံ ရ တာ ဖြစ် ပါတယ်။ သူ က အလွတ် သတင်း ထောက် အဖြစ်
ဆောင် ရွက် နေရာ မှာ တိုင်းမဂ္ဂဇင်း နဲ့  ခရစ်ယာန် ဆိုင်းယန် စ် မော်နီတာ တို့  လည်း ပါဝင် ပါတယ်။

အမေရိကန် အစိုးရ လုံခြုံ ရေး အဖွဲ့ အစည်း တွေ က တော့  ဗီဒီယို ကို အသေးစိတ် လေ့လာ နေ ပြီး
စတီဗင် ဟုတ် မဟုတ် ကို အမြန် ဆုံး ထုတ် ပြန် မယ် လို့  ဆို ပါတယ်။

ဗြိတိသျှ အကူ အညီ ပေး ရေး ၀န်ထမ်း တစ်ဦး ကို လည်း IS ရဲ့ ဗီဒီယို မှာ သတ် ဖို့  ပြင်ထားတယ်
ဆို ပြီး ခြိမ်းခြောက် ထား ပါတယ်။

Advertisements