အော်စကာ ပစ်စတိုရီးယာစ် မှာ လူသတ် မှု နဲ့  အပြစ် မရှိ
မသန်မစွမ်း သူများ ရဲ့  အိုလံ ပစ် ပွဲ တော် နဲ့ အခြား အားကစား ပြိုင် ပွဲ တွေ မှာ အပြေးသမား အနေ နဲ့  ရွှေတံ
ဆိပ် ဆုတွေ ရရှိခဲ့တဲ့ အော်စကာ ပစ်စတိုရီးယာစ် ကို တရား သူ ကြီး  သိုကိုဇီလီ မာဆီပါ က လူသတ် မှု နဲ့  အပစ်
မရှိ ဘူး ဆို ပြီး ပရီတိုးရီးယား စီရင် စု တရား ရုံး မှာ အမိန့် ချ မှတ် လိုက် ပါတယ်။
လူသတ် မှု နဲ့  အပစ် မရှိ ပေမယ့် လူသေမှု နဲ့  လက်နက် မှု တွေ အတွက် တော့ သောကြာ နေ့  မှာ တရားရင် ဆိုင်
ရအုံး မှာ ဖြစ် ပါတယ်။
တရား သူ ကြီး က အော်စကာ ပစ်စတိုရီးယာစ် ဟာ သူ့  ချစ် သူ ကို ပစ်သတ် ဖို့  အတွက် ရည်ရွယ် ထား တယ်
ဒါမှမဟုတ် ကြို တင် ကြံ စည် ထား တယ် ဆို တာ လုံးဝ ကို မတွေ့  ရ ဘူးလို့  စီရင်ချ က် မှာ ထည့် သွင်း ပြော
သွား ပါတယ်။
တရားသူကြီး သိုကိုဇီလီ ဟာ ရာဇ၀တ် မှု တွေ စစ်ဆေးရာ မှာ သမာသမတ် ရှိ ခဲ့ တယ် လို့  နာမည် ကျော် ပြီး
အမျိုး သမီး လည်း ဖြစ် ပြန် လူမည်း လည်း ဖြစ် ပြန် ဆို တော့ တစ်ကမ္ဘာ လုံး က ပစ်စတိုရီးယာစ် ကို  ပြင်းပြင်းထန်
ထန် အရေး ယူ မယ် လို့  တွက် ဆ ထား ချိန် မှာ အခု လို စဉ်းစား ချင့် ချိန် သု ခမိန် ဥာဏ် နဲ့  ဆုံး ဖြတ် လိုက် တဲ့ အတွက်
ထောက်ခံ တာ တွေ ၊ ကန့် ကွက် တာ တွေ ပေါ် ထွ က် လာ ပါတယ်။
မသန်မစွမ်း သူများ ရဲ့  အိုလံ ပစ် ပွဲ တော်မှာ အပြေးသမား အနေ နဲ့  ရွှေတံ
ဆိပ် ဆုတွေ ရရှိခဲ့တဲ့ အိုလံပစ် ချံပီယံ အော်စကာ ပစ်စတိုရီးယာစ် ဟာ ဖေဖော်ဝါရီ
လ ၁၄ ရက်နေ့  မနက် အစော ပိုင်း မှာ သူ့ ရဲ့ ချစ် သူနာမည်
ကျော် မော်ဒယ်(လ) တစ်ဦး ဖြစ်တဲ့ ရီဗာ စတင်း ကမ့် ကို သေနတ် နဲ့  ပစ်
သတ် ခဲ့ပါတယ်။
ချစ်သူများနေ့ နံနက် အစောပိုင်း မနက် လေးနာရီမှာ ပရီတိုးရီးယား က
အော်စကာ ရဲ့  တန်ဖိုးကြီးလှ တဲ့ အိမ်ကြီး မှာ သေနတ် ပစ်မှု ဖြစ်ပွား ခဲ့ တာ
ဖြစ်ပါတယ်။
ရီဗာ စတင်း ကမ့် က အသက် ၃၀ အရွယ် ရှိ နေ ပြီ ဖြစ် ပြီး အော်စကာ ပရီတိုးရီယာစ်
ကတော့ အသက် ၂၆ နှစ် ပဲ ရှိပါသေးတယ်။
သူတို့  နှစ်ဦး ချစ်ကြိုက် ကြတာ နှစ် လ သက်တမ်းလောက် ပဲ ရှိ သေး ပြီး စတင်း ကမ့်
က မနေ့  က တော့ သူ့  ရဲ့  တွစ်တာ မှာ ချစ်သူများ နေ့ မှာ သူ ပြု လုပ် မယ့် အစီအစဉ်
တွေ အတွက် သူ့  ပရိသတ် တွေ ကို ဆု တောင်းမှု ပြု လုပ် ထား ပါတယ်။
အော်စကာ ပရီတိုးရီးယာစ် ကို ရဲ က လူသတ်မှု နဲ့  ဖမ်းဆီး ပြီး နောက် အာမခံနဲ့  ပြန်
လည် လွှတ်ပေး ခဲ့ ပါတယ်။
အော်စကာ က သူ့  အိမ် ထဲ ကို ဖောက်ထွင်း ၀င်ရောက် သူ တစ်ဦး လို့  ထင်တာ ကြောင့်
စတင်း ကမ့် ကို မှား ယွင်း ပြစ် သတ် မိတာ ပါ လို့  ပြောပါတယ်။
မော်ဒယ်(လ) ရီဗာ စတင်း ကမ့် ဟာ ဟာ အမျိုး သမီး အခွင့် အရေး ဆော်သြ လှုံဆော်သူ
တက်ကြွ သူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့ တဲ့ သီတင်း ပတ်က ကပဲ အုပ်စု လိုက် မုဒိမ်းကျင့် ပြီး
သတ်ဖြတ် ခံ ခဲ့ ရတဲ့ Anene Booysen အတွက် ပြည်သူ လူထု နိုးကြား မှု ဖြစ်အောင်
လှုံဆော် မှု ပြု ခဲ့ ပါသေးတယ်။
၁၁ နှစ် အရွယ် မှာ ပဲ ခြေထာာက် ရိုးက ကောင်းမွန်စွာ မထောက် နိုင်တာ ကြောင့်
ခြေထောက် နှစ်ဖက် ကို ဖြတ် လိုက်ရတယ်။
သူက မသန် ပေမယ့် စွမ်းသူ တစ်ယောက် ဖြစ် ပြီး ပညာရေး မှာ လည်း တက္ကသိုလ် ဘွဲ့  ကို
ထူးချွန်စွာ ရရှိခဲ့ သူ တစ်ဦး ပါ။
Advertisements