သတင်းထောက် ကိုပါကြီး ဦးခေါင်း တစ်ခုလုံး ကြေမွအောင် နှိပ်စက် ရိုက်နှက် ခံရ ပြီး မှ သေဆုံး
အလွတ်သတင်းထောက် ကိုပါကြီး ကို မြုပ်နှံ ထား သည့် နေရာ ကို သွား ရောက် တူး ဖော်ရာတွင်
ဦးခေါင်းရိုး ကျိုး ကျေ  နေပြီး ဦးခေါင်း တွင် လည်း  သေနတ် ဒဏ်ရာ ဖြင့် တွေ့ ရသည့် ကိုပါကြီး
၏ ရုပ် အလောင်း ကို တွေ့ ရသည် ဟု FNG မှ သတင်း ရရှိသည်။
ကိုပါကြီး ၏ ရုပ်အလောင်း ကို မြုပ်နှံ ထား သည် မှာ တစ်လ ရှိ ပြီ ဟု စစ်တပ် က သတင်း ထုတ်
ပြန်သော်လည်း တွေ့ ရှိ ရ သည့် ပုံ သဏ္ဍာန် မှာ မကြာခင် ရက် ပိုင်းက ပင် မြုပ်နှံ ခဲ့ ပုံ ရသည် ဟု
မျက်မြင် တွေ့ ရှိ သူ တစ်ဦး က ကိုပါကြီး အလောင်း မြုပ် တဲ့ နေရာ ရောက် ပြီ ဆိုတော့ တူး
ကြည့် တာ သိပ်မဖော်ရ ဘူး တစ်ပေ လောက် မရှိ တဲ့ အနက် မှာ ပဲ ကိုပါကြီး အလောင်း ကို တွေ့ 
တယ် ၊ လို့  ပြောပါတယ်။
စစ်တပ် က ကောင်းမွန် စွာ သဂြိလ် ပြီးစီးခဲ့ သည့် ကိုပါကြီး ၏ ရုပ်အလောင်း တွင် ဦးခေါင်း မှာ အထဲ
သို့  ချိုင့် ခွက် ၀င် နေပြီး မေးရိုးများလည်း ကျိုး နေသည် ဟု အလောင်းတူးဖော်မှု တွင် ကျန် ရစ်သူ
မိသားစု နှင့် အတူ စေတနာ့ ၀န်ထမ်း ပါဝင်ခဲ့ သည့် တက်ကြွ လှုပ်ရှား သူ ဗိုလ်ကြီး ဟောင်း
နေမျိုးဇင် က FNG ကို ပြောသည်။
အလွတ်သတင်းထောက် ကိုပါကြီး  ၏ အလောင်း ကို တူးဖော်ရန် အတွက် ဘားအံ မှ မှု ခင်းဆရာ
ဝန်ကြီး ၊ မော်လမြိုင် စစ်ဆေးရုံ မှာ တာဝန်ရှိသူ များ နှင့် အရှေ့ တောင်တိုင်း စစ်ဌာန ချုပ် မှာ စစ်
မော်တော် ယာဉ် ဆယ် စီး လိုက်ပါ ပြီး အကူ အညီ ပေး သည် ဟု သိရသည်။
ကိုပါကြီး ၏ ကျန်ရစ် သူ မိသားစု ကို ဒေါ်နော်အုံးလှ ၊ ၈၈ မျိုးဆက် မှ မမီးမီး ၊ ဦးရောဘတ် စန်း
အောင် ၊  နာရေးကူညီမှု အသင်း ၊ မွန် ပြည်သစ် ပါတီ မှ တာဝန် ရှိသူ များ ၊ ကျိုက်မရော နှင့်
မော်လမြိုင် ဒေသခံ များ က အကူအညီပေး ကြသည်။
တူးဖော် ရရှိသည့် ကိုပါကြီး ၏ အလောင်း ကို တွေ ခြေထောက် မှာ လည်း ကျိုးသည့် ပုံသဏ္ဍာန်
လည် ထွက် နေသည် ကို တွေ့ ရသည် ဟု  တွေ့ ရှိသူများ က ပြောပြသည်။
အလွတ်သတင်းထောက် ကိုပါကြီး  ပျောက် ဆုံး ပြီး နောက် တစ်လ ကျော်ကြာမှ ထွက် ပြေး ၍ ပစ်
ခတ် လိုက်သည် ဆို သည့် စစ်တပ် ၏  သတင်း ထုတ် ပြန် ချ က် မှာ   ကိုပါကြီး ၏
အလောင်း တွင် ယခု တွေ့ ရသည့် ဒဏ်ရာ ဒဏ် ချက် များ  ကြောင့်  သံသယ ဖြစ်စရာ လုံးဝ ကွဲ ပြား
မှု ရှိ နေကြောင်း လိုက်ပါ
သွား သူ အားလုံး က တစ်ညီ တစ်ညွတ် တည်း ပြောသည်။
ဓာတ်ပုံ – The Myanmar Age
Advertisements