ဂျာမန် မြို့  မှာ အစ္စလာမ် ဆန့် ကျင် ရေး လူ ထောင်နဲ့  ချီ ပြီး ဆန္ဒပြ
တွေ မှာ နာရီ အတန်ကြာအောင် ချီတက် ဆန္ဒ ပြ ခဲ့ တယ် လို့  ဂျာမန် ရုပ်သံ DW
က ထုတ် လွှင့် သွားပါတယ်။
ဂျာမဏီ က လာတဲ့ သတင်း တွေ မှာ တော့ လူ တစ်သောင်းခွဲ လောက် ချီ တက်ဆန္ဒ ပြခဲ့
တယ် လို့  ပြောပါတယ်။ ဒီဆန္ဒ ပြ ပွဲ ကို PEGIDA ဆို တဲ့ အုပ်စု က စီစဉ် တာ ဖြစ်ပါတယ်။
PEGIDA က ပြီး ခဲ့ တဲ့ သီတင်း ပတ် အတွင်း မှာ လူ ခြောက်ထောင် လောက်ပါတယ်ဆိုတဲ့
နာဇီ လက်သစ် လှုပ်ရှား မှု တစ်ခု ပြု လုပ် အပြီး မှာ အစ္စလာမ် ဆန့် ကျင် ရေး ချီ တက် ပွဲ ကို
ကျင်းပ ခဲ့ တာ ဖြစ်ပါတယ်။
ဆန္ဒ ပြ ဖို့  ဆော်သြတဲ့ လက်ဝဲစွန်းရောက်  ခေါင်းဆောင် တွေ က ဂျာမဏီ အစိုးရ အဓိပတိ
အန်ဂျာလာ မာကယ် ဟာ လူဝင်မှု ကြီး ကြပ် ရေး ဥပဒေ ရဲ့ ဟာ ကွက် တွေ ကြောင့် ဂျာမဏီ
တစ် နိုင်ငံ လုံး ကို အစ္စလာမ် တွေ ၀ါး မြို  တော့ မယ် လို့  ထောက်ပြ ပါတယ်။
ဆန္ဒ ပြ ပွဲ ကို ရဲ ၁၂၀၀ ကျော် က လုံခြုံ ရေး ယူပေး ပြီး တက်ကြွ လှုပ်ရှားသူ ၊ လူ့ အခွင့် အရေး
ဆော် သြ သူ တွေ နဲ့  ခရစ္စယန် အချို့ က တန်ပြန် ဆန္ဒ ပြ ပွဲ ပြု လုပ် ပြီး ဒရက်စဒန် မှာ နာဇီ
တွေ အတွက် နေရာ မရှိ ၊ ဒရက် စဒန် က အားလုံး အတွက် ဖြစ် တယ် လို့  ကြွေး ကျော် ခဲ့ ကြ
ပါတယ်။
ဂျာမဏီ နဲ့  ဥရောပ တိုက် ရဲ့  အထင် ကရ ဖြစ် တဲ့ ယဉ် ကျေး မှု နဲ့  ပညာရေး ဆုံ ချက် မြို့ တော်
ဖြစ် တဲ့ ဒရက်စဒန် မှာ ခုလို  အစ္စလာမ် ဆန့် ကျင် ရေး ဆန္ဒ ပြ ပွဲ ကို ဂျာမဏီ အစိုးရ က ကန့် 
ကွက် ရှုံ့  ချ ခဲ့ ပါတယ်။
ဒရက် စဒန် ဟာ ၁၀ ရာစု နှောင်းပိုင်း ကတည်း က တည်ထောင် ခဲ့ တဲ့ ရှေး ဟောင်း မြို့ ဖြစ်ပါတယ်။
Advertisements