တာလီဘန် တွေ စာသင်ကျောင်းထဲ ၀င်ပစ် လို့  လူ ၁၀၀ ကျော် သေ

ပါကစ္စတန် နိုင်ငံ ပက်ရှဝါ မြို့ က တပ်တွင်း အခြေခံ ပညာ ကျောင်း ကို တာလီဘန်
လက်နက် ကိုင် တွေ က ၀င်ရောက် စီးနင်း ပြီး ပစ်ခတ် လို့  ၉၀ ကျော်  သေဆုံး သွား
ပါတယ်။ သေဆုံး သူ တွေ အနက် က ၈၄ ဦး ဟာ ကလေး တွေ ဖြစ်ပါတယ်။

ဒဏ်ရာ ရရှိ သူ ၆၃ ဦး ရှိတယ် လို့  ပါကစ္စတန် ကျန်းမာရေး ဌာန က သတင်း ထုတ် ပြန်ပါတယ်။

ပါကစ္စတန် တာလီဘန် အဖွဲ့ က လုံခြုံရေး တပ် ဖွဲ့  ၀င် တွေ ၀တ် ဆင် တဲ့
ဝတ်စုံ တွေ ၀တ်လာ ပြီး ကျောင်းထဲ ကို ၀င်ရောက် နိုင်ခဲ့ တာ ဖြစ်ပါတယ်။

တာလီဘန် တွေ က ကျောင်းထဲ ရောက် တာ နဲ့  AK 47 သေနတ် တွေ နဲ့  စတင်
ပစ်ခတ် တာဖြစ်ပါတယ်။

စစ်တပ် က ကျောင်း သား ၅၀၀ ကျော် ကို ဘေးလွတ်ရာ ပို့ ဆောင် နိုင်ခဲ့ ပါတယ်။

ပါကစ္စတန် ၀န်ကြီး ချုပ် နာဝတ် ရှရဖ် က နိုင်ငံ ရဲ့ သားကောင်းရတနာ တွေ ဆုံး
ရှုံး ခဲ့ လို့  သူ ကြေကွဲ တယ် လို့  ပြောပါတယ်။

သေနတ် ပစ်ခတ် လို့  သေဆုံး ဒဏ်ရာ ရသူ တွေ ရဲ့ အော် သံ တွေ ဟာ ကျောင်းပြင်
ပထိ တောင်ဆူညံ နေတယ် လို့  ဒေသခံ တွေ က ပြောပါတယ်။

Advertisements