ရုဘယ် တန်ဖိုး ကျ ပြီး ရုရှား စီးပွားရေး လှုပ်ယမ်းနေ

Apple ကုမ္ပဏီ အပါအ၀င် ထင်ရှား တဲ့ လုပ်ငန်း ရှင် တွေ ၊ ကော်ပိုရေး ရှင်း
တွေ က ရုရှား နဲ့  စီးပွားရေး ဆက်ဆံ မှု ကို ရပ်တန့်  ထား လိုက် ကြ ပါတယ်။
Apple က ဆိုရင် သူတို့  ရဲ့ အွန်လိုင်း ရုရှား စတိုး ကို ပိတ် လိုက် ပြီး အမေရိကန်
လျှပ် စစ် နဲ့  အီလက် ထရောနစ် ကုမ္ပဏီ အချို့ ကတော့ ရုရှား စီးပွား ရေး သမား
တွေ နဲ့  ကြွေး သစ် ချ တာ မျိုး မလုပ် တော့ ဘူး လို့  ပြောပါတယ်။

ရုရှား ဗဟိုဘဏ် က အတိုးနှုန်း မြှင့် လိုက် ပေမယ့် ငွေတန်ဖိုး တက်မလာ ဘဲ ပို
ပြီး တော့ ကျ သွားတာ ကြောင့် ရုရှား စီးပွားရေး ဟာ စိုးရိမ် စရာ အခြေအနေ ကို
ရောက် နေတယ်  လို့  စီးပွားရေး ပညာရှင် တွေ က ပြောပါတယ်။

ရေနံ စိမ်း တစ်စည် ဈေးနှုန်း ဟာ ၅၉ ဒေါ်လာ ထိ ထိုးကျ သွား ပြီး  ငါးနှစ် အတွင်း
အနိမ့်ဆုံး ဈေးနှုန်း ဖြစ်တာ ကြောင့် ဥရောပ ကို ရေနံ လည်း မရောင်း ရ ၊ ၀ယ်လက်
နိုင်ငံ တွေ ကို လည်း ကျ ဈေး နဲ့  ရောင်းနေရ တဲ့ အတွက် ရုရှား
စီးပွား ရေး ဟာ ယိုင်နဲ့  သွား တာ ဖြစ်ပါတယ်။

ယူကရိန်း အရေး မှာ နိုင်ငံ တကာ ဥပဒေ တွေ ကို ချိုး ဖောက် ပြီး ရန်လို စိတ် နဲ့ 
ပါဝင် ခဲ့ တဲ့ သမ္မတ ပူတင် ရဲ့ အစိုးရ အတွင်း မှာ လည်း အကွဲ အပြဲ တွေ ရှိ
နေ တယ်လို့  ရုရှား က လာ တဲ့ သတင်း တွေ မှာ ဖော်ပြထားပါတယ်။

ဇန်န၀ါရီ လမှာ ရုရှား ရုဘယ် ငွေ ဟာ ဆက် ကျ ဖို့  ရှိ နေ တယ်လို့  စီးပွားရေး
သတင်း တွေ မှာ ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က အခု သီတင်းပတ် နှောင်းပိုင်း မှာ ရုရှား ကို
ပိတ်ဆို့  အရေးယူ တဲ့ အမိန့်  ဒီကရီ တစ်ရပ် ကို ထုတ် ပြန်မှာ ဖြစ်ပါတယ်။
bwnjjXC

Advertisements