ဆိုနီ က The Interview ကို ရုံမတင် တော့ ဘူး လို့  ဆုံးဖြတ် လိုက် တာ မှားတယ် လို့  အိုဘားမား ပြော
ဆိုနီ ရုပ်ရှင် ထုတ် လုပ် ရေး လုပ်ငန်း ရဲ့  အင်တာနက် ၀ဘ်ဆိုတ် ကို ဆိုင်ဘာ တိုက်ခိုက်မှု
က သောကြာ နေ့  မှာ တရား ၀င် ထုတ် ပြန် လိုက် ပါတယ်။ ဒီတိုက် ခိုက် မှု မှာ တရုတ် ရဲ့
လက်ချက် လည်း တွေ့ ရ တယ် လို့  FBI က ပြောပါတယ်။
မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်း  ကို The Interview ဆိုတဲ့ ရုပ်ရှင် ကား မှာ
သရော်လှောင် ပြောင် ထား ပြီး ဇာတ်ဝင် ခန်း အချို့ မှာ တော့ စကားပြော အစီအစဉ် တင်
ဆက် သူ သတင်း သမား နှစ် ယောက် ဟာ CIA အကူအညီ နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်
ကိုလုပ်ကြံ ဖို့  စီစဉ်ထား တာကြောင့် ဆိုနီ ရုပ်ရှင် ထုတ် လုပ် ရေး ကုမ္ပဏီ ကို တိုက်ခိုက်တာ
ဖြစ်ပါတယ်။
ဒီရုပ်ရှင် ကား ကို တိုက် ခိုက် ရင် အကြမ်းဖက် မှု တွေ ဆက်ပြီး ပြု လုပ် မယ် လို့  ခြိမ်းခြောက်
ထား တာ ကြောင့် ရုပ်ရှင် ကား ပြသဖို့  ကို လည်း  ရုပ်ရှင် ရုံ တွေ က ငြင်း ပယ် လိုက်တာ
ကြောင့် ဆိုနီ ကုမ္ပဏီ က ရုံ တင် ရက် ကို ဆိုင်းငံ့ ထားလိုက်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား က ဒီနေ့  ပြု လုပ် တဲ့ နှစ် ချုပ် သတင်းစာ ရှင်းလင်း ပွဲ မှာ
ဆိုနီ ရုပ်ရှင် ကုမ္ပဏီ က The Interview ရုပ်ရှင် ကား ကို မပြသ တော့ ဘူး လို့  ဆုံးဖြတ် လိုက်
တာ မှား ကြောင်း ပြောကြား သွား ပါတယ်။ ” သူတို့  ဒီလို မဆုံး ဖြတ် ခင် ကျွန် တော့် ကို တိုင်
ပင် သင့်တာ ပေါ့” လို့  လည်း သူ က ပြော ပါတယ်။
ဆိုနီ ရုပ်ရှင် ထုတ် လုပ် ရေး ဟာ ဒီရုပ်ရှင် ဇာတ်ကား ကို ဒေါ်လာ၄၄ သန်း အကုန် အကျ ခံ ပြီး
ထုတ် လုပ် ထား တာ ဖြစ် ပါတယ်။
မြောက် ကို ရီးယား ကို အင်တာ နက် ထောက်ပံ့ မှု ပြု လုပ် ထား တာ တရုတ်နိုင်ငံ က  ဖြစ် ပြီး
မြောက်ကိုရီးယား ရဲ့ ဆိုင်ဘာ ဆိုင် ဘာ တိုက် ခိုက် မှု တွေ ဟာ တရုတ် DNS တွေ ကို ကျော်
ဖြတ် ပြီး လာတာ လို့  FBI က ပြောပါတယ်။
Advertisements