လက်ပန်တောင်း မှာ မြန်မာ ရဲ က ပစ်လို့  တစ်ဦးသေ ပြီး ၊ တရုတ် ရဲ က ပစ်လို့  လူ ၅၀ ကျော်ပြင်းထန် စွာ ဒဏ်ရာရ
က မြန်မာ ရဲ တပ် ဖွဲ့ က ပစ်ခတ် လို့  အသက် ၅၆ နှစ် အရွယ် အမျိုး သမီး တစ်ဦး
သေဆုံး ပြီး ၊ ကြေးနီ ကုမ္ပဏီ ဖြစ်တဲ့ ၀မ်ပေါင် က နေ ခေါ် လာ တဲ့ အရပ်ဝတ် တရုတ်
ရဲ အရာရှိ ဟောင်း တွေ က ပစ်ခတ် လို့  သုံးဦး စိုးရိမ် စရာ ရှိ နေ ပြီ အများ အပြား
ဒဏ်ရာ ရရှိ ပါတယ်။
လျှော်ကြေး မယူထား တဲ့ မြေတွေ ကို တရုတ် ၀မ်ပေါင် ကုမ္ပဏီ က အင်အားသုံး ပြီး
ခြံစည်းရိုး ခတ်တာကြောင့် ဒီနေ့ မနက် အစောပိုင်း က တည်း က ဒေသခံ တွေ နဲ့ 
ရဲ  တွေ တင်းမား မှု ဖြစ်ခဲ့ ပါတယ်။
စစ်ကိုင်း တိုင်း ရဲ တပ် ဖွဲ့  က ရဲတပ် ဖွဲ့  နဲ့  လုံထိန်း ၅၀၀ ကျော် လောက်ပို့ လွှတ် ပြီး
လျှော် ကြေး မယူ ထား တဲ့ လိပ်ခွံ ရွာ ဒေခသခံ တွေ မြေတွေ ကို ခြံ စည်းရိုး ခတ်
သိမ်းပိုက် ဖို့  အတွက် ဘူဒိုဇာ ၊ မြေထိုး မြေကော် စက် တွေ နဲ့  ရှင်း လင်း ရာ က
နေ လယ်သမား တွေ ရဲ့ ဆန္ဒ ပြ ခုခံ ကာကွယ် မှု ပေါ် ပေါက် ခဲ့ တာ ဖြစ်ပါတယ်။
နံနက် အစောပိုင်း မှာ တော့ ပဒပ်ကုန်း ရွာ မှာ စတင် ပစ်ခတ် မှု တွေ ပေါ်ပေါက်ခဲ့ ပြီး
ဆက်ပြီးတော့ လိပ်ခွံ ရွာ နဲ့  လိပ်ခွံ တောင်ခြေ မှာ ဆက်ပစ်ခတ် ခဲ့ တာ ဖြစ်ပါတယ်။
Security ဆိုတဲ့ စာသား ပါတဲ့ ကျဉ်ကာ ဒိုင်း ကို ကိုင်ထား တဲ့ တရုတ် ရဲ တွေ က ပထမ
တော့ ရဲဒင်း တွေ ၊ ပုဆိန် တွေ လောက် နဲ့  သာ ခြောက်လှန့်   ပေမယ် သမ္မတ ဦးသိန်းစိန် ပစ်
မိန့် ပေးထား တဲ့ မြန်မာ ရဲ  တွေ က ပစ်ခတ် တာ နဲ့  တရုတ် ရဲ တွေ က လည်း သေနတ်
တွေ ထုတ် ပြီး စတင် ပစ်ခတ် တာ ဖြစ်တယ်လို့  ဒီဒေသ ကို ရောက်နေ တဲ့ ရွာသား တွေ
ကို အကူ အညီ ပေးနေတဲ့ တက်ကြွ လှုပ်ရှား သူ တစ်ဦး က FNG ကို ပြောပါတယ်။
ဆည်တည်း ရွာ နဲ့  တုံ ရွာ ကြား က ၀မ်ပေါင် ကုမ္ပဏီ ရုံးခန်း ရှေ့  မှာ ဆိုရင် လက်နက်
ကိုင် တရုတ် ရဲ ၃၀၀ လောက် ရှိတယ် လို့  လဲ သိရ ပါတယ်။ တရုတ် ရဲ  အရာရှိ တစ်
ယောက် ရဲ့  အမိန့် ပေး ချ က် ကို မြန်မာ ဆားလင်းကြီး ရဲ အရာရှိ ကိုယ်တိုင် နာခံရ
တယ်လို့ လဲ သိရ ပါတယ်။
၂၀၁၂ ခုနှစ် နိုဝင် ဘာ လက  ဒီဒေသ မှာ ပဲ ကြေးနီစီမံကိန်း ဆန္ဒ ပြ သပိတ် စခန်း ကို
ရဲတပ် ဖွဲ့  က နပန်း မီးလောင်ဗုံး တွေ နဲ့  တိုက်ခိုက်ခဲ့ ပါတယ်။
ဓာတ်ပုံများ ကို ကိုဟန်ဝင်းအောင် ၊ ကိုမင်းနေထူး ၊ ကိုစိုးမိုး တို့ ဆီမှ ရယူပါတယ်.
Advertisements
One response to “လက်ပန်တောင်း မှာ မြန်မာ ရဲ က ပစ်လို့  တစ်ဦးသေ ပြီး ၊ တရုတ် ရဲ က ပစ်လို့  လူ ၅၀ ကျော်ပြင်းထန် စွာ ဒဏ်ရာရ
  1. Pingback: လက်ပန်တောင်း မှာ မြန်မာ ရဲ က ပစ်လို့  တစ်ဦးသေ ပြီး ၊ တရုတ် ရဲ က ပစ်လို့  လူ ၅၀ ကျော်ပြင်းထန် စွ·
Comments are closed.