စိန့်  လူဝစ် ရဲ က လူမည်း လူငယ် လေး ကို ပစ်သတ်
အရွယ် လူမည်း လူငယ် ကို ရဲ က သေနတ် နဲ့  ပစ်သတ် လို့  သေဆုံး သွား တယ်
လို့  FNG က သတင်း ရရှိပါတယ်။
ဘာကလေ အရပ် ဟာ မိုက်ကယ် ဘရောင်း ပစ်သတ် ခံရ တဲ့ ဖာဂူဆန် နဲ့  နှစ်
မိုင် လောက် ပဲ ဝေး ပါတယ်။ အန်တိုနီယို မာတင် ဟာ ခရစ္စမတ် အကြို နေ့  ဖြစ်
တဲ့ ဒီဇင်ဘာလ ၂၄ ရက် နေ့  နံနက် ၁ နာရီ မှာ ပစ်သတ် ခံရတာ ဖြစ်ပါတယ်။
Mobil ဆိုတဲ့ ဓာတ်ဆီဆိုင် နဲ့  တွဲ လျှက် ဖွင့် ထား တဲ့ စတိုးဆိုင် အနီး မှာ ရဲက
လုယက် မှု အတွက် သံသယ ရှိ သူ လို့  အန်တိုနီယို သူ့  သူငယ်ချင်း ဂျီးဆပ် တို့ ကို
ရှာဖွေ မယ် လို့  ပြောရာ မှာ အန်တိုနီယို က ရှာဖွေ ခံ ဖို့  ငြင်းပယ် လိုက် ပါတယ်။
နောက် တစ်ခါ မှာ ရဲ က သူ တို့  ကို မြေပြင် မှာ မှောက် ဖို့  ပြောရာ မှာ  ဂျီဆပ် က မြေပြင်
မှာ မှောက် လိုက် ပေမယ် အန်တိုနီယို က သူ တရားခံ မဟုတ် လို့  မလုပ် နိုင် ဘူး
လို့  ပြော ရာ မှာ ရဲ က  သေနတ် ထုတ် ပြီး အချက် များစွာ  ပစ်လိုက် တာ ဖြစ်ပါတယ်။
ချင်း သူ့  အရှေ့  မှာ ပဲ ပစ်သတ် ခံ လိုက် ရတာ ဟာ မယုံကြည် နိုင်ဖွယ် ရာ ပဲ လို့ 
သူ့  ရဲ့  တွစ်တာ မှာ ရေးသား ထား ပါတယ်။
ရဲက ဓာတ် ဆီ ဆိုင် နေရာ ကို ပိတ် ဆို့  ထား ပြီး အချိန် အတော် ကြာ တဲ့ အထိ အန်တို
နီယို ရဲ့ အလောင်း က မြေ ပြင် မှာ လဲ လျှောင်း နေ ပြီး သူနာ ပြု ကား လည်း မလာ သေး
ဘူးလို့  သိရ ပါတယ်။
အိမ်နီးနား ချင်း တွေ ပြောကြား ချက် အရ အန်တို နီယို ဟာ လူကောင်း လူမွန် တစ်ဦး
ဖြစ် တယ်လို့  ဆိုပါတယ်။
Antonio Martin, Berkeley, St Louis, Ferguson,
Advertisements