နှစ်နှစ် သား ကလေး ငယ် က ပိုက်ဆံအိတ်ထဲ သေနတ် ကို တွေ့ ပြီး မိခင်ကို မတော်တဆ ပစ်သတ်မှု ဖြစ်

အိုင်ဒါ ဟို ပြည်နယ် က ဝေါလ်မတ် ကုန်ပေဒသာ ဆိုင်ကြီး မှာ အသက် နှစ် နှစ် သား
အရွယ် ကလေး ငယ် က မိခင် နဲ့  အတူ ဈေး ၀ယ် ထွက်နေတုန်း သူ့  အမေရဲ့  ပိုက်ဆံ
အိတ်ထဲ က သေနတ် ကို တွေ့  ပြီး ကိုင်ကြည့် တဲ့ အခါ မတော် တဆ ပစ်မိသွား ပြီး
မိခင် ဖြစ်သူ သေဆုံး သွားတယ် လို့  FNG က သတင်း ရရှိ ပါတယ်။

မတော် တစ်ဆ သေဆုံး ခဲ့ တဲ့ သူ က အသက် ၂၉ နှစ် အရွယ် Veronica J. Rutledge
ဆိုတဲ့သူ ဖြစ်ကြောင်း ဝေါလ်မတ် စတိုးဆိုင် တည်ရှိရာ ဟေဒင် မြို့ ရဲတပ် ဖွဲ့ က
တပ်ကြပ် ကြီး ဂျော်နသန် အီး မီလာ က FNG ကို ပြောပါတယ်။

မိခင် က သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ရှိသူ ဖြစ် ပြီး စတိုးဆိုင် ရဲ့  အီလက်ထရောနစ်
အရောင်းဌာ န မှာ ကြည့် ရှု နေတုန်း နှစ် နှစ် သား အရွယ် သား က အိတ်ထဲ က
သေနတ် ကို တွေ့  ပြီး ပြစ်လိုက်တာ လို့  ပြောပါတယ်။

ခလေး က ဈေးဝယ် တွန်းလှည်း ထဲ မှာ ထိုင်နေတုန်း ဘေးမှ ချထား တဲ့ပိုက်ဆံအိတ် ထဲ
က သေနတ် ကို ယူ ပြီး ပစ်လိုက်တာ လို့  ဝေါလ်မတ် တာဝန်ကျ ၀န်ထမ်းတစ်ဦးက
FNG ကို ပြောပါတယ်။

Idaho, Walmart, 2 Years old,

Advertisements